တောင်ကြီးမြို့၌ ခရီးသည်တင်ကားမှ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
စော (NSS) - နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ခရီးသည်တင်ကားမှ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)၊ မွန်းလွဲ (၁၂)ဝန်းကျင်အချိန်တွင် တောင်ကြီးမြို့၊ အောင်သပြေရပ်ကွက်၊ စွယ်တော်လမ်းခွဲ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မဟာဝီရရက္ခိတလူမှုရေးအသင်းကြီးထံမှ သိရသည်။
အဆိုပါခရီးသည်တင်ကားသည် တောင်ကြီးမြို့မှ မော်လမြိုင်မြို့သို့ ဆင်းလာစဉ် ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီနားမှာ အဆင်းလမ်း၊ အတက်လမ်းရှိတယ်။ ဆိုင်ကယ်ပေါ်က လင်မယားကလည်း အဆင်းပဲ။ ကားကလည်းအဆင်းပဲ။ သူတို့ကအရှေ့က ကားကနောက်ကနေ အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်သဘောဖြစ်သွားတာပါ”ဟု မဟာဝီရရက္ခိတလူမှုရေးအသင်းကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးအနက် အသက် (၂၄)နှစ်အရွယ်ဝန်းကျင်ရှိ မနွေရီပိုသည် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်းကို တွန်းအားပေးနေသည်ဆိုသည့် အစီရင်ခံစာများကို အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ
RELATED POSTS
29 Sep 2024 | မှုခင်း,နိုင်ငံတကာ