Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြင်ဦးလွင်မြို့နယ်တွင် ဘရိတ်ပေါက်သွားသည့် Light Truck ကားက ရပ်ထားသော အိမ်စီးကားကိုဝင်တိုက်ပြီးနောက် ချောက်ထဲသို့ ပြုတ်ကျမှုကြောင့် (၃)ဦးသေဆုံး

သန့်ဇင် (NSS) - နိုဝင်ဘာ ၂၄

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးသွားကားလမ်းတွင် Light Truck ကား ဘရိတ်ပေါက်၍ ရပ်ထားသည့် အိမ်စီးကားကို ဝင်တိုက်မိပြီး ချောက်ထဲသို့ ထိုးကျခဲ့မှုကြောင့် အမျိုးသား(၃)ဦး သေဆုံးသွားခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း (အုန်းချော)ထံမှ သိရသည်။


ယာဉ်တိမ်းမှောက်မှုသည် ယနေ့(နိုဝင်ဘာလ ၂၄ ရက်)၊ နံနက် ၈နာရီခန့်တွင် ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်-မန္တလေးသွားကားလမ်း၏ မိုင်တိုင်အမှတ်(၁၈/၆)အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်တာက ပြင်ဦးလွင်ကနေ မန္တလေးဘက်ကိုဆင်းလာတဲ့ Light Truck ကားက ဘရိတ်ပေါက်ပြီး သူ့ရှေ့ကအိမ်စီးကားကို အရင်ဝင်တိုက်မိတာ။ ပြီးတော့ လမ်းဘေးက ဘယ်ရီယာတန်းကိုတိုက်ပြီး ဝါးရုံပင်ပေါ်မှာတင်နေတယ်။ Light Truck ကားပြုတ်ကျသွားတဲ့နေရာရဲ့ ချောက်အနက်က ပေ(၅၀)လောက်ရှိတယ်။ အဲဒီချောက်က အောက်ထိဆိုရင် ပေ(၁၀၀)လောက်ရှိတယ်”ဟု စေတနာမွန်လူမှုကူညီရေး အသင်း(အုန်းချော)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် Light Truck ကားပေါ်လိုက်ပါလာသည့် အမျိုးသား(၇)ဦးနှင့် အမျိုး သမီးတစ်ဦးတို့အနက် အသက်(၃၀) နှစ်ခန့်စီရှိ အမျိုးသား(၃)ဦးသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အမျိုးသား (၃)ယောက်က ပွဲချင်းပြီးသေဆုံးတယ်။ Dead Body တွေကို ခက်ခက်ခဲခဲရှာလိုက်ရတယ်။ Light Truck ပေါ်က ထိခိုက်ဒဏ်ရာရတာက အမျိုးသား(၄)ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါ။ အတိုက်ခံရတဲ့ အိမ်စီးကားပေါ်က အမျိုးသမီး(၂)ယောက်လဲ နဖူးကွဲတာတွေရှိတယ်။ အဲဒီနေရာမှာက ယာဉ်မတော်တဆမှုတွေ ခဏခဏဖြစ်တာဆိုတော့ ကားသမားတွေ သတိထားသင့်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့နောက် သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူများအား စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)နှင့် မန္တလေးတိုင်းလူမှုကူညီရေးအသင်းတို့မှ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံ၊ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးတို့သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘာလင်မြို့နဲ့ နိုင်ငံတစ်ဝှမ်းရှိ ဟားမတ်စ်ထောက်ခံသူတွေရဲ့နေအိမ်များကို ရာနဲ့ချီသော ဂျာမန်ရဲတပ်ဖွဲ့ဝင်တို့ ဝင်ရောက်စီးနင်း

RELATED POSTS
RECENT POSTS
လေကြောင်းဒဏ်နဲ့ MNDAA ရဲ့ ညည်းတွားသံ၊ ရန်ကုန်မှာ PDF ၁၂ ဦး ဖမ်းမိ၊ မန္တလေးက လုပ်ငန်းရှင်ပေါင်း ၅၀၀ ကျော်ကို PDF တွေက ပစ်စာနဲ့ ဆက်ကြေးတောင်းနေ၊ ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ၊ အာရှလမ်း ပြန်ဖွင့်ဖို့ ဆွေးနွေးနေ (၂၉-၉-၂ဝ၂၄)
30 Sep 2024
ဂျပန်တွင် အာဏာရပါတီ နှင့် အစိုးရအဖွဲ့၏ ခေါင်းဆောင်အသစ် ထွက်ပေါ်
29 Sep 2024
“ သွေးပျက်နေတဲ့ မင်းမော်ကွန်းရဲ့အဖြစ် အပါအဝင် ရေဘေးသင့် အိမ် ထောင်စု(၂၀ဝ)အတွက် NP News အလှူ ”
29 Sep 2024
ရန်ကုန်နှင့် မန္တလေးတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား(၂၀)ဦးကို တရုတ်သို့ ပြည်နှင်လွှဲပြောင်း
29 Sep 2024
ဇေကမ္ဘာဦးခင်ရွှေ ပြန်လည် လွတ်မြောက်လာ
29 Sep 2024
အငြိမ်းစားဝန်ထမ်းများ Centralized e-Pension စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁၄၉)ခုတွင် ပင်စင်လစာများ ထုတ်ယူနိုင်မည်
29 Sep 2024
လက်ဘနွန်နိုင်ငံကိုမကြာခင် မြေပြင်ထိုးစစ်ဆင်မယ်လို့ အစ္စရေးဗိုလ်ချုပ်ကြီးပြော
29 Sep 2024
ဟစ္စဘိုလာအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးရယူရန် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့များ၏ ကမ်းလှမ်းချက်ကို အစ္စရေးဝန်ကြီးချုပ် ငြင်းဆန်
29 Sep 2024
နောက်ဆုံးပေါ် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော နစ်မြုပ်သွားသည့် ကိစ္စ တရုတ်အစိုးရ ဖုံးကွယ်
29 Sep 2024
နီပေါနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ရေကြီး၊ မြေပြိုမှုများကြောင့် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိနေ
29 Sep 2024
အနောက်ဘက်မှရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်ကြောင့် အောက်တိုဘာ(၁)ရက်မှစ၍ ဒေသအချို့တွင် လေပြင်းတိုက်ခတ်၍ မိုးကြီးနိုင်
29 Sep 2024
နစကရဲ့တီးလုံးအောက်မှာ လိုက်ကနေရတဲ့ အကြမ်းဖက်များ၊ လားရှိုးတိုက်ပွဲထဲက လောက်ကောင်၊ ဒေါ်လာသန်း ၂၀၀ မရဘူးလို့ အသည်းအသန်ငြင်းတဲ့ NUG နဲ့ MNDAA ၊ ခိုင်နှင်းဝေ ကို စတင် ထိုးနှက်ဖို့ ပြင်လာတဲ့ ပြည်ပြေးမီဒီယာအချို့ (၂၈-၉-၂ဝ၂၄)
29 Sep 2024
အမေရိကန်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ ဩစတြေးလျ နဲ့ ဂျပန်တို့က တောင်တရုတ်ပင်လယ်အတွင်းမှာ ပူးတွဲရေကြောင်းလှုပ်ရှားမှုတွေကို လုပ်ဆောင်မယ်
29 Sep 2024
ရန်ကုန်တိုင်းအတွင်း အုပ်ချုပ်ရေးမှူး အပါအဝင် ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် Anonymous Force အဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့ကြောင်း နစကထုတ်ပြန်
29 Sep 2024
ရေဘေးသင့်ဒေသများ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်များက ငွေကျပ် (၁ဝ) ဘီလျံကျော်ကို ဒုတိယအကြိမ်ထပ်မံလှူဒါန်း
29 Sep 2024
ရေတပ်စွမ်းရည်မြှင့်တင်မည့် အင်ဒိုနီးရှားက အိန္ဒိယ၏ ရေငုပ်သင်္ဘောများကို မျက်စိကျနေ
29 Sep 2024
တာဝေးပစ်စစ်လက်နက်ပစ္စည်းတွေ နဲ့ အီရန်ကို ခြိမ်းခြောက်လိုက်တဲ့ အစ္စ ရေးဝန်ကြီးချုပ် နေတန်ရာဟု
29 Sep 2024
နစကရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်နဲ့ သူပုန်အုပ်စုရဲ့တုံ့ပြန်ချက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းတည်ထားတဲ့ NLD ရဲ့ (၃၆)နှစ်ပြည့် ကြေညာချက်၊ နေပြည်တော် ထန်းတပင် VIP နားက သတိပြုဖွယ်ဖြစ်ရပ်နဲ့ စစ်မှုထမ်းကိစ္စ၊ ကုမ္ပဏီ(၁၄ဝ)နီးပါးထဲက (၅၉)ခု (၂၇-၉-၂ဝ၂၄)
28 Sep 2024
ဟီလီနီမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတွင် လူပေါင်း အနည်းဆုံး ၄၃ ဦးသေဆုံးပြီး လူပေါင်းများစွာ အခက်အခဲ ကြုံနေ
28 Sep 2024
အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင် သေဆုံး
28 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved