Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဆန်ကုန်သည်များ ယခုလ၌ ဈေးကွက်အတွင်း ရောင်းချရမည့် ရည်ညွှန်းဆန်ဈေးနှုန်းများကို MRF အသိပေးထုတ်ပြန်

စော (NSS) - နိုဝင်ဘာ ၈

အသင်းဝင်ကုမ္ပဏီများ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ ယခု နိုဝင်ဘာလ၌ ဈေးကွက်အတွင်းရောင်းချရမည့် ရည်ညွှန်းဆန်ဈေးနှုန်းများကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က အသိပေးထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယနေ့(နိုဝင်ဘာလ ၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

အသင်းဝင်ထားသည့် ကုမ္ပဏီများ၊ ဆန်စက်ပိုင်/ ဆန်ကုန်သည်များအတွက် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် သင့်တင့်မျှတသော စပါးဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရေးဆောင်ရွက်ရန် ရည်ညွှန်းစပါးဈေးနှုန်းများကို ပြီးခဲ့သည့် (စက်တင်ဘာလ ၉ ရက်)တွင် အသိပေးထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် အသင်းဝင်ထားသည့် ကုမ္ပဏီများ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များအနေဖြင့် ယခုနှစ် နိုဝင်ဘာလအတွက် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းအတိုင်း သတ်မှတ်ထားသည့် ဆန်ဈေးနှုန်းများဖြင့် ရောင်း/ဝယ်ခြင်း ဆောင်ရွက်ကြရန် တိုက်တွန်းထားသည်။

ယခု နိုဝင်ဘာလ၌ (၁၀၈)ပေါင်/ (၂၄)ပြည်ဆန်တစ်အိတ်လျှင် ဧည့်မထအုပ်စုဖြစ်သည့် (၂၅)မှတ်ဆန်အတွက် ငွေကျပ် (၅၈၀၀၀)မှ (၆၀၀၀၀)အတွင်း သတ်မှတ်ထားပြီး (၁၅)မှတ်ဆန်အတွက် ငွေကျပ် (၆၀၀၀၀)မှ (၆၂၀၀၀)အတွင်း နှင့် (၁၀-၅)မှတ်ဆန်အတွက် ငွေကျပ် (၆၂၀၀၀)မှ (၆၄၀၀၀)အတွင်း ရောင်းချရန် MRF က သတ်မှတ်ထားသည်။

ထို့ပြင် ဧရာမင်း၊ ဧရာပဒေသာ နှင့် အထူးဧည့်မထအုပ်စုများဖြစ်သည့် (၂၅)မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် (၆၅၀၀၀) မှ (၇၀၀၀၀)အတွင်း၊  (၁၅)မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် (၇၀၀၀၀)မှ (၇၅၀၀၀) အတွင်း၊ (၁၀-၅)မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ်  (၇၅၀၀၀)မှ (၈၀၀၀၀)အတွင်း ရောင်းချသွားရန်လည်း သတ်မှတ်ထားသည်။

အလားတူ ဧရာဝတီပေါ်ဆန်းများ (၁၀-၅)မှတ်ဆန်တစ်အိတ်လျှင် ငွေကျပ် (၇၅၀၀၀)မှ (၈၀၀၀၀) အတွင်းသာ ရောင်းချသွားရန်လည်း ထပ်မံသတ်မှတ်ထားသည်။

သို့သော် ရွှေဘိုပေါ်ဆန်းဖြစ်သည့် (၁၀-၅)မှတ်ဆန်တစ်အိတ်အတွက် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းကို ရွှေဘိုစပါးပေါ်ချိန်ဖြစ်သည့် ဒီဇင်ဘာလမှစတင်ကာ ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း MRF က အသိပေးထားသည်။

ထို့ပြင် လက်လီလက်ကားဈေးကွက်အတွင်း ရောင်းချမှုများအတွက် ဈေးနှုန်း (+/- )(၅)ရာခိုင်နှုန်း ကွာခြားနိုင်ကြောင်းနှင့် Super Market များ၊ Mini Mart များတွင် Modern Trade ဖြင့် ရောင်းချမှုများအတွက် (+/- )(၁၂)ရာခိုင်နှုန်း ကွာခြားနိုင်သည်ဟုလည်း ဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ သေဆုံးမှု မန္တလေးမြို့၌ ဖြစ်ပွား

RECENT POSTS
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved