ငပလီကမ်းခြေရှိ Aureum Palace Hotel တွင် မီးလောင်မှုဖြစ်ပွား
Pearl (NSS) - နိုဝင်ဘာ ၂၈
ငပလီကမ်းခြေရှိ Aureum Palace Hotel တွင် အဲကွန်းကွန်ပရက်စာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)၊ ညနေ (၆)နာရီ အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ ငပလီ ကမ်းခြေရှိ Aureum Palace Hotel တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဟိုတယ်ရှိ စတိုခန်းအတွင်း၌ အဲကွန်းများပြုပြင်ရာမှ ကွန်ပရက်စာအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
"ဟိုတယ် စတိုခန်းမှာ အဲကွန်းတွေပြုပြင်ပြီး ကွန်ပရက်စာ အပူလွန်ကဲရာကနေ မီးလောင်ကျွမ်းတာလို့ သိရတယ်"ဟု ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း စတိုခန်း နှင့် အိပ်ခန်းအချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဟိုတယ်၏ လျှပ်စစ်တာဝန်ခံအား ဥပဒေအရ အရေးယူထားကြောင်းသိရသည်။
Aureum Palace Hotel သည် ထူးလုပ်ငန်းစုပိုင်ဆိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကြီးမြို့၌ ခရီးသည်တင်ကားမှ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ရာ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
29 Sep 2024 | မှုခင်း,နိုင်ငံတကာ