Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆီးရီးယားအရှေ့ပိုင်းရှိ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့၏ လက်နက်သိုလှောင်ရုံကို လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်ဖက် ထုတ်ဖော်ပြော

Pika (NSS) - နိုဝင်ဘာ ၉ 

အမေရိကန်စစ်လေယာဉ်များသည် နိုဝင်ဘာလ(၈)ရက်တွင် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ အီရန်နှင့် ဆက်နွယ်နေသော လက်နက်သိုလှောင်ရုံကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောကြားခဲ့သည်။

ဆီးရီးယား နှင့် အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များအား အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များက ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း လွိုက်အော်စတင် က ပြောကြားခဲ့သည်။


အဆိုပါ တိုက်ခိုက်မှုမှာ သီတင်းပတ်နှစ်ပတ်အတွင်း ဆီးရီးယားရှိ အီရန် နှင့် ဆက်နွယ်သောနေရာများကို အမေရိကန်က ဒုတိယအကြိမ်မြောက် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲ ကို ဒေသတွင်းစစ်ပွဲအဖြစ် ပြောင်းလဲနေသော အီရန် နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့များကို ဟန့်တားရန် ကြိုးပမ်း နေချိန်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်နေခြင်းမှာ အမေရိကန် နှင့် အီရန်နိုင်ငံ ကြား ပဋိပက္ခဖြစ်ပွားလာမည့် အန္တရာယ်ကို ပိုမိုတိုးမြင့်လာစေကြောင်း အမေရိကန်အစိုးရ က ပြောထားသည်။

လွိုက်အော်စတင် က "အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားအရှေ့ပိုင်းမှာရှိတဲ့ အီရန်နဲ့ဆက်နွယ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေအသုံးပြုတဲ့ လက်နက်သိုလှောင်ရုံကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အမေရိကန်ရဲ့  F-15 တိုက်လေယာဉ်နှစ်စင်းဟာ အဲဒီတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာပါ။ အီရန်စစ်တပ်နဲ့ ဆက်နွယ်နေတဲ့အဖွဲ့တွေဟာ ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေ နဲ့ တိုက်ခိုက်နေတာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒီတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင်တွေ၊ အဆောက်အဦးတွေကို ကာကွယ်ဖို့အတွက် နောက်ထပ်လိုအပ်တဲ့အစီအစဉ်တွေအားလုံးကို လုပ်ဆောင်ဖို့ ပြင်ဆင်ထားပါတယ်" ဟု ပြောခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆီးရီးယားရှိ အမေရိကန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့ဝင် (၉)ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားရှိ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံသား(၂ဝဝ)ကျော် နေရပ်ပြန်နိုင်ရန်အတွက် စောင့်ဆိုင်းနေကြောင်း ထိုင်းအစိုးရပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved