နွားထိုးကြီးမြို့နယ်၌ တောင်ယာလုပ်ကိုင်သည့် အမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့
NSS - အောက်တိုဘာ ၃၀
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တောင်ယာလုပ်ကိုင်သည့် အမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်၊ ည ၁၀နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာ နှင့် စည်ပင်ကျေးရွာသွား မြေသားလမ်းဘေး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထနောင်းပင်လဲကျေးရွာတွင်နေထိုင်သည့် ဦးထိန်လင်းသည် ၎င်းပိုင်တောင်ယာတဲ၌ ရှိနေစဉ် PDF အဖွဲ့ကရောက်ရှိလာကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အထက်ပါနေရာအရောက်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးထိန်လင်း(၅၀)နှစ်တွင် ဦးခေါင်းမှနောက်စေ့ ကျည်ဖောက်ဝင်ပြီး ဝဲမျက်လုံး ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ နောက်ကျောမှ ကျည်ဖောက်ဝင်ပြီး ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၂၈ ရက်၊ မွန်းလွဲ ၁နာရီ ၁၅မိနစ်အချိန်တွင် မတ္တရာမြို့နယ်၊ အင်းကျေးရွာသွားလမ်းပေါ်၌ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
ညောင်အုပ်ကျေးရွာတွင်နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်တင့်သည် ၎င်းနေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်လာစဉ် အထက်ပါလမ်းပေါ်အရောက်၌ နောက်မှလိုက်လာသည့် PDF အဖွဲ့ဝင် (၂)ဦးက သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးကျော်တင့်(၆၅)နှစ်တွင် မျက်နှာနှင့်ရင်ဘတ်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၈နာရီ ၁၀မိနစ်အချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ဟိုဖိုင်ကျေးရွာတွင် နေထိုင်သည့် ဦးစိုင်းစံအေးသည် ၎င်း၏မိသားစုနှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့က ၎င်းနာမည်အား နေအိမ်ရှေ့မှအော်ခေါ်သဖြင့် ထွက်ကြည့်စဉ် သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုးစံအေး(၃၆)နှစ်တွင် ရင်ဘတ် နှင့် ဆီးခုံတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက်ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်များမှ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထာသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ပတ်စာ စက်သုံးဆီ ရည်ညွန်းဈေး ပြန်တက်လာ
RELATED POSTS
08 Nov 2024 | မှုခင်း,ပြည်တွင်း
07 Nov 2024 | မှုခင်း,ပြည်တွင်း