မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပါဝင်သော working group များ ဖွဲ့စည်းဆောင်ရွက်မည်
စော (NSS) - နိုဝင်ဘာ ၁၂
မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ- ပုဂ္ဂလိကပါဝင်သော working group များ ဖွဲ့စည်းဆောင်ရွက်ရန် နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ပြီးခဲ့သည့် (နိုဝင်ဘာလ ၁၀ ရက်) တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ် အထက်ပါကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။
ထို့သို့ တွေ့ဆုံခဲ့ရာ မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ- ပုဂ္ဂလိကပါဝင်သော working group များ ဖွဲ့စည်းဆောင်ရွက်သွားမည့်ကိစ္စများ၊ နှစ်နိုင်ငံခရီးသွားများ အပြန်အလှန်သွားလာ လည်ပတ်နိုင်ရေး နှင့် အစိုးရ-ပုဂ္ဂလိက အားလုံးပါဝင်သော Virtual Tourism Forum ပြုလုပ်နိုင်ရေးကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ရုရှား နှစ်နိုင်ငံခရီးစဉ်ဒေသများသို့ တိုက်ရိုက်လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲပေးနိုင်ရေး အပါအဝင် နှစ်နိုင်ငံခရီးစဉ်ဒေသများ ကြော်ငြာမြှင့်တင်ရေးနှင့် နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စေရေးအတွက် Welcome Russia Program in Myanmar အစီအစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် Welcome Russia Program in Myanmar အစီအစဉ်အရ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသို့ ရုရှားခရီးသွားဧည့်သည်များ ပိုမိုသိရှိ လာရောက်လည်ပတ်စေရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများကို ရုရှားခရီးသွားဈေးကွက်တွင် မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီးဌာနမှ မြန်မာ-ရုရှား ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiarization Trip-FAM Trip) ကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသားတွေအပါအဝင် လူပေါင်း (၁၈)ဦးကို ဗီယက်နမ်အာဏာပိုင်တွေ သေဒဏ်ပေး
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ