မိုးကုတ်မြို့နယ်ရှိ Denko ဆီဆိုင်ကို PDF အဖွဲ့က လာရောက် မိုင်းထောင်ဖောက်ခွဲဟု ရဲတပ်ဖွဲ့ထုတ်ပြန်
Pearl (NSS) - နိုဝင်ဘာ ၂၈
မိုးကုတ်မြို့နယ်ရှိ Denko ဆီဆိုင်ကို မျက်နှာဖုံးများဝတ်ဆင်ထားသည့် PDF အဖွဲ့က လာရောက် မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၅) ရက်၊ နံနက် (၆) နာရီခန့်တွင် မန္တလေးတိုင်း ၊ မိုးကုတ်မြို့နယ်၊ ခြင်္သေ့ရေကျေးရွာရှိ Denko ဆီဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဆီဆိုင်သို့ မျက်နှာဖုံးများဝတ်ဆင်ထားသည့် PDF အဖွဲ့ အင်အား(၁၀)ဦးရောက်ရှိလာပြီး ဆီဆိုင်ရှိ ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်၍ ဆိုင်အပြင်ဘက်သို့ ထွက်ခိုင်းကာ ဆီဆိုင်အား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
ထိုသို့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ပြီး မိနစ်(၃ဝ)အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဆီဆိုင်ရှိ Prime Pump တစ်လုံး၊ Napsal Pump နှစ်လုံးနှင့် ဆီဆိုင်နှင့်တွဲလျက်ရှိ Mini Mark ဈေးဆိုင်မှ ပစ္စည်းများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ဆီဆိုင်ရှိ ဆီပန့်တစ်ခု နှင့် ဆီလှောင်ကန်သုံးခုတို့တွင် ထောင်ထားသည့် လက်လုပ်မိုင်းလေးလုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၁ လုံးတို့အား ထပ်မံတွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်တွင်လည်း လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းပေါ်ရှိ DENKO ဆီဆိုင်တွင် အကြမ်းဖက်သမားတစ်ဦးက ဆိုင်ကယ်အားထား၍ထွက်ပြေးသွားစဉ် အဆိုပါ ဆိုင်ကယ်မှ မိုင်း(၁)လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ယာဉ်(၂)စီးနှင့် ဆီဆိုင်တို့ မီးလောင်ကျွမ်းခဲ့သည့်အပြင် (၂)ဦးသေဆုံးကာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန်အတွက် ဒုလက်ထောက်ဦးစီးမှူးရာထူးများ ခေါ်ယူ
RELATED POSTS
29 Sep 2024 | မှုခင်း,နိုင်ငံတကာ