အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အားကို ၂ဝ၂၅ ခုနှစ်၊ မတ်လတွင် စမ်းသပ်ထုတ်လုပ်နိုင်ရန်မျှော်မှန်း
ယွန်း (NP News) - မတ် ၈
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်ဓာတ်ာအးကို လာမည့် ၂ဝ၂၅ ခုနှစ်၊ မတ်လတွင် စမ်းသပ်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်းသိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ယင်းစီမံကိန်းလုပ်ငန်းများ ဆောင် ရွက်နေမှုကို သွားရောက်ကြည့်ရှုစဉ် အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ပင်မတမံကွန်ကရစ် သွင်းလောင်းခြင်းလုပ်ငန်းများကို ၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးမှ ဆိုထားသည်။
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ဒုဌဝတီမြစ်(မြစ်ငယ်မြစ်)ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး (၇ဝ)မဂ္ဂါဝပ်ရှိ ဒေါင်လိုက်ဖရန်စစ်တာဘိုင် အမျိုးအစား ဓာတ်အားပေးစက်(၄)လုံးဖြင့် စုစုပေါင်း စပ်တပ်ဆင်အင်အား (၂၈ဝ)မဂ္ဂါဝပ်ရှိသော ဓာတ်အားပေးစက်ရုံလည်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းပြီစီးပါက နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၄ဝ၉) သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လူဦးရေ(၃ ဒသမ ၇)သန်း နှင့် နိုင်ငံ့လူဦးရေ စုစုပေါင်း၏ (၆ ဒသမ ၆)ရာခိုင်နှုန်းအား လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တည်ဆောက်မည့် ပင်မတမံအမျိုးအစားသည် RCC ကွန်ကရစ်တမံဖြစ်ပြီး မြန်မာနိုင်ငံတွင် တတိယမြောက်တည်ဆောက်မည့် RCC ကွန်ကရစ်တမံလည်းဖြစ်သည်။
လက်ရှိတွင် စီမံကိန်းတစ်ခုလုံး၏ (၅၃ ဒသမ ၂၂)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
zawgyi version
အထက္ရဲ႐ြာေရအားလွ်ပ္စစ္ စီမံကိန္းမွ လွ်ပ္စစ္ဓာတ္အားကို ၂ဝ၂၅ ခုႏွစ္၊ မတ္လတြင္ စမ္းသပ္ထုတ္လုပ္ႏိုင္ရန္ေမွ်ာ္မွန္း
ယြန္း (NP News) - မတ္ ၈
အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းမွ လွ်ပ္စစ္ဓာတ္ာအးကို လာမည့္ ၂ဝ၂၅ ခုႏွစ္၊ မတ္လတြင္ စမ္းသပ္ထုတ္လုပ္ႏိုင္ရန္ ေမွ်ာ္မွန္းထားေၾကာင္းသိရသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းဟန္က ယင္းစီမံကိန္းလုပ္ငန္းမ်ား ေဆာင္ ႐ြက္ေနမႈကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။
အဆိုပါ စီမံကိန္းအတြက္ ပင္မတမံကြန္ကရစ္ သြင္းေလာင္းျခင္းလုပ္ငန္းမ်ားကို ၂ဝ၂၃ ခုႏွစ္၊ ဒီဇင္ဘာလတြင္ စတင္ေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးမွ ဆိုထားသည္။
အထက္ရဲ႐ြာေရအားလွ်ပ္စစ္စီမံကိန္းကို ဒုဌဝတီျမစ္(ျမစ္ငယ္ျမစ္)ေပၚတြင္ တည္ေဆာက္ေနျခင္းျဖစ္ၿပီး (၇ဝ)မဂၢါဝပ္ရွိ ေဒါင္လိုက္ဖရန္စစ္တာဘိုင္ အမ်ိဳးအစား ဓာတ္အားေပးစက္(၄)လုံးျဖင့္ စုစုေပါင္း စပ္တပ္ဆင္အင္အား (၂၈ဝ)မဂၢါဝပ္ရွိေသာ ဓာတ္အားေပးစက္႐ုံလည္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းၿပီစီးပါက ႏွစ္စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓာတ္အား ကီလိုဝပ္နာရီသန္းေပါင္း (၁၄ဝ၉) သန္း ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး လူဦးေရ(၃ ဒသမ ၇)သန္း ႏွင့္ ႏိုင္ငံ့လူဦးေရ စုစုေပါင္း၏ (၆ ဒသမ ၆)ရာခိုင္ႏႈန္းအား လွ်ပ္စစ္ဓာတ္အားတိုးတက္ျဖန႔္ျဖဴးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
တည္ေဆာက္မည့္ ပင္မတမံအမ်ိဳးအစားသည္ RCC ကြန္ကရစ္တမံျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ တတိယေျမာက္တည္ေဆာက္မည့္ RCC ကြန္ကရစ္တမံလည္းျဖစ္သည္။
လက္ရွိတြင္ စီမံကိန္းတစ္ခုလုံး၏ (၅၃ ဒသမ ၂၂)ရာခိုင္ႏႈန္း တည္ေဆာက္ၿပီးစီးေနၿပီ ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက ဂီနီဘစ်ဆောသမ္မတနိုင်ငံ နှင့် သံတမန်အဆက်အသွယ်ထူထောင်
RELATED POSTS
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
08 Nov 2024 | စီးပွားရေး,ပြည်တွင်း
07 Nov 2024 | စီးပွားရေး,ပြည်တွင်း