တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ရန်ကုန်၊ မော်လမြိုင်၊ ပြည် အထူးရထားများ ပြေးဆွဲမည်
စော(NSS) - နိုဝင်ဘာ ၁၅
တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ရန်ကုန်၊ မော်လမြိုင်၊ ပြည် အထူးရထားများ ပြေးဆွဲမည် ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
အဆိုပါ အထူးရထားခရီးစဉ်များမှာ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် အစုန်/အဆန်အထူးရထားများ ဖြစ်ကြောင်း သိရသည်။
ပုံမှန်ပြေးဆွဲနေသည့် ရထားများအပြင် အထူးရထားများကိုပါ လာမည့် နိုဝင်ဘာလ (၂၄)ရက်မှစတင်၍ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် အထူးရထားပြေးဆွဲမှာပါ။ ရန်ကုန်-ပုဂံ ကတော့ အခြေအနေအရ ပြေးဆွဲပေးသွားမှာပါ။ နိုဝင်ဘာလ (၂၄)ရက်ကနေ (၂၆)ရက်အထိတော့ ရည်ရွယ်ထားပါတယ်။ အထူးရထားတွေအတွက် လက်မှတ်ခတွေကို ပြောင်းထားတာမရှိပါဘူး”ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အထူးရထားများအတွက် လက်မှတ်များကို ပုံမှန်အတိုင်း ရောင်းချပေးသွားမည်ဖြစ်ပြီး အထက်တန်းအတွက် သုံးရက်၊ ရိုးရိုးတန်းအတွက် တစ်ရက် ကြိုတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးသင်္ဘောများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
19 Oct 2024 | ခရီးသွား,ပြည်တွင်း
04 Oct 2024 | ခရီးသွား,ပြည်တွင်း
03 Oct 2024 | ခရီးသွား,ပြည်တွင်း
23 Sep 2024 | ခရီးသွား,နိုင်ငံတကာ