Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအပေါ် အကျိုးမရှိစေဘဲ နိုင်ငံရေးသွတ်သွင်းရန် ရည်ရွယ်နေဟု နစကတုံ့ပြန်

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၄

ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးအ ပေါ် အကျိုးမရှိစေဘဲ နိုင်ငံရေးသွတ်သွင်းရန်သာ ရည်ရွယ်နေကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၃ ရက် ညပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်အဆိုအပေါ် အထက်ပါကဲ့သို့ ပြန်လည်တုံ့ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ထိ ခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာဖြစ်ပြီး လုံခြုံရေးကောင်စီက ယခုကဲ့သို့ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့ခြင်းမှာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်ညီ ညွတ်ခြင်းမရှိဟု ဝန်ကြီးဌာနက တုံ့ပြန်ထားသည်။

ထို့ပြင် ဆုံးဖြတ်ချက်အဆို၌ အကြမ်းဖက်မှုများရပ်တန့်ရန် တောင်းဆိုထားကြောင်း တွေ့ရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အခြားအကြမ်းဖက်လုပ်ရပ်များကိုသာ ရှုတ်ချတားဆီးရန်လို အပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ချေပထားသည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပြည်တွင်းတည်ငြိမ်မှုကို ထိခိုက်စေမည့် ဖိအားပေးမှုများသည် မည်သို့မျှအထောက်အကူမပြုကြောင်းနှင့် ယင်းသို့သောဆောင်ရွက်ချက်များကို မြန်မာနိုင်ငံက လက်ခံမည်မဟုတ်ကြောင်း ပြန်လည်တုံ့ ပြန်ထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ပါအချက်များသည် မြန်မာနိုင်ငံတည် ငြိမ်အေးချမ်းရေးအတွက် အပြုသဘော အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ နိုင်ငံရေးသွတ် သွင်းရန် ရည်ရွယ်ထားသည့်အချက်များကိုသာ ဦးစားပေးထားကြောင်း တွေ့ရှိရ သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ့အရေးဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများ၊ နိုင်ငံ၏ အခြေခံမူဝါဒရပ်တည်ချက်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၂၁ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုများကို ရပ်တန့်ရန်တို့အပါအဝင် ဆုံးဖြတ်ချက်အဆိုကို မဲခွဲအတည်ပြုခဲ့ကြောင်း သိရသည်။











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန် အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved