လန်ဒန်လေလံပွဲမှာ Macallan 1926 က ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီပုလင်းအဖြစ် စံချိန်တင်
ရောင်နီ (NSS) - နိုဝင်ဘာ ၁၉
နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်တဲ့ Sotheby's လေလံပွဲမှာ Macallan 1926 က စံချိန်တင်ပေါင် ၂.၁ သန်းနဲ့ ကမ္ဘာ့တန်ဖိုး အကြီးဆုံးဝီစကီ အဖြစ် စံချိန်တင်ခဲ့ပါတယ်။
အဆိုပါ ဝီစကီပုလင်းကို ပေါင် ၇၅ဝဝဝဝ မှ ပေါင် ၁.၂ သန်းထိသာ လေလံဆွဲနိုင်ဖို့ ခန့်မှန်းထားပေမယ့် ပေါင် ၂.၁၈၇,၅ဝဝ ထိ ရရှိလာခြင်းကြောင့် ခန့်မှန်းထားတာထက် ကျော်လွန်စွာ အမြက်ထွက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
အဆိုပါရောင်းချမှုဟာ လေလံတင်ရောင်းချတဲ့ မည်သည့်ယမကာပုလင်း (သို့မဟုတ်) ဝိုင်တွေထက် တန်ဖိုး ကျော်လွန်ကာ စံချိန်သစ်တင်ခဲ့တယ်လို့ Sotheby's က ပြောကြားခဲ့ပါတယ်။ ၂ဝ၁၉ ခုနှစ်ကလည်း Macallan 1926 ပုလင်းတွေထဲက တစ်ခုဟာ လန်ဒန်လေလံပွဲမှာပဲ ပေါင် ၁.၅ သန်း ရရှိခဲ့ပြီး စံချိန်တင်ခဲ့ဖူးပါတယ်။
အခုတော့ အဲဒီစံချိန်ကို ကျော်ဖြတ်သွားပြီဖြစ်ပါတယ်။ စံချိန်တင်ခဲ့တဲ့ Macallan 1926 ဝီစကီကို သစ်သီး ခြောက်များစွာ၊ ဟင်းခတ်အမွှေးအကြိုင်များစွာနဲ့ ဥရောပသစ်သစ်ချပင်အဆီအနှစ်တို့နဲ့ချက်လုပ်ကာ အနှစ် ၆ဝ ကြာအောင် သိုလှောင်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ထောင်စုလမ်းမပေါ် နောင်ချို နှင့် ကျောက်မဲတစ်ဝိုက်တွင် TNLA၊ PDF အဖွဲ့က ဖျက်ဆီးခဲ့သော တံတား နှင့် လမ်းပိုင်းများကို ပြင်ဆင်ပြီးဖြစ်ဟု နစကဆို
RELATED POSTS
19 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း