Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
Conspiracy Theory ဆိုတာ ဘာလဲ၊ တကယ် ရှိသလား၊ ဘာတွေ အရေးကြီးလဲ (‌ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - နိုဝင်ဘာ ၁၁

Conspiracy Theory ဆိုတာ နိုင်ငံရေးအားဖြင့် ယုတ်ညံ့တဲ့သဘောလျှို့ဝှက်ပူးပေါင်းကြံစည်တဲ့ ဖြစ်ရပ် သို့မဟုတ် အခြေအနေတစ်ခုခုကို ဆိုလိုပါတယ်။ မလိုမုန်းထားမှု၊ အထောက်အထား သို့မဟုတ် စိတ်ပိုင်း ဆိုင်ရာတို့အပေါ်မှာ အခြေခံပါတယ်။ အသိရခက်ပြီး မကောင်းတဲ့ သဘော အနှုတ်လက္ခဏာဆောင်တဲ့  အဲဒီလို ပူးပေါင်း ကြံစည်တယ်ဆိုရာမှာ နိုင်ငံအများပါဝင်တဲ့အုပ်စုအတွင်းဖြစ်နိုင်သလို နိုင်ငံတစ်နိုင်ငံတည်း သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခုတည်းအတွင်းမှာလည်း  ဖြစ်နိုင်ပါတယ်။


ဥပမာအားဖြင့် နဂါးပူးတယ်၊ သိကြားမင်းက အဘိုးလိုပဲလို့ ပြောဆိုခြင်းဟာ အင်မတန် အသိရခက်ပြီး  လူတစ်ယောက်/လူအုပ်စုကြီးတစ်ခုအတွင်း လုပ်ကိုင်ဆောင်ရွက်ခြင်းဟာ နိုင်ငံရေးသဘောမဆောင်ယုတ်ညံတယ်လည်း သတ်မှတ်လို့ မရတဲ့ Conspiracy Theory နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အဲဒါမျိုးကို အတင်းအဖျင်းစကား Gossip လို့ ခေါ်ရမယ်ထင်ပေမယ့် Conspiracy Theory ကို လိုတိုရှင်း ဘယ်လို ဘာသာပြန်ရမှန်း ကျွန်တော်ဉာဏ်မမီပါ။

ကမ္ဘာ့နိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်ကို အုပ်စုခွဲရင် 

(၁) ရီပတ်ဘလစ်ကင်ပုံစံ နဲ့ 

(၂) တစ်ဦးတစ်ယောက် တစ်ပါတီတည်းက ကြိုးကိုင်တဲ့ဗဟိုဦးစီးပုံစံလို့ ၂-မျိုးပဲ ရပါလိမ့်မယ်

Republic of the Union of Myanmar ဆိုတာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံလို့ ဘာသာပြန်နေကြပေမယ့် ဒီနေရာမှာ Republic ရီပတ်ဘလစ်ဆိုတာ သမ္မတရယ်လို့ အဓိပ္ပါယ် မထွက်ပါဘူး၊ အုပ်ချုပ်-ဥပဒေပြု-တရားစီရင်ရေးမဏ္ဍိုင်ကြီး ၃-ခုအတွင်း အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှု ရှိသော အုပ်ချုပ်ရေး စနစ်ကျင့်သုံးသည့် နိုင်ငံလို့ ရှည်ရှည်လျားလျား ရှင်းပြရပါလိမ့်မယ်။ အဲဒါကြောင့် သမ္မတနိုင်ငံမှာ ဝန်ကြီးချုပ်လည်း နိုင်ငံ့အထွဋ်အထိပ်ပုဂ္ဂိုလ်ဖြစ်နိုင်ပါတယ်။ ဥပမာ အိန္ဒိယသမ္မတနိုင်ငံ 

တစ်ပါတီ ဗဟိုဦးစီးနစ်အစိုးရမှာတော့ Conspiracy Theory ဆိုတာကို အစိုးရဌာနတွေလဲ မသိဘူး၊ နိုင်ငံ သားတွေလည်း နားမလည်နိုင်ပါဘူး။ အလုံးစုံအာဏာချုပ်ကိုင်ထားသူ ခေါင်းဆောင်က ဒီလုပ်ကြမယ်ဆိုရင် ပြည်ထဲရေးလဲ ဒါပဲ နိုင်ငံခြားရေးလည်းဒါပဲ၊ ထောက်လှမ်းရေးအဖွဲ့အစည်းတွေလဲ ဒါပဲ၊ ခေါင်းဆောင်ဆိုတဲ့ လူပုဂ္ဂိုလ်အပေါ်အပေါ်သစ္စာခံပါတယ်၊ ခေါင်းဆောင်ရဲ့ နှုတ်ထွက်စကားကို နာခံရတယ်၊ ခေါင်းဆောင်တို့ရဲ့ ဆန္ဒပြောင်းလဲသမျှ လိုက်ပြီး ပြောင်းလဲလုပ်ကိုင်ပေးကြရပါတယ်။ လူပုဂ္ဂိုလ်ကို သစ္စာခံတဲ့သဘောပါ။ လူပုဂ္ဂိုလ်ပြောင်းလဲရင် သူတို့လဲလိုက်ပြီး ပြောင်းလဲပါတယ်။

ပါတီစုံ ရီပတ်ဘလစ်တိုင်းပြည်တွေမှာတော့ နိုင်ငံ့အဖွဲ့အစည်းတွေဟာ နိုင်ငံ့အကြီးအကဲကို သစ္စာခံပေမယ့် လူပုဂ္ဂိုလ်ကို သစ္စာခံခြင်း မဟုတ်ပါဘူး၊ ဘယ်အစိုးရ တက်တက်သူတို့ သူတို့တာဝန်အတိုင်း သူတို့လုပ်စရာရှိတာ ဆက်လုပ်နေကြမှာပဲ။

ဥပမာ CIA ဟာ ဒေါ်နယ်ထရမ့် တက်တက်၊ ဘိုင်ဒင်ပဲတက်တက် ရန်သူနိုင်ငံများအတွင်း ထောက်လှမ်းတာ၊ သပ်လျှိုတာ၊ ဖြိုခွင်းဖို့တွေ ဆက်လုပ်နေမှာပဲ။ CIA ရဲ့ ထောက်လှမ်းရေးနဲ့ သူလျှိုလုပ်ပုံဟာ သူ့နိုင်ငံဥပဒေနဲ့ မညီဘူး ထင်ရင် လွှတ်တော်ကော်မတီက ခေါ်ယူစစ်ဆေးပါလိမ့်မယ်။ အမှားတွေ့ရင် အရေးယူ အပြစ်ပေးနိုင်ပါတယ်။

အိုစမာဘင်လာဒင်ဟာ ဘယ်နေရာမှာပုန်းနေကြောင်း သူဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို အကြီးအကျယ် ဖျက်ဆီးသူ၊ ပျက်ပြားစေရန် ဆက်လက်ကြံစည်လုပ်ကိုင်နေသူ ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာ သူမရှိမှ သို့မဟုတ် ပျောက်ကွယ်သွားသင့်သူဖြစ်တယ်လို့ CIA က တင်ပြရင် အိုစမာကို အလစ်ဝင်သတ်သင့် မသင့် အကြံပေး ပုဂ္ဂိုလ်တွေက အကြံပေးပြီး သမ္မတက သတ်မိန့်မှာ လက်မှတ်ထိုးပေးရပါလိမ့်မယ်။ 

အမေရိကန်စစ်သား ၁၀ ယောက် ချီတက်သွားရင် CIA ၈-ယောက်ပါဝင်တယ်လို့ ပြောစမှတ်ရှိပါတယ်။ အဲဒါကြောင့် Conspiracy Theory ဆိုတာ ဖြစ်လာရပါတယ်။ ရှိနေလိမ့်မယ်ဆိုတာ စဉ်းစားမိမှာပါ။

ဆိုတော့ကာ အဲ့ဒီလို လုပ်ထာ ရီပတ်ဘလစ်ကင်မဟုတ်တဲ့ တစ်ပါတီအာဏာရှင်နိုင့်ငံတွေကရော ဒီအတိုင်း ငြိမ်ခံနေမှာလား။ ကိုယ့်အပေါ် မဟုတ်သည့်တိုင် မကြာခင် ကိုယ့်အလှည့် ဖြစ်လာနိုင်တဲ့အတွက် သူတို့လဲ လူမသိ သူမသိ ပြန်လုပ်ကြမှာ မလွဲမသွေပါပဲ။ အနည်းနဲ့အများတော့ တန်ပြန်ရပါလိမ့်မယ်။

အဲဒါကြောင့် မျက်မှောက်ကမ္ဘာကြီးရဲ့ အစိုးရအချင်းချင်းနိုင်ငံအချင်းချင်း Conspiracy Theory များရှိတော့ ရှိနေတယ်လို့ပြောနိုင်ပါတယ်။ အရည်အချင်း မရှိရင်အစားခံရမယ်။

နိုင်ငံတိုင်း ဒါမှမဟုတ် နိုင်ငံတစ်စုက အခြားနိုင်ငံတစ်နိုင်ငံအပေါ် အမြဲ မကောင်းကြံစည်နေတယ်လို့တော့ မဖြစ်နိုင်ပါဘူး၊ အဲ့ဒါ ဂုဏ်သိက္ခာနဲ့ ရင်းနှီးရတာမျိုးမို့ တော်ယုံ ဘယ်နိုင်ငံဘယ်ခေါင်းဆောင်မှာ မလုပ်ချင်ကြပါဘူး။ သမိုင်း အမည်းစက် ထင်သွားနိုင်ပါတယ်။

တစ်ခုရှိပါသေးတယ်။ အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားနဲ့အပြိုင် ရန်ဘက်လိုဖြစ်နေတဲ့ တရုတ်ကို အားယူပြီး ဂျိုးဘိုင်ဒင်သမ္မတ လုပ်ချင်လို့ မရသလို၊ ရုရှားနဲ့ပင်းပြီး ထရမ့်သမ္မတ အာဏာယူဖို့ မရနိုင်ပါ။ မျက်လှည့်ပြချင်လို့ မရပါ။ 

ရီပတ်ဘလစ်ကင်ဖြစ်စေ၊ တစ်ပါတီဗဟိုဦးစီးဖြစ်စေ ဘယ်နိုင်ငံမျိုးမဆို အဲဒီလို ကြံစည်မိရင် ကြီးလေးတဲ့နိုင်ငံတော်သစ္စာဖောက်မှုဖြစ်သွားနိုင်ပါတယ်။

အဲဒါမျိုးတွေပဲ တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ဖွတတ်တဲ့ မီဒီယာကြီးတွေရှိတတ်ပါတယ်။ ခုရက်ပိုင်း အမေရိကန်နိုင်ငံကို တရုတ်သမ္မတ ရောက်လာပြီး သမ္မတဘိုင်ဒင်နဲ့ တွေ့တဲ့အခါ စောင်ရေတိုးဖို့ ချောင်းနေတဲ့ အပျော်ဖတ်သတင်းစာများ အကွက်တွေ့သွားပါတယ်။ ဝါသနာပါပြီး ပြုးကနဲ ပြဲကနဲအရေးအသားတွေနဲ့ Like များများ လိုချင်သူများ The Daily Mails, The Sun တို့လို ဗြိတိသျှ သတင်းစာများကို ကိုးကားသင့်ပါတယ်။ တကယ်တော့ အဲဒီမီဒီယာတွေကို အပျော်ဖတ် Tabloid အဆင့် သတ်မှတ်ထားကြပါတယ်။ 

ရှီကျင့်ဖျင်လို လူဦးရေ ၁.၄ ဘီလျံရဲ့ စားဝတ်နေရေးနဲ့ နိုင်ငံတကာ အရေးများကို ကိုင်တွယ်ဖြေရှင်းနေရသူ ခေါင်းဆောင်တစ်ယောက်အတွက် အမေရိကန်ကို ခရီးထွက်ဖို့ဆိုတာ လပေါင်းများစွာ ကြိုတင်ပြင်ဆင်ရပါတယ်။ နှစ်နိုင်ငံ အကြိမ်ကြိမ် ညှိနှိုင်းကြရပါတယ်။

အလားတူ ရုရှားရေတပ်စစ်သင်္ဘော ၃ စီး မြန်မာနိုင်ငံကို ရောက်လာပြီး ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခြင်း၊ အိန္ဒိယနဲ့ အာရှနိုင်ငံများ ရေတပ်ပူးပေါင်း စစ်ရေးလေ့ကျင့်ရာမှာ မြန်မာနဲ့ အမေရိကန်ပါဝင်ခြင်းတို့ဟာလည်း နှစ်ဝက်လောက် ကြိုတင်ပြင်ကြရမှာပါ။

အစဉ်လေးစားစွာဖြင့်

HtayOung

https://www.dailymail.co.uk/news/article-12734631/Biden-xi-San-Francisco-meeting-balloon.html?ico=topics_pagination_desktop

https://www.thesun.co.uk/news/24645268/putin-nukes-huge-escalation-war-sham-re-election/


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဇဗ္ဗူသီရိမြို့နယ်ရှိ ဘောလုံးကွင်း၌ လက်နက်ကိုင်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved