Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
၂ဝ၂၄ ခုနှစ် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်းကို တစ်အိမ်တက်ဆင်းဖြင့် (၁၅)ရက်အတွင်း အပြီးကောက်ယူမည်

ယွန်း (NP News) - မတ် ၇

လာမည့် ၂ဝ၂၄ ခုနှစ်တွင် ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို (၁၅)ရက်အတွင်းအပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မတ်လ(၆)ရက်တွင် နေပြည် တော်ရှိ ကွန်ဗင်းရှင်းဗဟိုဌာန(၂) MICC(2)တွင်ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ယူခဲ့ပြီး ၂ဝ၁၉ ခုနှစ်တွင် ကြားဖြတ်သန်းခေါင်စာရင်းကို ကောက်ယူခဲ့ကာရရှိလာသည့် အချက်များကို စာရင်းပြုစုပြီး အစီရင်ခံစာများ ထုတ်ပေးပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှဆိုသည်။

လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် ၂ဝ၂၄ ခုနှစ်တွင် သန်ခေါင်းစာရင်းကောက်ယူရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းပြုစုခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းစဥ်(၄)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာကို သန်းခေါင်စာရင်းကောက်ယူရာတွင် သန်းခေါင် စာရင်း ရည်ညွှန်းချက်အား ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ(၃ဝ)ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားကြောင်း သိရသည်။

သတ်မှတ်ထားသည့် ရည်ညွှန်းချိန်၏ နောက်တစ်နေ့ဖြစ်သည့် ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်မှ (၁၅)ရက်အထိ စုစုပေါင်း (၁၅)ရက်ကြာ ကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှဆိုသည်။

အဆိုပါ သန်းခေါင်စာရင်း ကောက်ယူရာတွင် အချိန်ကုန်သက်သာစေမည့် ကွန်ပျူတာအထောက်အထားအကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ်(CAPI) ကိုသုံးပြီး စာရင်းကောက်များက တစ်အိမ်တက်ဆင်း Mobile Tablet များဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သန်းခေါင်စာရင်းကို တစ်နိုင်လုံးအတိုင်းအတာဖြင့် တစ်ချိန်တည်းကောက်ယူရမည် ဖြစ်သည့် အတွက် သန်းခေါင်စာရင်း မေးခွန်းပုံစံများကို ပြုစုရာတွင် ကမ္ဘာ့ကုလသမဂ္ဂမှ ထုတ်ဝေထားသည့် Principles and Recommendation for Population and Housing Census-Revision 3 နှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

zawgyi version

၂ဝ၂၄ ခုႏွစ္ ျပည္လုံးကြၽတ္ သန္း‌ေခါင္စာရင္းကို တစ္အိမ္တက္ဆင္းျဖင့္ (၁၅)ရက္အတြင္း အၿပီးေကာက္ယူမည္

ယြန္း (NP News) - မတ္ ၇

လာမည့္ ၂ဝ၂၄ ခုႏွစ္တြင္ ေကာက္ယူမည့္ ျပည္လုံးကြၽတ္ သန္းေခါင္စာရင္းကို (၁၅)ရက္အတြင္းအၿပီး ေကာက္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဗဟိုသန္းေခါင္စာရင္းေကာ္မရွင္ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးျမင့္ႀကိဳင္က မတ္လ(၆)ရက္တြင္ ေနျပည္ ေတာ္ရွိ ကြန္ဗင္းရွင္းဗဟိုဌာန(၂) MICC(2)တြင္က်င္းပခဲ့ေသာ အလုပ္႐ုံေဆြးေႏြးပြဲတြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၁၄ ခုႏွစ္၌ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းကို ေကာက္ယူခဲ့ၿပီး ၂ဝ၁၉ ခုႏွစ္တြင္ ၾကားျဖတ္သန္းေခါင္စာရင္းကို ေကာက္ယူခဲ့ကာရရွိလာသည့္ အခ်က္မ်ားကို စာရင္းျပဳစုၿပီး အစီရင္ခံစာမ်ား ထုတ္ေပးၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွဆိုသည္။

လက္ရွိတြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနသည္ ၂ဝ၂၄ ခုႏွစ္တြင္ သန္ေခါင္းစာရင္းေကာက္ယူရန္အတြက္ ႀကိဳတင္ျပင္ဆင္ျခင္း၊ စာရင္းေကာက္ယူျခင္း၊ စာရင္းျပဳစုျခင္းႏွင့္ အစီရင္ခံစာထုတ္ျပန္ျခင္း လုပ္ငန္းစဥ္(၄)ရပ္ကို ခ်မွတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ၂ဝ၂၄ ခုႏွစ္ လူဦးေရႏွင့္ အိမ္အေၾကာင္းအရာကို သန္းေခါင္စာရင္းေကာက္ယူရာတြင္ သန္းေခါင္ စာရင္း ရည္ၫႊန္းခ်က္အား ၂ဝ၂၄ ခုႏွစ္ စက္တင္ဘာလ(၃ဝ)ရက္ ညသန္းေခါင္ယံအခ်ိန္ကို သတ္မွတ္ထားေၾကာင္း သိရသည္။

သတ္မွတ္ထားသည့္ ရည္ၫႊန္းခ်ိန္၏ ေနာက္တစ္ေန႔ျဖစ္သည့္ ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာလ (၁)ရက္မွ (၁၅)ရက္အထိ စုစုေပါင္း (၁၅)ရက္ၾကာ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွဆိုသည္။

အဆိုပါ သန္းေခါင္စာရင္း ေကာက္ယူရာတြင္ အခ်ိန္ကုန္သက္သာေစမည့္ ကြန္ပ်ဴတာအေထာက္အထားအကူျပဳ လူတစ္ဦးခ်င္း ေကာက္ယူသည့္စနစ္(CAPI) ကိုသုံးၿပီး စာရင္းေကာက္မ်ားက တစ္အိမ္တက္ဆင္း Mobile Tablet မ်ားျဖင့္ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သန္းေခါင္စာရင္းကို တစ္ႏိုင္လုံးအတိုင္းအတာျဖင့္ တစ္ခ်ိန္တည္းေကာက္ယူရမည္ ျဖစ္သည့္ အတြက္ သန္းေခါင္စာရင္း ေမးခြန္းပုံစံမ်ားကို ျပဳစုရာတြင္ ကမာၻ႔ကုလသမဂၢမွ ထုတ္ေဝထားသည့္ Principles and Recommendation for Population and Housing Census-Revision 3 ႏွင့္အညီ ေဆာင္႐ြက္ရန္လိုေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရတနာပုံတံတားပေါ်မှ ခုန်ချသွားခဲ့သော သံဃာတော်၏ ရုပ်အလောင်းအား (၃)ရက်အကြာတွင် ပြန်လည်တွေ့ရှိ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved