Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်နက်မဲ့ပြည်သူများ စစ်ဘေးစစ်ဒဏ်မှ ကင်းဝေးရေးအတွက် လက်နက်ကိုင်အဖွဲ့အားလုံး လေးနက်စွာစဉ်းစားရန် PNLO တိုက်တွန်း

မျိုးကြီး (NP News) - မတ် ၅

လက်နက်မဲ့ပြည်သူများ စစ်ဘေးစစ်ဒဏ်မှ အမြန်ဆုံးကင်းဝေးရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လေးနက်စွာစဉ်းစားရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က တိုက်တွန်းထားသည်။

PNLO က ယနေ့(မတ် ၅ ရက်)တွင် ကျရောက်သော (၇၄)နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့၌ ကြေညာချက်ထုတ်ပြန်ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းတိုက်တွန်းထားခြင်းဖြစ်သည်။

ယနေ့ကျရောက်သည့် (၇၄)နှစ်ပြည့် ပအိုဝ်းအမျိုးသားနေ့ အကြိုကာလတွင် နိုင်ငံအနှံ့အပြား၌ အခြားညီ နောင်တိုင်းရင်းသားဒေသများနည်းတူ ပင်းလောင်းမြို့နယ်ရှိ လုံးပျဉ်ရွာ၊ ကောင်မဲသင်းရွာ၊ နမ်းနိန်းရွာ စသော ကျေးရွာများတွင် စစ်ဘေးစစ်ဒဏ်ကို ကြုံတွေ့နေရချိန်ဖြစ်ကြောင်း PNLO က ဆိုထားသည်။

၎င်းဒေသများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပအိုဝ်းလူမျိုးနှင့် ကရင်နီပြည်ရှိ လူမျိုးများဖြစ်ပွားနေသည့် တိုက်ပွဲများမဟုတ်ဘဲ ပြည်ထောင်စုသားများ၏ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုအကြား နိုင်ငံရေးအယူအဆမတူညီမှုကို အခြေခံသည့် တိုက်ပွဲများသာဖြစ်ကြောင်းလည်း PNLO အဖွဲ့က အသိပေးကြေညာထား သည်။

ထို့ကြောင့် ပြည်ထောင်စုတည်ငြိမ်အေးချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် ဖက်ဒရက်ပြည်ထောင်စုထူထောင်နိုင်ရေးနှင့် လက်နက်မဲ့ပြည်သူများ စစ်ဘေးစစ်ဒဏ်မှ အမြန်ဆုံးကင်းဝေးစေရန်အတွက် သက်ဆိုင်သော လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေဖြင့် လေးနက်စွာစဉ်းစားစေချင်ကြောင်း PNLO အဖွဲ့က တိုက်တွန်းထားသည်။

ပြည်ထောင်စုအနာဂတ်အတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးအတွက် ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စစ်ဘေးစစ်ဒဏ်သင့်ပြည်သူများကိုလည်း ကူညီပံ့ပိုးကြရန် အဆိုပါအဖွဲ့က တိုက်တွန်းကြေညာထားသည်။

လက်ရှိတွင် PNLO အဖွဲ့သည် နစကနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

zawgyi version

လက္နက္မဲ့ျပည္သူမ်ား စစ္ေဘးစစ္ဒဏ္မွ ကင္းေဝးေရးအတြက္ လက္နက္ကိုင္အဖြဲ႕အားလုံး ေလးနက္စြာစဥ္းစားရန္ PNLO တိုက္တြန္း

မ်ိဳးႀကီး (NP News) - မတ္ ၅

လက္နက္မဲ့ျပည္သူမ်ား စစ္ေဘးစစ္ဒဏ္မွ အျမန္ဆုံးကင္းေဝးေရးအတြက္ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံး ေလးနက္စြာစဥ္းစားရန္ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္(PNLO)က တိုက္တြန္းထားသည္။

PNLO က ယေန႔(မတ္ ၅ ရက္)တြင္ က်ေရာက္ေသာ (၇၄)ႏွစ္ျပည့္ ပအိုဝ္းအမ်ိဳးသားေန႔၌ ေၾကညာခ်က္ထုတ္ျပန္ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းတိုက္တြန္းထားျခင္းျဖစ္သည္။

ယေန႔က်ေရာက္သည့္ (၇၄)ႏွစ္ျပည့္ ပအိုဝ္းအမ်ိဳးသားေန႔ အႀကိဳကာလတြင္ ႏိုင္ငံအႏွံ႔အျပား၌ အျခားညီ ေနာင္တိုင္းရင္းသားေဒသမ်ားနည္းတူ ပင္းေလာင္းၿမိဳ႕နယ္ရွိ လုံးပ်ဥ္႐ြာ၊ ေကာင္မဲသင္း႐ြာ၊ နမ္းနိန္း႐ြာ စေသာ ေက်း႐ြာမ်ားတြင္ စစ္ေဘးစစ္ဒဏ္ကို ႀကဳံေတြ႕ေနရခ်ိန္ျဖစ္ေၾကာင္း PNLO က ဆိုထားသည္။

၎ေဒသမ်ား၌ ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားသည္ ပအိုဝ္းလူမ်ိဳးႏွင့္ ကရင္နီျပည္ရွိ လူမ်ိဳးမ်ားျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားမဟုတ္ဘဲ ျပည္ေထာင္စုသားမ်ား၏ အဖြဲ႕အစည္းတစ္ခုႏွင့္တစ္ခုအၾကား ႏိုင္ငံေရးအယူအဆမတူညီမႈကို အေျခခံသည့္ တိုက္ပြဲမ်ားသာျဖစ္ေၾကာင္းလည္း PNLO အဖြဲ႕က အသိေပးေၾကညာထား သည္။

ထို႔ေၾကာင့္ ျပည္ေထာင္စုတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို အေျခခံသည့္ ဖက္ဒရက္ျပည္ေထာင္စုထူေထာင္ႏိုင္ေရးႏွင့္ လက္နက္မဲ့ျပည္သူမ်ား စစ္ေဘးစစ္ဒဏ္မွ အျမန္ဆုံးကင္းေဝးေစရန္အတြက္ သက္ဆိုင္ေသာ လက္နက္ကိုင္အဖြဲ႕အစည္းအားလုံးအေနျဖင့္ ေလးနက္စြာစဥ္းစားေစခ်င္ေၾကာင္း PNLO အဖြဲ႕က တိုက္တြန္းထားသည္။

ျပည္ေထာင္စုအနာဂတ္အတြက္ ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းေရးအတြက္ ပအိုဝ္းအမ်ိဳးသားထုတစ္ရပ္လုံးအေနျဖင့္ ပူးေပါင္းေဆာင္႐ြက္ၾကရန္ႏွင့္ စစ္ေဘးစစ္ဒဏ္သင့္ျပည္သူမ်ားကိုလည္း ကူညီပံ့ပိုးၾကရန္ အဆိုပါအဖြဲ႕က တိုက္တြန္းေၾကညာထားသည္။

လက္ရွိတြင္ PNLO အဖြဲ႕သည္ နစကႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိၿပီး ႏိုင္ငံေရးျပႆနာမ်ားကို ႏိုင္ငံေရးနည္းျဖင့္ ေျဖရွင္းရန္ ႀကိဳးပမ္းေနသည့္ လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နွေရာသီ၌ စက်မှုဇုန်များတွင် စက်သုံးဆီ လုံလောက်စွာရရှိရန် ဆွေးနွေး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved