Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Tik Tok က အမေရိကန်အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာတစ်ခုဖြစ်ကြောင်း FBI အဖွဲ့အကြီးအကဲပြော

Pika (NP News) - မတ် ၉

တရုတ်အစိုးရသည် TikTok အက်ပလီကေးရှင်းကို အသုံးပြုကာ သန်းနှင့်ချီသော အမေရိကန်နိုင်ငံသားများ၏ ဒေတာအချက်အလက်များကို ထိန်းချုပ်နိုင်သည်ဟု  FBI အဖွဲ့ညွှန်ကြားရေးမှူး Christopher Wray က ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံပိုင် TikTok သည် အမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာတစ်ခုဖြစ် ကြောင်းလည်း ၄င်းက ပြောဆိုခဲ့သည်။ တရုတ်အစိုးရသည်  အမေရိကန်နိုင်ငံအတွင်းရှိ ကွန်ပျူတာဆော့ဖ်ဝဲလ်များ ကို ထိန်းချုပ်ရန်၊ ထိုင်ဝမ် (သို့မဟုတ်) အခြားပြဿနာများနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသားများကို စိတ်ဝမ်း ကွဲပြားအောင်လုပ်ဆောင်ရန်နှင့် အမေရိကန်၏လုံခြုံရေးကို ခြိမ်းခြောက်ရန်အတွက် TikTok ကို အသုံးပြုနိုင် ကြောင်း Christopher Wray က ပြောကြားခဲ့သည်။

Christopher Wray က "တရုတ်နိုင်ငံဟာ TikTok ကို အသုံးပြုပြီး သတင်းမှားတွေကို လုပ်ဆောင်နိုင်တယ်။ ဒါဟာ တရုတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ tiktok ဟာ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာတစ်ခုပါပဲ" ဟု ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်လာမည်ဆိုပါက အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အစိုးရအဖွဲ့အား TikTok နှင့် အခြားသော နိုင်ငံခြားအခြေစိုက် နည်းပညာများကို ပိတ်ပင်နိုင်မည့် လုပ်ပိုင်ခွင့်အသစ်များ ပေးအပ်ရန် အိမ်ဖြူတော်က ထောက်ခံထားသော ဥပဒေတစ်ရပ်ကို အထက်လွှတ်တော်အမတ် တစ်ဒါဇင်က တင်သွင်းခဲ့ ကြောင်းလည်း သိရသည်။

အဆိုပါ ထောက်ခံချက်များကြောင့် လွှတ်တော်အမတ်အများအပြားသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်ပြီး အမေရိကန်နိုင်ငံသား သန်း(၁ဝဝ)ကျော် အသုံးပြုသော နာမည်ကြီး tiktok အက်ပ်ကို တားမြစ်ပိတ်ပင် ရန်အတွက်  ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြင့်လုပ်ဆောင်နေကြောင်း သိရသည်။ 

TikTok သည် အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဆိုသည့် ပြောဆိုချက်များကို အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူး Avril Haines၊ CIA ညွှန်ကြားရေးမှူး William Burns နှင့် အမျိုးသား လုံခြုံရေးအေဂျင်စီ ဒါရိုက်တာ Paul Nakasone အပါအဝင် အခြားထိပ်တန်းအမေရိကန်ထောက်လှမ်းရေးအရာရှိ များက သဘောတူညီခဲ့ကြောင်း သိရသည်။

TikTok ၏ ဒေတာအချက်အလက်စုဆောင်းမှုနှင့် ကျယ်ပြန့်သောဩဇာလွှမ်းမိုးမှုဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်မှု ကို လွယ်ကူချောမွေ့စေမည့် အလားအလာများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမျိုးသားလုံခြုံရေးအေဂျင်စီ ဒါရိုက်တာ Paul Nakasone က ထုတ်ဖော်ပြောဆိုခဲ့သည်။


Zawgyi Version; 

Tik Tok က အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအတြက္ စိုးရိမ္စရာတစ္ခုျဖစ္ေၾကာင္း FBI အဖြဲ႕အႀကီးအကဲေျပာ

Pika (NP News) - မတ္ ၉

တ႐ုတ္အစိုးရသည္ TikTok အက္ပလီေကးရွင္းကို အသုံးျပဳကာ သန္းႏွင့္ခ်ီေသာ အေမရိကန္ႏိုင္ငံသားမ်ား၏ ေဒတာအခ်က္အလက္မ်ားကို ထိန္းခ်ဳပ္ႏိုင္သည္ဟု  FBI အဖြဲ႕ၫႊန္ၾကားေရးမႉး Christopher Wray က ေျပာၾကားခဲ့သည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံပိုင္ TikTok သည္ အေမရိကန္ႏိုင္ငံသားမ်ား၏ လုံၿခဳံေရးအတြက္ စိုးရိမ္စရာတစ္ခုျဖစ္ ေၾကာင္းလည္း ၄င္းက ေျပာဆိုခဲ့သည္။ တ႐ုတ္အစိုးရသည္  အေမရိကန္ႏိုင္ငံအတြင္းရွိ ကြန္ပ်ဴတာေဆာ့ဖ္ဝဲလ္မ်ား ကို ထိန္းခ်ဳပ္ရန္၊ ထိုင္ဝမ္ (သို႔မဟုတ္) အျခားျပႆနာမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံသားမ်ားကို စိတ္ဝမ္း ကြဲျပားေအာင္လုပ္ေဆာင္ရန္ႏွင့္ အေမရိကန္၏လုံၿခဳံေရးကို ၿခိမ္းေျခာက္ရန္အတြက္ TikTok ကို အသုံးျပဳႏိုင္ ေၾကာင္း Christopher Wray က ေျပာၾကားခဲ့သည္။

Christopher Wray က "တ႐ုတ္ႏိုင္ငံဟာ TikTok ကို အသုံးျပဳၿပီး သတင္းမွားေတြကို လုပ္ေဆာင္ႏိုင္တယ္။ ဒါဟာ တ႐ုတ္အစိုးရရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိတဲ့ ကိရိယာတစ္ခုျဖစ္ပါတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့ tiktok ဟာ အမ်ိဳးသားလုံၿခဳံေရးအတြက္ စိုးရိမ္စရာတစ္ခုပါပဲ" ဟု ေျပာဆိုခဲ့သည္။

အေမရိကန္ႏိုင္ငံ၏ လုံၿခဳံေရးကို ၿခိမ္းေျခာက္လာမည္ဆိုပါက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ အစိုးရအဖြဲ႕အား TikTok ႏွင့္ အျခားေသာ ႏိုင္ငံျခားအေျခစိုက္ နည္းပညာမ်ားကို ပိတ္ပင္ႏိုင္မည့္ လုပ္ပိုင္ခြင့္အသစ္မ်ား ေပးအပ္ရန္ အိမ္ျဖဴေတာ္က ေထာက္ခံထားေသာ ဥပေဒတစ္ရပ္ကို အထက္လႊတ္ေတာ္အမတ္ တစ္ဒါဇင္က တင္သြင္းခဲ့ ေၾကာင္းလည္း သိရသည္။

အဆိုပါ ေထာက္ခံခ်က္မ်ားေၾကာင့္ လႊတ္ေတာ္အမတ္အမ်ားအျပားသည္ တ႐ုတ္ႏိုင္ငံပိုင္ကုမၸဏီ ByteDance က ပိုင္ဆိုင္ၿပီး အေမရိကန္ႏိုင္ငံသား သန္း(၁ဝဝ)ေက်ာ္ အသုံးျပဳေသာ နာမည္ႀကီး tiktok အက္ပ္ကို တားျမစ္ပိတ္ပင္ ရန္အတြက္  ႀကိဳးပမ္းအားထုတ္မႈမ်ားကို အရွိန္ျမင့္လုပ္ေဆာင္ေနေၾကာင္း သိရသည္။ 

TikTok သည္ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနသည္ဆိုသည့္ ေျပာဆိုခ်က္မ်ားကို အမ်ိဳးသား ေထာက္လွမ္းေရးၫႊန္ၾကားေရးမႉး Avril Haines၊ CIA ၫႊန္ၾကားေရးမႉး William Burns ႏွင့္ အမ်ိဳးသား လုံၿခဳံေရးေအဂ်င္စီ ဒါ႐ိုက္တာ Paul Nakasone အပါအဝင္ အျခားထိပ္တန္းအေမရိကန္ေထာက္လွမ္းေရးအရာရွိ မ်ားက သေဘာတူညီခဲ့ေၾကာင္း သိရသည္။

TikTok ၏ ေဒတာအခ်က္အလက္စုေဆာင္းမႈႏွင့္ က်ယ္ျပန႔္ေသာဩဇာလႊမ္းမိုးမႈဆိုင္ရာလုပ္ငန္းမ်ား လုပ္ေဆာင္မႈ ကို လြယ္ကူေခ်ာေမြ႕ေစမည့္ အလားအလာမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း အမ်ိဳးသားလုံၿခဳံေရးေအဂ်င္စီ ဒါ႐ိုက္တာ Paul Nakasone က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် လုပ်ငန်းများပြန်လည်လုပ်ကိုင်မည်ဟု Khiri Travel ကုမ္ပဏီဆို

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved