ကလေးလေဆိပ် လေယာဉ်ပြေးလမ်းပေါ်သို့ Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်ထား
မြူနစ် (NSS) - နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးလေဆိပ်၊ လေယာဉ်ပြေးလမ်းပေါ်သို့ Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်ထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၂၁ ရက်) ၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကလေးမြို့လေဆိပ်ရှိ လေယာဉ်ပြေးလမ်းပေါ်သို့ လက်နက်ကိုင်အဖွဲ့ကပစ်ခတ်သော Drop ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မနက် ၁၁ နာရီလောက်က လေယာဉ်ပြေးလမ်းပေါ်ကို Drop ဗုံး တစ်လုံးကျတယ်။ ဘာမှမဖြစ်ဘူး။ လမ်းလေး နည်းနည်းပေါက်သွားတယ်။ ပြန်ပြင်ပြီးသွားပြီ”ဟု လေဆိပ်လုံခြုံရေးအရာရှိတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များကို ယနေ့မှစ၍ နိုဝင်ဘာလ ၂၃ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“လေကြောင်းလိုင်းတွေက နိုဝင်ဘာလ ၂၃ ရက်အထိပဲ ပိတ်ထားမှာ။ နောက်ရက်တွေ ပြန်ဆွဲမှာပါ” ဟု လေဆိပ်လုံခြုံရေးအရာရှိက ထပ်မံပြောသည်။
ပြည်တွင်းလေကြောင်းလိုင်းများအနေဖြင့် ကလေးလေဆိပ်မှတဆင့် ကလေး-မန္တလေး၊ ကလေး-မန္တလေး-ရန်ကုန်၊ ကလေး-မုံရွာခရီးစဉ်များကို ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယနေ့(နိုဝင်ဘာလ ၂၁ ရက်) နေ့လည်ပိုင်း၌ ကလေးမြို့နယ်အတွင်းရှိ အိတ်စွပ်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသမ္မတ ဇီလန်စကီးကို ရာထူးက ဖယ်ရှားဖို့ ရုရှားအစိုးရ စီစဉ်နေဟုဆို
RELATED POSTS
19 Oct 2024 | ခရီးသွား,ပြည်တွင်း
04 Oct 2024 | ခရီးသွား,ပြည်တွင်း
03 Oct 2024 | ခရီးသွား,ပြည်တွင်း
23 Sep 2024 | ခရီးသွား,နိုင်ငံတကာ