Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-30 / 8:30 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၃ဝ 

အစ္စရေးဆက်သွယ်ရေးဝန်ကြီးက အစ္စရေးနိုင်ငံအနေနဲ့ ဘီလျံနာ အီလွန်မတ် ပိုင်ဆိုင်တဲ့ စတာလင့်ဂြိုလ်တုများကို  ဖျက်ဆီးနိုင်ဖို့ အရာရာတိုင်းလုပ်ဆောင်မှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသအတွင်းရှိ နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး အဖွဲ့အစည်းများ၊ ဖုန်းပြောခြင်း အင်တာနက်အသုံးပြုခြင်း အဆင်မပြေဖြစ်ခဲ့ပြီးနောက် အီလွန်မတ်က ဂါဇာဒေသ မှာ စတာလင့်ဂြိုလ်တုများ အသုံးပြုနိုင်အောင်လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးအစိုးရ အဖွဲ့ကတော့ ဟားမက်စ်အဖွဲ့ဟာ အဲဒီဂြိုလ်တုတွေကို ၎င်းတို့ရဲ့အကြမ်းဖက်လုပ်ငန်းများအတွက် အသုံးပြုဖွယ်ရှိ နေကြောင်း ပြောပါတယ်။ 

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်မှုတွေ တိုးချဲ့လုပ်ကိုင်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ပတ်သက်တဲ့ ပစ်မှတ်ပေါင်း ၆ဝဝ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ အစ္စရေးစစ်တပ်က "ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ညပိုင်းက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲခဲ့တယ်။ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားတဲ့တိုက်ပွဲများအတွင်း အဆောက်အဦးများ၊ ဥမင်လိုဏ်ခေါင်းတွေထဲကနေ တိုက်ခိုက်နေတဲ့ဟားမက်စ်အဖွဲ့ဝင် ဒါဇင်ချီကို သုတ်သင်နိုင်ခဲ့တယ်" လို့ ပြောပါတယ်။


လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းများတင်ဆောင်လာတဲ့ ကုန်ကားအစီး ၃ဝ ဟာ အောက်တိုဘာ ၂၉ ရက်က ဂါဇာဒေသကို ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ အစ္စရေးအစိုးရဟာ ဂါဇာဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး ကုန်ကားအစီးရေပေါင်း ၁ဝဝ သွားရောက်ခွင့်ပြုထား ကြောင်း သိရပါတယ်။ 

အစ္စရေးရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ လူပေါင်းသိန်းချီ လူသားချင်းဆိုင်ရာစာနာမှုအကူ အညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောပါတယ်။ 

အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဌာနဟာ ရုရှားသံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံဟာ အစ္စရေးနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ဟားမက်အုပ်စုကို တရားဝင်မှုအခွင့်အရေးပေးခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ 

ဟားမက်စ်လက်နက်ကိုင်အဖွဲ့အုပ်စုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားနိုင်ငံကို လာရောက်ကာ ရုရှားအစိုးရ တာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေးခြင်းအတွက် ရုရှား နိုင်ငံကို အစ္စရေးအစိုးရက စိတ်ဆိုးဒေါသဖြစ်နေကြောင်း အစောပိုင်းတည်းက သတင်းများထွက်ပေါ်ခဲ့ပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို ကြိုတင်မသိတဲ့အတွက် လုံခြုံရေးအဖွဲ့များကို ဝေဖန်ပြစ်တင်ခဲ့ခြင်းအပေါ် ပြန်လည်တောင်းပန်စကားပြောဆိုလိုက်ကြောင်း သိရပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ကြိုတင် သတိပေးချက်မရှိဘဲအောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ အစ္စရေးစစ်ထောက်လှမ်းရေးအဖွဲ့ အပါအဝင် လုံခြုံရေးအဖွဲ့အစည်းများဟာ နိုင်ငံတကာရဲ့ဝေဖန်ပြစ်တင်မှုများအောက် ရောက်ရှိခဲ့ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်နိုင်ငံက ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကို ပိုမိုမြင့်တက်အောင်လှုံ့ဆော်ပေးနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဝေဖန်ပြောဆို

RELATED POSTS
RECENT POSTS
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved