ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်အားလုံး စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်သွားခြင်းမျိုးမရှိ
မြူနစ် (NSS) - နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်အားလုံး စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်သွားခြင်းမျိုး မရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲတစ်ဦးက NSS ကို ပြောသည်။
လတ်တလောတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA ၏ ဖမ်းဆီးမည်ကို စိုးရိမ်၍ ရခိုင်ဝန်ကြီးအချို့ စစ်တွေမြို့မှ တိမ်းရှောင်နေသည်ဟုဆိုကာ သတင်းဌာနအချို့က ဖော်ပြလျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အကြီးအကဲတစ်ဦးက “မဟုတ်ပါဘူး။ မနေ့ကလည်း ကျွန်တော်တို့ ဝန်ကြီးအဖွဲ့အစည်းအဝေးလုပ်ပါတယ်။ မြို့ပေါ်မှာ ဝန်ကြီးအဖွဲ့ဝင်တွေ အကုန်လုံးရှိတယ်။ ကိုယ့်ရုံးမှာ ကိုယ်ပုံမှန်တက်နေကြတယ်။ အကုန် လုံးရှိပါတယ်။ တိမ်းရှောင်သွားတာမရှိပါဘူး။ အစိုးရအဖွဲ့အစည်းအဝေးတွေလည်း လုပ်နေပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းအပါအဝင် ဝန်ကြီးအဖွဲ့သည် ပုံမှန်ရုံးတက်လျက်ရှိပြီး အစိုးရအဖွဲ့အစည်းအဝေးများကို ပုံမှန်ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြော သည်။
ထိုသို့သတင်းဌာနအချို့က ဖော်ပြနေသည့် အထက်ပါသတင်းများမှာ အခြေအမြစ်မရှိကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အကြီးအကဲတစ်ဦးက ပြန်လည်တုံ့ပြန်ထား သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ဦးထိန်းလင်းက တာဝန်ယူထားပြီး နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်သူရ၊ စီးပွားရေးရာဝန်ကြီးအဖြစ် ဦးစံရွှေမောင်၊ သယံဇာတရေးရာဝန်ကြီးအဖြစ် ဦးသန်းထွန်း၊ လူမှုရေးရာဝန်ကြီးအဖြစ် ဦးစောနိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးအဖြစ် ရဲမှူးကြီးသက်လွင် နှင့် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးတင်လှတို့က တာဝန်ယူထားသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို စတင်တိုက်ခိုက်ကာ တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လောင်းမြို့နယ်တွင် ကျပ်သိန်း(၅၀၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို TOYOTA SURF ကားပေါ်မှ ဖမ်းမိခဲ့
RELATED POSTS
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ