မိုးညှင်းမြို့နယ်တွင် (PANDER EXPRESS) အဝေးပြေးခရီးသည်တင်ကားပေါ်မှ ငွေကျပ်သိန်း (၁၃၀၀) ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်ဆီးရမိ
သန့်ဇင် (NSS) - နိုဝင်ဘာ ၂၄
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် (PANDER EXPRESS) ခရီးသည်တင် ကားပေါ်မှ ငွေကျပ် (၁၃၇၅) သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သော(နိုဝင်ဘာလ ၂၂ ရက်)၊ ညနေ ၄နာရီခွဲအချိန်ခန့်က မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာအနီးတွင် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ ဝင်းမင်းထွန်း(၃၉)နှစ် မောင်းကာ အောင်ဇင်လက်(၃၉)နှစ်နှင့် သက်မင်းနိုင်(၃၆)နှစ်တို့လိုက်လာသည့် PANDER EXPRESS ခရီးသည်တင်ကားအား ရှာဖွေစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးခဲ့ရာ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ငွေကျပ်(၁၃၇၅)သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၅ ဒသမ ၅ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ၎င်းတို့(၃)ဦးအား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့လိုဏ်ခေါင်းဆောင်တွေကိုတွေ့ရှိခဲ့ပြီးနောက် အယ်ရှီဖာဆေးရုံအကြီးအကဲကို အစ္စရေးစစ်တပ် ဖမ်းဆီး
RELATED POSTS
29 Sep 2024 | မှုခင်း,နိုင်ငံတကာ