Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွေးကောက်ပွဲသည် နစကအစိုးရ၏ ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူအားလုံး၏ ထွက်ပေါက်သာဖြစ်ကြောင်း ကျားဖြူပါတီပြော

မျိုးကြီး/ပုလဲ (NP News) - မတ် ၈

ရွေးကောက်ပွဲသည် နစကအစိုးရ၏ ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံနှင့်ပြည်သူအားလုံး၏ ထွက်ပေါက်သာဖြစ်ကြောင်း ကျားဖြူပါတီ (ခေါ်) ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ပြောသည်။

ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သောအဖွဲ့သည် ယနေ့(မတ်လ ၈ ရက်)၊ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ MMM ကွန်ဒိုရှိ ပါတီဌာနချုပ်ရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြပ်အတည်း၊ အခက်အခဲများမှာ (၂)နှစ်ရှိလာပြီဖြစ်သော်လည်း လက်ရှိအခြေအနေတွင် တည်ငြိမ်လာပြီဟု ပြောဆို၍ရကြောင်း ပါတီဥက္ကဋ္ဌဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

ထို့ပြင် ဦးစိုင်းအိုက်ပေါင်းက မြန်မာနိုင်ငံ အခက်အခဲအားလုံး၏ ထွက်ပေါက်သည် ရွေးကောက်ပွဲသာဖြစ်သည်ဟု ယူဆကြောင်းလည်း မှတ်ချက်ပြုထားသည်။

“တစ်ချို့က ပြောတယ်။ ရွေးကောက်ပွဲက အစိုးရရဲ့ထွက်ပေါက်လို့ ပြောတယ်။ မဟုတ်ဘူးဗျ။ ရွေး ကောက်ပွဲဟာ ကျွန်တော်တို့နိုင်ငံရဲ့ ထွက်ပေါက်၊ ကျွန်တော်တို့ ပြည်သူရဲ့ထွက်ပေါက်။ အဲဒီထွက်ပေါက်ကနေ ကျွန်တော်တို့ ရုန်းထွက်မှ ရွေးကောက်ပွဲကနေပြီးတော့ တက်လာမယ့် ပြည်သူ့အစိုးရကို ကျွန်တော်တို့ရမှာ”ဟု ကျားဖြူပါတီ ရန်ကုန်တိုင်းတာဝန်ခံ ဦးလှဌေးက ရှင်းလင်းပြောဆိုထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကာလ၌ ပြည်သူဘက်မှရပ်တည်မည့် အင်အားစုများကို အစိုးရဖွဲ့နိုင်ရေးအတွက် မဲပေးရန် အရေးကြီးကြောင်းလည်း ရန်ကုန်တိုင်းတာဝန်ခံဦးလှဌေးက ဆိုသည်။

“ပြည်သူလူထုက အဲဒီလို မဲမပေးဘဲနဲ့ ရွေးကောက်ပွဲကို ရှောင်ရှားခဲ့ရင်တော့ တစ်ဖက်က ကြည့်နေတဲ့သူတွေက သက်သက်သာသာချောင်ချောင်ချိချိနဲ့ နိုင်ငံတော်အာဏာကို ဆက်လက်ယူပြီး ယူသွားလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲက နိုင်ငံတော်ရဲ့ ထွက်ပေါက်ပါ။ ပြည်သူအားလုံးရဲ့ ထွက်ပေါက်ပါ။ ဒါကြောင့် ကျွန်တော်တို့ ဒီကိစ္စတွေကို ဖြတ်သန်းမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ကျားဖြူပါတီသည် ပြည်ထောင်စုတစ်ဝန်းလုံးအား စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားကြောင်း သိရသည်။

လာမည့်ရွေးကောက်ပွဲတွင်လည်း ကျားဖြူပါတီအနေဖြင့် ရန်ကုန်တိုင်း (၄၅)မြို့နယ်၊ ဧရာဝတီတိုင်း (၂၆)မြို့နယ်၊ ပဲခူးတိုင်း (၂၈)မြို့နယ်၊ မန္တလေးတိုင်း (၂၈)မြို့နယ်၊ မကွေးတိုင်း (၂၅)မြို့နယ်၊ နေပြည်တော် (၈)မြို့နယ်နှင့် ရှမ်းပြည်နယ် (၄၆)မြို့နယ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အသိပေးကြေ ညာထားသည်။

zawgyi version

ေ႐ြးေကာက္ပြဲသည္ နစကအစိုးရ၏ ထြက္ေပါက္မဟုတ္ဘဲ ႏိုင္ငံႏွင့္ ျပည္သူအားလုံး၏ ထြက္ေပါက္သာျဖစ္ေၾကာင္း က်ားျဖဴပါတီေျပာ

မ်ိဳးႀကီး/ပုလဲ (NP News) - မတ္ ၈

ေ႐ြးေကာက္ပြဲသည္ နစကအစိုးရ၏ ထြက္ေပါက္မဟုတ္ဘဲ ႏိုင္ငံႏွင့္ျပည္သူအားလုံး၏ ထြက္ေပါက္သာျဖစ္ေၾကာင္း က်ားျဖဴပါတီ (ေခၚ) ရွမ္းႏွင့္တိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီက ေျပာသည္။

က်ားျဖဴပါတီဥကၠ႒ ဦးစိုင္းအိုက္ေပါင္း ဦးေဆာင္ေသာအဖြဲ႕သည္ ယေန႔(မတ္လ ၈ ရက္)၊ ေန႔လည္ပိုင္းတြင္ ရန္ကုန္တိုင္း၊ အလုံၿမိဳ႕နယ္၊ ကမ္းနားလမ္း၊ MMM ကြန္ဒိုရွိ ပါတီဌာနခ်ဳပ္႐ုံး၌ မီဒီယာမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၏ အၾကပ္အတည္း၊ အခက္အခဲမ်ားမွာ (၂)ႏွစ္ရွိလာၿပီျဖစ္ေသာ္လည္း လက္ရွိအေျခအေနတြင္ တည္ၿငိမ္လာၿပီဟု ေျပာဆို၍ရေၾကာင္း ပါတီဥကၠ႒ဦးစိုင္းအိုက္ေပါင္းက ဆိုသည္။

ထို႔ျပင္ ဦးစိုင္းအိုက္ေပါင္းက ျမန္မာႏိုင္ငံ အခက္အခဲအားလုံး၏ ထြက္ေပါက္သည္ ေ႐ြးေကာက္ပြဲသာျဖစ္သည္ဟု ယူဆေၾကာင္းလည္း မွတ္ခ်က္ျပဳထားသည္။

“တစ္ခ်ိဳ႕က ေျပာတယ္။ ေ႐ြးေကာက္ပြဲက အစိုးရရဲ႕ထြက္ေပါက္လို႔ ေျပာတယ္။ မဟုတ္ဘူးဗ်။ ေ႐ြး ေကာက္ပြဲဟာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ထြက္ေပါက္၊ ကြၽန္ေတာ္တို႔ ျပည္သူရဲ႕ထြက္ေပါက္။ အဲဒီထြက္ေပါက္ကေန ကြၽန္ေတာ္တို႔ ႐ုန္းထြက္မွ ေ႐ြးေကာက္ပြဲကေနၿပီးေတာ့ တက္လာမယ့္ ျပည္သူ႔အစိုးရကို ကြၽန္ေတာ္တို႔ရမွာ”ဟု က်ားျဖဴပါတီ ရန္ကုန္တိုင္းတာဝန္ခံ ဦးလွေဌးက ရွင္းလင္းေျပာဆိုထားသည္။

ထို႔ေၾကာင့္ ျပည္သူမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲကာလ၌ ျပည္သူဘက္မွရပ္တည္မည့္ အင္အားစုမ်ားကို အစိုးရဖြဲ႕ႏိုင္ေရးအတြက္ မဲေပးရန္ အေရးႀကီးေၾကာင္းလည္း ရန္ကုန္တိုင္းတာဝန္ခံဦးလွေဌးက ဆိုသည္။

“ျပည္သူလူထုက အဲဒီလို မဲမေပးဘဲနဲ႔ ေ႐ြးေကာက္ပြဲကို ေရွာင္ရွားခဲ့ရင္ေတာ့ တစ္ဖက္က ၾကည့္ေနတဲ့သူေတြက သက္သက္သာသာေခ်ာင္ေခ်ာင္ခ်ိခ်ိနဲ႔ ႏိုင္ငံေတာ္အာဏာကို ဆက္လက္ယူၿပီး ယူသြားလိမ့္မယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ကေတာ့ ေ႐ြးေကာက္ပြဲက ႏိုင္ငံေတာ္ရဲ႕ ထြက္ေပါက္ပါ။ ျပည္သူအားလုံးရဲ႕ ထြက္ေပါက္ပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဒီကိစၥေတြကို ျဖတ္သန္းမွာျဖစ္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

က်ားျဖဴပါတီသည္ ျပည္ေထာင္စုတစ္ဝန္းလုံးအား စည္း႐ုံးမည့္ ႏိုင္ငံေရးပါတီအျဖစ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားေၾကာင္း သိရသည္။

လာမည့္ေ႐ြးေကာက္ပြဲတြင္လည္း က်ားျဖဴပါတီအေနျဖင့္ ရန္ကုန္တိုင္း (၄၅)ၿမိဳ႕နယ္၊ ဧရာဝတီတိုင္း (၂၆)ၿမိဳ႕နယ္၊ ပဲခူးတိုင္း (၂၈)ၿမိဳ႕နယ္၊ မႏၲေလးတိုင္း (၂၈)ၿမိဳ႕နယ္၊ မေကြးတိုင္း (၂၅)ၿမိဳ႕နယ္၊ ေနျပည္ေတာ္ (၈)ၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္ (၄၆)ၿမိဳ႕နယ္တို႔တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း အသိေပးေၾက ညာထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပအိုဝ်းဒေသအထိ ရထားလမ်းပြေးဆွဲပေးနိုင်ရေးဆောင်ရွက်သွားမည်ဟု တပ်ချုပ်ပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved