Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေကြောင်းလုံခြုံရေးပူးတွဲလေ့ကျင့်ရန် တရုတ်နိုင်ငံ၏ ဖရီးဂိတ်စစ်ရေယာဉ်အပါအဝင် စစ်သင်္ဘော(၃) စင်း ရန်ကုန်မြို့သို့ရောက်ရှိလာ

Pearl (NSS) - နိုဝင်ဘာ ၂၈

မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးပူးတွဲလေ့ကျင့်ရန် တရုတ်နိုင်ငံ၏ ဖရီးဂိတ်စစ်ရေယာဉ်အပါအဝင် စစ်သင်္ဘော (၃)စင်း ရန်ကုန်မြို့သို့ရောက်ရှိလာကြောင်း နစက က သတင်းထုတ်ပြန်ထားသည်။ 


ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့  ရောက်ရှိလာခဲ့ကြောင်း သိရသည်။

"တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ စစ်သင်္ဘောသုံးစင်းဟာ ဒီနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်ကိုရောက်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာချစ်ကြည်ရေးခရီးလည်ပတ်မှု၊ လေ့လာမှု နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက အသိပေးပြောကြားထားသည်။ 

အဆိုပါ စစ်ရေယာဉ်များသည် မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန် နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ရေယာဉ်များတွင် အရာရှိ၊ စစ်သည် စုစုပေါင်း ၇၀၀ ခန့်လိုက်ပါလာခဲ့ပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း နှင့် နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၅)ရက်တွင်လည်း တရုတ်နိုင်ငံ၊ တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို မြန်မာ-တရုတ်နယ်စပ်ဒေသတွင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး နှင့် နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့သည်။

အလားတူ ရုရှားစစ်သင်္ဘော(၃)စင်းသည်လည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ-ရုရှားရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းဆောင်ရွက်ရန်အတွက်  မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အက်ဒမန်ပင်လယ်အတွင်း၌ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်အထိ  ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် မြန်မာတပ်မတော်သည် အရှေ့တောင်အာရှရှိ တပ်မတော်များထဲ၌ ဖရီးဂိတ်စစ်ရေယာဉ်များကို ကိုယ်ပိုင်သင်္ဘောကျင်းဖြင့် ထုတ်လုပ်နိုင်နေပြီဖြစ်ကာ ဖရီးဂိတ်စစ်ရေယာဉ် သုံးစင်းကို ပိုင်ဆိုင်ထားကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

MFF Rhino Futsal Championship 2023 ပြိုင်ပွဲ ဗိုလ်လုပွဲအား VUC FC နှင့် Generations FC တို့ယှဥ်ပြိုင်ကစားမည်

RELATED POSTS
RECENT POSTS
လေကြောင်းဒဏ်နဲ့ MNDAA ရဲ့ ညည်းတွားသံ၊ ရန်ကုန်မှာ PDF ၁၂ ဦး ဖမ်းမိ၊ မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်းနေ၊ ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ၊ အာရှလမ်း ပြန်ဖွင့်ဖို့ ဆွေးနွေးနေ (၂၉-၉-၂ဝ၂၄)
30 Sep 2024
ဂျပန်တွင် အာဏာရပါတီ နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အသစ် ထွက်ပေါ်
29 Sep 2024
“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”
29 Sep 2024
ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း
29 Sep 2024
ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ
29 Sep 2024
အငြိမ်းစားဝန်ထမ်းများ Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်မည်
29 Sep 2024
လက်ဘနွန်နိုင်ငံကိုမကြာခင် မြေပြင်ထိုးစစ်ဆင်မယ်လို့ အစ္စရေးဗိုလ်ချုပ်ကြီးပြော
29 Sep 2024
ဟစ္စဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးရယူရန် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့များ၏ ကမ်းလှမ်းချက်ကို အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်
29 Sep 2024
နောက်ဆုံးပေါ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော နစ်မြုပ်သွားသည့် ကိစ္စ တရုတ်အစိုးရ ဖုံးကွယ်
29 Sep 2024
နီပေါနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေ
29 Sep 2024
အနောက်ဘက်မှရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် အောက်တိုဘာ(၁)ရက်မှစ၍ ဒေသအချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်
29 Sep 2024
နစကရဲ့တီးလုံးအောက်မှာ လိုက်ကနေရတဲ့ အကြမ်းဖက်များ၊ လားရှိုးတိုက်ပွဲထဲက လောက်ကောင်၊ ဒေါ်လာသန်း ၂၀၀ မရဘူးလို့ အသည်းအသန်ငြင်းတဲ့ NUG နဲ့ MNDAA ၊ ခိုင်နှင်းဝေ ကို စတင် ထိုးနှက်ဖို့ ပြင်လာတဲ့ ပြည်ပြေးမီဒီယာအချို့ (၂၈-၉-၂ဝ၂၄)
29 Sep 2024
အမေရိကန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ ဩစတြေးလျ နဲ့ ဂျပန်တို့က တောင်တရုတ်ပင်လယ်အတွင်းမှာ ပူးတွဲရေကြောင်းလှုပ်ရှားမှုတွေကို လုပ်ဆောင်မယ်
29 Sep 2024
ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်
29 Sep 2024
ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ် (၁ဝ) ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်း
29 Sep 2024
ရေတပ်စွမ်းရည်မြှင့်တင်မည့် အင်ဒိုနီးရှားက အိန္ဒိယ၏ ရေငုပ်သင်္ဘောများကို မျက်စိကျနေ
29 Sep 2024
တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ နဲ့ အီရန်ကို ခြိမ်းခြောက်လိုက်တဲ့ အစ္စ ရေးဝန်ကြီးချုပ် နေတန်ရာဟု
29 Sep 2024
နစကရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်နဲ့ သူပုန်အုပ်စုရဲ့တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်ထားတဲ့ NLD ရဲ့ (၃၆)နှစ်ပြည့် ကြေညာချက်၊ နေပြည်တော် ထန်းတပင် VIP နားက သတိပြုဖွယ်ဖြစ်ရပ်နဲ့ စစ်မှုထမ်းကိစ္စ၊ ကုမ္ပဏီ(၁၄ဝ)နီးပါးထဲက (၅၉)ခု (၂၇-၉-၂ဝ၂၄)
28 Sep 2024
ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
28 Sep 2024
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး
28 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved