အမျိုးသား(၂)ဦးကို “သတင်းပေး၊ ဒလန်” ဟု ဆိုကာ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့၌ ဖြစ်ပွား
NSS - နိုဝင်ဘာ ၈
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အမျိုးသား(၂)ဦးကို “သတင်းပေး၊ ဒလန်” ဟု ဆိုကာ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော နိုဝင်ဘာ ၅ ရက်၊ နံနက် ၁၁ နာရီ ၃ဝ မိနစ်က မတ္တရာမြို့နယ်၊ ကျောက်စရစ်ကုန်း(တောင်)ကျေးရွာအုပ်စု၊ တံငါမြောက်ကျေးရွာ သကြားစက်လမ်းပေါ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ္တရာမြို့၊ အမှတ်(၄)ရပ်ကွက်နေထိုင်သူများဖြစ်သည့် ဦးသန့်ဇင်ထွေး(ခ)မောင်ထွေး(၃၆)နှစ် နှင့် ကိုမျိုးမြင့်မြတ်(ခ)ဖိုးတုတ်(၂ဝ)နှစ်တို့ (၂)ဦးသည် မတ္တရာမြို့မှ တံငါမြောက်ကျေးရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် သွားရောက်စဉ် PDF အဖွဲ့ဝင်(၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်မှလိုက်လာကာ အခင်းဖြစ်နေရာအရောက်၌ “သတင်းပေး၊ ဒလန်” ဟု ဆိုကာ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ပစ်ခတ်ခံရမှုကြောင့် ဦးသန့်ဇင်ထွေး(ခ)မောင်ထွေးတွင် နဖူးမှ နောက်စေ့ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက် နှင့် ကိုမျိုးမြင့်မြတ် (ခ)ဖိုးတုတ်၌ ဝဲနားနောက်မှ ယာနားနောက်ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ အသီးသီးရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပစ်ခတ်လုပ်ကြံခံရမှုတွင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း