ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်းကို တွန်းအားပေးနေသည်ဆိုသည့် အစီရင်ခံစာများကို အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ
Pika (NSS) - နိုဝင်ဘာ ၂၈
ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန်အတွက် ယူကရိန်းကို တွန်းအားပေးရန် အမေရိကန် နှင့် ဂျာမနီနိုင်ငံတို့သည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်း ပေးပို့မှုများကို ဆိုင်းငံ့ထားသည်ဆိုသည့် အစီရင်ခံစာများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ငြင်းဆိုခဲ့ကြောင်း သိရသည်
အဆိုပါအစီရင်ခံစာများကို ပြီးခဲ့သည့်သီတင်းပတ်တွင် Bild သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်းနိုင်ငံကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများဆီသို့ တွန်းပို့မည့်မူဝါဒများ အမေရိကန်နိုင်ငံတွင် မရှိကြောင်း ဥရောပ နှင့် Eurasian ရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး James O'Brien က နိုဝင်ဘာလ (၂၇) ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
၎င်း က "ဒါက ယူကရိန်းဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုလို့ ကျွန်တော်တို့ အမြဲတမ်းပြောခဲ့ပါတယ်" ဟု ပြောခဲ့သည်။ ယူကရိန်းသည် ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်ရယူနိုင်မည်မဟုတ်ဟုဆိုသည့်အချက်ကို ယူကရိန်း သမ္မတဇီလန်စကီး နားလည်စေရန်အတွက် အမေရိကန် နှင့် ဂျာမနီနိုင်ငံတို့သည် စစ်လက်နက်ပစ္စည်းများကို ခွဲတမ်းဖြင့် ပေးပို့နေကြောင်း အမည်မသိသတင်းရင်းမြစ်များကို ကိုးကားပြီး Bild သတင်းစာက နိုဝင်ဘာလ (၂၄) ရက်တွင် ဖော်ပြခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်လများအတွင်း အမေရိကန်နိုင်ငံသည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းပက်ကေ့ချ် အနည်းငယ် သာ ပေးပို့နိုင်ခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုများ ကျဆင်းနေသည့် ကြားက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ယူကရိန်းအတွက် နောက်ထပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၆ဝ) ဘီလျံကျော်ကို အတည်ပြုပေးရန် လွှတ်တော်ကို ဖိအားပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် အမေရိကန်နိုင်ငံသား(၄၅)ရာခိုင်နှုန်းက ၎င်းတို့၏ နိုင်ငံသည် ယူကရိန်းသို့ ငွေကြေးထောက်ပံ့မှုများကို အဆမတန်လုပ်ဆောင်နေသည်ဟု ယုံကြည်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် AP-NORC စစ်တမ်းအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်မဲတိုးဂိတ်၌ မီးလောင်သေဆုံးနေသည့် အလောင်း(၄)လောင်းတွေ့ရှိ
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ