Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်အပေါ် တိုက်ခိုက်မှုဖြစ်နိုင်ချေရှိမှုနှင့်ပတ်သက်၍ IAEA အကြီးအကဲမှတ်ချက်ကို နေတန်ယာဟု ပယ်ချ

Htay Oung (NP News) - မတ် ၆

အီရန်နျူကလီးယားစက်ရုံများအပေါ် အစ္စရေး သို့မဟုတ် အမေရိကန်နိုင်ငံက တိုက်ခိုက်ခြင်းဟာ တရား ဝင်မည်မဟုတ်ကြောင်း ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့အကြီးအကဲရဲ့ မှတ်ချက်အပေါ် တနင်္ဂနွေနေ့ (မတ်လ ၅ ရက်)မှာ အစ္စရေးက ပြစ်တင်ရှုတ်ချလိုက်တယ်လို့ Reuters ကမတ်လ ၅ ရက်ကရေးသားပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ အီရန်တို့အကြား ချုပ်ဆိုထားတဲ့ ၂ဝ၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်ကို သက်တမ်းတိုးရန် ကြိုးပမ်းတဲ့အနေနဲ့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ဥက္ကဋ္ဌ ရာဖဲလ်ဂရိုစီဟာ တီဟီရန်ကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် နျူကလီးယားစက်ရုံများကို စစ်ရေးအရ တိုက် ခိုက်ခြင်းဟာ ဥပဒေနဲ့ မညီညွတ်ဖူးလို့ IAEA ဥက္ကဋ္ဌက မှတ်ချက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

အီရန်နျူကလီးယား စက်ရုံများကို တိုက်ခိုက်မယ်လို့ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ခြိမ်းခြောက်မှုများနဲ့ ပတ် သက်ပြီး သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို IAEA ဥက္ကဋ္ဌက ဖြေကြားရာမှာ သူတို့အနေနဲ့ သံတမန်ရေးကိစ္စဆိုတာ ဗုံးနဲ့အဆုံးသတ်ပြီး ငြင်းပယ်မယ်လို့ မှတ်ယူခဲ့လျှင် (ဖြစ်နိုင်ကြောင်း) မှတ်ချက်ပေးပါတယ်။ တီဟီရန်ကတော့ သူရဲ့နျူကလီးယားအစီအစဉ်ဟာ အကြမ်းဖက်မှုအတွက် မပါဝင်ဘူးလို့ ပြောဆိုနေပါတယ်။

ဒီအတွက် ရာဖဲလ်ဂရိုစီဟာ မပြောသင့်တဲ့ စကားကို ပြောလိုက်တာပဲ လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေ တန်ယာဟုက တနင်္ဂနွေနေ့ အစိုးရအဖွဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်းရှုတ်ချလိုက်ပါတယ်။

“ဥပဒေနဲ့ မညီညွတ်ဖူးဆိုတာ ဘာကို ဆိုလိုတာလဲ၊ ကျွန်တော်တို့ကို ဖျက်ဆီးမယ်လို့ ပြောင် ပြောင်တင်းတင်းပြောနေတဲ့ အီရန်ဟာ ဥပဒေနဲ့ ညီညွတ်ပြီး ကျွန်တော်တို့အပေါ် အပြတ်အသတ်အနိုင်ယူဖို့ ကိရိယာတွေ စုဆောင်းနေတာကို ခွင့်ပြုချက်ပေးလိုက်တာလား။ ကိုယ်ကိုယ်ကို ခုခံကာကွယ်ဖို့ကိစ္စအပေါ် တားဆီးနေတာလား“ "ကျွန်တော်တို့အနေနဲ့ ဒါကိုလုပ်ဖို့ အခွင့်အရေး အပြည့်အဝရှိပါတယ်"လို့ ပြောဆိုပါတယ်။

ဂရော့စီဟာ အီရန်နိုင်ငံအတွင်း ကာလအတော်ကြာ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့ ယူရေနီယံ အမှုန်အမွှားများ စုံစမ်းစစ်ဆေးရေးအတွက် လုပ်ဆောင်နေ့ကြောင်း၊ (နျူစက်ရုံမှာ) ဖယ်ရှားထားတဲ့ စောင့်ကြည့်ရေးကိရိယာများကို ပြန်လည်တပ်ဆင်ပေးမယ်လို့ အီရန်က အကြွင်းမဲ့ အာမခံကြောင်း IAEA က စနေနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

(အီရန်က သူ့ရဲ့ နျူကလီယာ အစီအစဉ်တွေဟာ ငြိမ်းချမ်းရေးအတွက် ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။ ဒါပေမဲ့ အစ္စရေးနိုင်ငံကို တိုက်ခိုက်မယ်လို့ အီရန်က ခြိမ်းခြောက်တာလဲ အကြိမ်ကြိမ်ရှိခဲ့ဖူးပါတယ်။ အစ္စရေးက တီဟီရန် အဆောက်အအုံတွေကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ပေါ်ပေါ်ထင်ထင် လုပ်ရပ်မျိုးအပြင် အီရန်နျူကလီယာ သိပ္ပံပညာရှင်ကို သတ်ဖြတ်လုပ်ကြံခဲ့ရာမှာလည်း မော့ဆက်ရဲ့လက်ချက်လို့ ထင်မှတ်ရတယ်။

အဲ့ဒီလုပ်ရပ်တွေကို အီရန်က ကန့်ကွက်ပေမဲ့ သူ့နိုင်ငံကိုယ် ကာကွယ်ခွင့်ရှိကြောင်း အစ္စရေးက ချေပခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ် သဘောတူစာချုပ်မှ ဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်က တစ်ဖက်သပ်နှုတ်ထွက်သွားတဲ့အတွက် အီရန်ရဲ့ နျူကလီယာအစီအစဉ်တွေကို ကမ္ဘာက စောင့်ကြည့်ခွင့် လက်လွတ်ခဲ့ရပါတယ်။ အဲ့ဒီအချိန် အတောအတွင်း အီရန်ရဲ့ နျူကလီယာစွမ်းရည်ဟာ အံ့သြစရာကောင်းလောက်အောင် လျင်လျင်မြန်မြန်တိုးတက်လာတဲ့အတွက် ၁၂ ရက်ခန့်နဲ့ အဏုမြူလက်နက်တည်ဆောက်နိုင်တဲ့အထိ ဖြစ်လာခဲ့ကြောင်း သတင်းများမှာ တွေ့ရှိရပါတယ်။

စစ်ရေးမှာ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ဆိုတာ အလွန်ရှုတ်ထွေးပြီး အပြည်ပြည်ဆိုင်ရာဥပဒေမှာ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားတယ်ဆိုတာအတိအကျ မသိရှိရသေးပါ။ တကယ်လို့ အစ္စရေး သို့မဟုတ် အမေရိကန်က တိုက်ခိုက်ခဲ့ရင် ဥပဒေချိုးဖောက်ရာ ရောက်ရှိတယ်လို့ IAEA က ပြောပါတယ်။ အီရန်က သူ့နျူစက်ရုံဟာ ငြိမ်းချမ်းရေးအတွက်ပါလို့ ဘယ်လိုပဲပြောပြော အမေရိကန်-အစ္စရေးတို့အနေနဲ့ စိတ်ချလက်ချ ရှိမည် မထင်ပါဘူး။

အမေရိကန်မှာ Competitor “ပြိုင်ဘက်" လို့ သတ်မှတ်ရမည့် နိုင်ငံ/အဖွဲ့အစည်းများ ရှိပါတယ်။အယ်လ်ကိုင်ဒါ လို အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းဟာ အမေရိကန်တို့အတွက် #တကယ့်အန္တရာယ်ကောင် ဖြစ်ပေမဲ့ ဝါရှင်တန်ရဲ့ ပြိုင်ဘက် စာရင်းမဝင်ပါ။ ဆယ်စုနှစ်ပေါင်း အတော်ကြာကြာတည်းက တရုတ်-ရုရှားတို့ဟာ အမေရိ ကန်ရဲ့ ပြိုင်ဘက်များဖြစ်နေခဲ့ပါတယ်။ မကြာသေးမီက နျူလက်နက်ပိုင်ရှင်ဖြစ်လာပြီလို့ ယုံကြည်ရတဲ့ မြောက် ကိုရီးယားနဲ့ ယခုနောက်ပိုင်း အီရန်လည်း ပြိုင်ဘက်ဖြစ်လာဖွယ်ရှိပါတယ်။ အဲဒီ ၂-နိုင်ငံအပါဝင် မြန်မာနိုင်ငံဟာ ဝင်ရိုးတန်း မိစ္ဆာတိုင်းပြည်တွေလို့ ဝါရှင်တန်က ယခင်တည်းက လူသိရှင်ကြား ရည်ညွှန်းခဲ့ဖူးတယ်။ တရုတ် ဘောမအဖြစ် ဝါရှင်တန်က သတ်မှတ်ထားတဲ့ မြန်မာဟာ ယခုနောက်ပိုင်း ရုရှားအောက်ဆွဲပါ ဖြစ်လာနေပြီလို့ သတ်မှတ်မှာ သေချာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အစိုးရတက်တက် စစ်ရေးမှာ အလွန်သိပ်သည်းပြီး တရုတ်အိမ်နီးချင်း မြန်မာဟာ အမေရိကန်ရဲ့ #ရာဇမာန်ရှခြင်းကပ်ဘေးက လွတ်ကင်းစရာ မရှိနိုင်ပါဘူး။

နျူကလီယာအဆောက်အအုံဆိုတာ မူလတည်းက အလွန်အန္တရာယ်များတဲ့ ပျော့ကွက်ရှိပြီးဖြစ်ပါတယ်။ တိုက်ခိုက်ဖျက်ဆီးခံရရင် ရေဒီယိုသတ္တိကြွ အမှုန်အမွှားများဟာ ဒေသအတွင်း ပျံံလွင့်သွားနိုင်ပါတယ်။ အဲ့ဒီအခါ သူကိုယ်တိုင်လည်း အန္တရာယ်မကင်းကြောင်း အစ္စရေးတို့ သိရှိနိုင်လောက်ပါတယ်။ ဒါ့ကြောင့် အမေရိကန်နဲ့ အစ္စရေးတို့က တားဆီးဖို့ ဘယ်လို ဆက်ဖြစ်လာမယ်ဆိုတာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters., 05 March 2023,” Netanyahu rebuffs IAEA chief's remarks against possible attack on Iran” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

အီရန္အေပၚ တိုက္ခိုက္မႈျဖစ္ႏိုင္ေခ်ရွိမႈႏွင့္ပတ္သက္၍ IAEA အႀကီးအကဲမွတ္ခ်က္ကို ေနတန္ယာဟု ပယ္ခ်

Htay Oung (NP News) - မတ္ ၆

အီရန္န်ဴကလီးယားစက္႐ုံမ်ားအေပၚ အစၥေရး သို႔မဟုတ္ အေမရိကန္ႏိုင္ငံက တိုက္ခိုက္ျခင္းဟာ တရား ဝင္မည္မဟုတ္ေၾကာင္း ကုလသမဂၢန်ဴကလီးယားေစာင့္ၾကည့္ေရးအဖြဲ႕အႀကီးအကဲရဲ႕ မွတ္ခ်က္အေပၚ တနဂၤေႏြေန႔ (မတ္လ ၅ ရက္)မွာ အစၥေရးက ျပစ္တင္ရႈတ္ခ်လိုက္တယ္လို႔ Reuters ကမတ္လ ၅ ရက္ကေရးသားပါတယ္။

ကမာၻ႔အင္အားႀကီးႏိုင္ငံမ်ားနဲ႔ အီရန္တို႔အၾကား ခ်ဳပ္ဆိုထားတဲ့ ၂ဝ၁၅ ခုႏွစ္ န်ဴကလီးယားသေဘာတူညီခ်က္ကို သက္တမ္းတိုးရန္ ႀကိဳးပမ္းတဲ့အေနနဲ႔ ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီ IAEA ဥကၠ႒ ရာဖဲလ္ဂ႐ိုစီဟာ တီဟီရန္ကို သြားေရာက္ခဲ့ပါတယ္။ အဲဒီေနာက္ န်ဴကလီးယားစက္႐ုံမ်ားကို စစ္ေရးအရ တိုက္ ခိုက္ျခင္းဟာ ဥပေဒနဲ႔ မညီၫြတ္ဖူးလို႔ IAEA ဥကၠ႒က မွတ္ခ်က္ေပးခဲ့ျခင္း ျဖစ္ပါတယ္။

အီရန္န်ဴကလီးယား စက္႐ုံမ်ားကို တိုက္ခိုက္မယ္လို႔ အစၥေရးနဲ႔ အေမရိကန္တို႔ရဲ႕ ၿခိမ္းေျခာက္မႈမ်ားနဲ႔ ပတ္ သက္ၿပီး သတင္းေထာက္တစ္ဦးရဲ႕ ေမးခြန္းကို IAEA ဥကၠ႒က ေျဖၾကားရာမွာ သူတို႔အေနနဲ႔ သံတမန္ေရးကိစၥဆိုတာ ဗုံးနဲ႔အဆုံးသတ္ၿပီး ျငင္းပယ္မယ္လို႔ မွတ္ယူခဲ့လွ်င္ (ျဖစ္ႏိုင္ေၾကာင္း) မွတ္ခ်က္ေပးပါတယ္။ တီဟီရန္ကေတာ့ သူရဲ႕န်ဴကလီးယားအစီအစဥ္ဟာ အၾကမ္းဖက္မႈအတြက္ မပါ၀င္ဘူးလို႔ ေျပာဆိုေနပါတယ္။

ဒီအတြက္ ရာဖဲလ္ဂ႐ိုစီဟာ မေျပာသင့္တဲ့ စကားကို ေျပာလိုက္တာပဲ လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေန တန္ယာဟုက တနဂၤေႏြေန႔ အစိုးရအဖြဲ႕ ႐ုပ္ျမင္သံၾကား မိန္႔ခြန္းမွာ ထည့္သြင္းရႈတ္ခ်လိုက္ပါတယ္။

“ဥပေဒနဲ႔ မညီၫြတ္ဖူးဆိုတာ ဘာကို ဆိုလိုတာလဲ၊ ကြၽန္ေတာ္တို႔ကို ဖ်က္ဆီးမယ္လို႔ ေျပာင္ ေျပာင္တင္းတင္းေျပာေနတဲ့ အီရန္ဟာ ဥပေဒနဲ႔ ညီၫြတ္ၿပီး ကြၽန္ေတာ္တို႔အေပၚ အျပတ္အသတ္အႏိုင္ယူဖို႔ ကိရိယာေတြ စုေဆာင္းေနတာကို ခြင့္ျပဳခ်က္ေပးလိုက္တာလား။ ကိုယ္ကိုယ္ကို ခုခံကာကြယ္ဖို႔ကိစၥအေပၚ တားဆီးေနတာလား“ "ကြၽန္ေတာ္တို႔အေနနဲ႔ ဒါကိုလုပ္ဖို႔ အခြင့္အေရး အျပည့္အဝရွိပါတယ္"လို႔ ေျပာဆိုပါတယ္။

ဂေရာ့စီဟာ အီရန္ႏိုင္ငံအတြင္း ကာလအေတာ္ၾကာ ေဆာင္႐ြက္ႏိုင္ျခင္း မရွိခဲ့တဲ့ ယူေရနီယံ အမႈန္အမႊားမ်ား စုံစမ္းစစ္ေဆးေရးအတြက္ လုပ္ေဆာင္ေန႔ေၾကာင္း၊ (န်ဴစက္႐ုံမွာ) ဖယ္ရွားထားတဲ့ ေစာင့္ၾကည့္ေရးကိရိယာမ်ားကို ျပန္လည္တပ္ဆင္ေပးမယ္လို႔ အီရန္က အႂကြင္းမဲ့ အာမခံေၾကာင္း IAEA က စေနေန႔မွာ သတင္းထုတ္ျပန္ပါတယ္။

(အီရန္က သူ႔ရဲ႕ န်ဴကလီယာ အစီအစဥ္ေတြဟာ ၿငိမ္းခ်မ္းေရးအတြက္ ျဖစ္တယ္လို႔ ေျပာဆိုေနပါတယ္။ ဒါေပမဲ့ အစၥေရးႏိုင္ငံကို တိုက္ခိုက္မယ္လို႔ အီရန္က ၿခိမ္းေျခာက္တာလဲ အႀကိမ္ႀကိမ္ရွိခဲ့ဖူးပါတယ္။ အစၥေရးက တီဟီရန္ အေဆာက္အအုံေတြကို ဒ႐ုန္းနဲ႔ တိုက္ခိုက္တဲ့ ေပၚေပၚထင္ထင္ လုပ္ရပ္မ်ိဳးအျပင္ အီရန္န်ဴကလီယာ သိပၸံပညာရွင္ကို သတ္ျဖတ္လုပ္ႀကံခဲ့ရာမွာလည္း ေမာ့ဆက္ရဲ႕လက္ခ်က္လို႔ ထင္မွတ္ရတယ္။

အဲ့ဒီလုပ္ရပ္ေတြကို အီရန္က ကန္႔ကြက္ေပမဲ့ သူ႔ႏိုင္ငံကိုယ္ ကာကြယ္ခြင့္ရွိေၾကာင္း အစၥေရးက ေခ်ပခဲ့ပါတယ္။ ၂ဝ၁၅ ခုႏွစ္ သေဘာတူစာခ်ဳပ္မွ ေဒၚနယ္ထရမ့္လက္ထက္ အေမရိကန္က တစ္ဖက္သပ္ႏႈတ္ထြက္သြားတဲ့အတြက္ အီရန္ရဲ႕ န်ဴကလီယာအစီအစဥ္ေတြကို ကမာၻက ေစာင့္ၾကည့္ခြင့္ လက္လြတ္ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္ အေတာအတြင္း အီရန္ရဲ႕ န်ဴကလီယာစြမ္းရည္ဟာ အံ့ၾသစရာေကာင္းေလာက္ေအာင္ လ်င္လ်င္ျမန္ျမန္တိုးတက္လာတဲ့အတြက္ ၁၂ ရက္ခန္႔နဲ႔ အဏုျမဴလက္နက္တည္ေဆာက္ႏိုင္တဲ့အထိ ျဖစ္လာခဲ့ေၾကာင္း သတင္းမ်ားမွာ ေတြ႕ရွိရပါတယ္။

စစ္ေရးမွာ မိမိကိုယ္မိမိ ခုခံကာကြယ္ပိုင္ခြင့္ဆိုတာ အလြန္ရႈတ္ေထြးၿပီး အျပည္ျပည္ဆိုင္ရာဥပေဒမွာ ဘယ္လို အဓိပၸါယ္ဖြင့္ဆိုထားတယ္ဆိုတာ အတိအက် မသိရွိရေသးပါ။ တကယ္လို႔ အစၥေရး သို႔မဟုတ္ အေမရိကန္က တိုက္ခိုက္ခဲ့ရင္ ဥပေဒခ်ိဳးေဖာက္ရာ ေရာက္ရွိတယ္လို႔ IAEA က ေျပာပါတယ္။ အီရန္က သူ႔န်ဴစက္႐ုံဟာ ၿငိမ္းခ်မ္းေရးအတြက္ပါလို႔ ဘယ္လိုပဲေျပာေျပာ အေမရိကန္-အစၥေရးတို႔အေနနဲ႔ စိတ္ခ်လက္ခ် ရွိမည္ မထင္ပါဘူး။

အေမရိကန္မွာ Competitor “ၿပိဳင္ဘက္" လို႔ သတ္မွတ္ရမည့္ ႏိုင္ငံ/အဖြဲ႕အစည္းမ်ား ရွိပါတယ္။အယ္လ္ကိုင္ဒါ လို အစြန္းေရာက္ အၾကမ္းဖက္အဖြဲ႕အစည္းဟာ အေမရိကန္တို႔အတြက္ #တကယ့္အႏၲရာယ္ေကာင္ ျဖစ္ေပမဲ့ ဝါရွင္တန္ရဲ႕ ၿပိဳင္ဘက္ စာရင္းမဝင္ပါ။ ဆယ္စုႏွစ္ေပါင္း အေတာ္ၾကာၾကာတည္းက တ႐ုတ္-႐ုရွားတို႔ဟာ အေမရိ ကန္ရဲ႕ ၿပိဳင္ဘက္မ်ားျဖစ္ေနခဲ့ပါတယ္။ မၾကာေသးမီက န်ဴလက္နက္ပိုင္ရွင္ျဖစ္လာၿပီလို႔ ယုံၾကည္ရတဲ့ ေျမာက္ ကိုရီးယားနဲ႔ ယခုေနာက္ပိုင္း အီရန္လည္း ၿပိဳင္ဘက္ျဖစ္လာဖြယ္ရွိပါတယ္။ အဲဒီ ၂-ႏိုင္ငံအပါ၀င္ ျမန္မာႏိုင္ငံဟာ ၀င္႐ိုးတန္း မိစာၦတိုင္းျပည္ေတြလို႔ ဝါရွင္တန္က ယခင္တည္းက လူသိရွင္ၾကား ရည္ၫႊန္းခဲ့ဖူးတယ္။ တ႐ုတ္ ေဘာမအျဖစ္ ဝါရွင္တန္က သတ္မွတ္ထားတဲ့ ျမန္မာဟာ ယခုေနာက္ပိုင္း ႐ုရွားေအာက္ဆြဲပါ ျဖစ္လာေနၿပီလို႔ သတ္မွတ္မွာ ေသခ်ာပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဘယ္အစိုးရတက္တက္ စစ္ေရးမွာ အလြန္သိပ္သည္းၿပီး တ႐ုတ္အိမ္နီးခ်င္း ျမန္မာဟာ အေမရိကန္ရဲ႕ #ရာဇမာန္ရွျခင္းကပ္ေဘးက လြတ္ကင္းစရာ မရွိႏိုင္ပါဘူး။

န်ဴကလီယာအေဆာက္အအုံဆိုတာ မူလတည္းက အလြန္အႏၲရာယ္မ်ားတဲ့ ေပ်ာ့ကြက္ရွိၿပီးျဖစ္ပါတယ္။ တိုက္ခိုက္ဖ်က္ဆီးခံရရင္ ေရဒီယိုသတၱိႂကြ အမႈန္အမႊားမ်ားဟာ ေဒသအတြင္း ပ်ံံလြင့္သြားႏိုင္ပါတယ္။ အဲ့ဒီအခါ သူကိုယ္တိုင္လည္း အႏၲရာယ္မကင္းေၾကာင္း အစၥေရးတို႔ သိရွိႏိုင္ေလာက္ပါတယ္။ ဒါ့ေၾကာင့္ အေမရိကန္နဲ႔ အစၥေရးတို႔က တားဆီးဖို႔ ဘယ္လို ဆက္ျဖစ္လာမယ္ဆိုတာ အလြန္စိတ္၀င္စားစရာ ေကာင္းပါတယ္။ ။သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

(Reuters., 05 March 2023,” Netanyahu rebuffs IAEA chief's remarks against possible attack on Iran” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆရာတော်ကြီး (၁၅)ပါးကို အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များ နစကထိပ်ပိုင်းခေါင်းဆောင်များက ဆက်ကပ်ပူဇော်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved