Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရက်ပေါင်း(၃ဝ)အတွင်း UEC ၌ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီ(၁၃)ခုရှိပြီး ပြည်ထောင်စုအဆင့်ပါတီ (၅)ခုအထိရှိလာ

မျိုးကြီး (NP News) - မတ် ၁

ရက်ပေါင်း(၃ဝ)ကာလအတွင်း UEC ၌ မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီ(၁၃)ခုရှိရာ ပြည် ထောင်စုအဆင့်အဖြစ် ရပ်တည်မည့်ပါတီ(၅)ခုအထိရှိလာခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် ပြီးခဲ့သော ဇန်နဝါရီလ ၃၁ ရက်တွင် နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ပြန်လည်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ လက်ရှိတွင် မှတ်ပုံတင်ပြန်လည်လျှောက် ထားသည့် နိုင်ငံရေးပါတီမှာ (၁၃)ခုရှိကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ရှမ်း နှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့သည် ပြည်ထောင်စုအဆင့် စည်းရုံးမည့်ပါတီများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နစကမှ ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပြည်ထောင်စုတစ်ဝန်းလုံးအား စည်းရုံးမည့်နိုင်ငံရေးပါတီများအနေဖြင့် ပါတီဝင်အင်အားအနည်းဆုံး တစ်သိန်းရှိရမည့်အပြင် ပါတီရန်ပုံငွေကျပ်သိန်းတစ်ထောင် ရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ထို့ပြင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း (၃၃ဝ)အနက် (၁၆၅)မြို့နယ်တွင်လည်း ပါတီရုံးခန်းများဖွင့်လှစ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့်ပါတီများကို သတ်မှတ်ပြဋ္ဌာန်းထားသည်။

ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီအပါအဝင် အခြားသောပါတီ(၈)ပါတီသည် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အဆင့်ပါတီများအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် နိုင်ငံရေးပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင်ကို စည်းရုံးရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၌ ပြဋ္ဌာန်းထားသည်။

ထို့ပြင် ၎င်းပါတီများအနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်း (၁ဝဝ) ရှိရန်လည်း လိုအပ်ကြောင်း အဆိုပါဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည်။

နစကမှ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီများအနေဖြင့် မှတ်ပုံတင်ခွင့်လျှောက်ထားနိုင်ကြောင်းကြေညာသည့်နေ့မှစ၍ ရက်ပေါင်း(၆ဝ)အတွင်း မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ပြီး ပြန်လည်မလျှောက်ထားပါက ပါတီအဖြစ်မှ ဖျက်သိမ်းခံရဖွယ်ရှိကြောင်း သိရသည်။

zawgyi version


မျိုးကြီး (NP News) - မတ် ၁











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒယ်နီအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက်(၈ဝ)အရွယ် အဘိုးအိုတစ်ဦးနှင့် ကလေးငယ်တစ်ဦးသေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved