Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရန်အနေဖြင့် နျူကလီယားဗုံးတစ်လုံးအတွက် ရေဒီယိုသတ္တိကွဲထွက်ပစ္စည်းများကို (၁၂)ရက်ခန့်နှင့် ဖန်တီးနိုင်ဟု အမေရိကန်တာဝန်ရှိသူပြော

Htay Oung (NP News) - ‌မတ် ၁

 အီရန်အနေဖြင့် နျူကလီးယာဗုံးတစ်လုံး ထုတ်လုပ်နိုင်ဖို့အတွက် လုံလောက်တဲ့ ရေဒီယိုသတ္တိ ကွဲထွက်ပစ္စည်းတွေကို ၁၂ ရက်ခန့်နှင့် ဖန်တီးနိုင်ဖွယ်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက အင်္ဂါနေ့မှာ ပြောပါတယ်၊ အဲ့ဒီအခြေအနေဟာ ၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ် အသက်၀င်လျှက်ရှိစဉ်ကထက် ပိုမို မြန်ဆန်လာတယ်လို့ Reuters က ယနေ့(မတ်လ ၁) ရက်တွင် ရေးသားပါတယ်။

၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူစာချုပ်ကို ဂျိုးဘိုင်ဒန်အစိုးရက ပြန်လည်အသက်သွင်းဖို့ ကြိုးစားရခြင်းနဲ့ပတ်သက်ပြီး အောက်လွှတ်တော် (JCPOA) “ပူးပေါင်းလုပ်ဆောင်မှု ဘက်စုံစီမံချက်” ကြားနာပွဲမှာ ရီပတ်ဘလစ်ကန် အမတ်တစ်ဦးရဲ့ မေးခွန်းကို ကာကွယ်ရေး၀န်ကြီးဋ္ဌာန မူဝါဒရေးရာဋ္ဌာနမှ ကော့လင်းကာ့လ်က ပြန်လည်ဖြေဆိုပါတယ်။

JCPOA မှ သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ပြီးကတည်းက အီရန်ရဲ့ နျူကလီးယာ(ဖန်တီးနိုင်စွမ်း) အဆင့်ဆင့် ပြောင်းလဲမှုမှတ်တမ်းများအရ ဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် ယခင် (ဒေါ်နယ်ထရမ့်) အစိုးရလက်ထက် JCPOA မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ချိန်မှာ အီရန်ရဲ့ နျူကလီယာဗုံးတစ်လုံး ဖြစ်မြောက်ဖို့အထိ လုံလောက်တဲ့ ရေဒီယိုသတ္တိကွဲထွက်ပစ္စည်း ဖန်တီးနိုင်စွမ်းမှာ ၁၂ လခန့် ဖြစ်ကြောင်း၊ ယခုအခါတွင် ၁၂-ရက်ခန့်သာ အချိန်ယူရန် လိုအပ်တော့ကြောင်း အမေရိကန်ကာကွယ်ရေး၀န်ကြီးဋ္ဌာန တတိယတန်းအရာရှိကြီးဖြစ်သူ ကာ့လ်က ရှင်းပြပါတယ်။

"အဲဒါကြောင့် ဒီကိစ္စအပေါ် သံတမန်နည်းလမ်းအရ ဖြေရှင်းပြီး သူတို့ရဲ့ အစီအစဉ်အတွက် စာချုပ်ပါ ကန့်သတ်ချက်တွေအတိုင်း ပြန်လည်သတ်မှတ်နိုင်မယ်ဆိုရင် တခြားရွေးချယ်စရာတွေထက် ပိုကောင်းမယ်လို့ ထင်ပါတယ်၊ အခုအချိန်မှာ JCPOA စာချုပ်က အမေရိကန်အတွက် လိပ်ခဲတင်းလင်းဖြစ်နေပါတယ်” လို့ ကာ့လ်က ဆိုပါတယ်။

အိုင်အေအီးအေလို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ အစီရင်ခံစာအရလည်း အီရန်အနေနဲ့ နျူကလီယာဗုံးအဆင့်နီးပါး ထုတ်လုပ်နိုင်စေဖို့ လုံလောက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနေကြောင်း ဖော်ပြထားပါတယ်။

(JCPOA စာချုပ်မှ တစ်ဖက်သပ်နှုတ်ထွက်ပြီး) တီဟီရန်နဲ့ ဝါရှင်တန်တို့အကြား ဆက်ဆံမှုမရှိပဲ ဖြစ်နေချိန်မှာ ဗုံးတစ်လုံးအတွက် ရေဒီယိုသတ္တိကွဲထွက်ပစ္စည်းများ ဖန်တီးဖို့ အီရန်အနေနဲ့ အချိန်ဘယ်လောက်ယူရမယ်ဆိုတာကို အမေရိကန်တာ၀န်ရှိသူများက အကြိမ်ကြိမ် ခန့်မှန်း ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအထိ ကာ့လ်ပြောသလို ရက်အတိအကျ ဖော်ပြနိုင်ခြင်း မရှိခဲ့ပါဘူး။

အီရန်အနေနဲ့ ရေဒီယိုသတ္တိကွဲထွက်ပစ္စည်းများကို ထုတ်လုပ်ဖို့ ပိုမိုနီးစပ်လာတယ်လို့ ဆိုခဲ့ကြပေမဲ့ နျူကလီယာဗုံးတစ်လုံးကို အမှန်တကယ် တည်ဆောက်နိုင်တဲ့အထိ နည်းပညာဆိုင်ရာ ကျွမ်းကျင်နေပြီလို့ မယုံကြည်ခဲ့ကြပါဘူး။

အီရန်နိုင်ငံဟာ သူ့ရဲ့ နျူကလီးယားအစီအစဉ်တွေအပေါ် ပြန်လည်ထိန်းကျောင်းမှုကို ခံယူပြီး စီးပွားရေး ပိတ်ဆို့အရေးယူမှုများမှ သက်သာရာရစေမှုနဲ့ အလဲအလှယ်လုပ်တဲ့ ၂၀၁၅-ခုနှစ် သဘောစာချုပ်ကို ၂၀၁၈-ခုနှစ် အဲ့ဒီအချိန် အမေရိကန်သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်က (တစ်ဖက်သပ်) စွန့်လွှတ်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ပြန်လည်ပြဋ္ဌာန်းခဲ့ခြင်းဟာ တီဟီရန်အနေနဲ့ ယခင်တားမြစ်ထားတဲ့ နျူကလီးယားလုပ်ငန်းကို ပြန်လည်စတင်ပြီး အဏုမြူဗုံးအထိ ဖန်တီးလာနိုင်ခြေအပေါ် (အထူးသဖြင့်) အမေရိကန်၊ ဥရောပနဲ့ အစ္စရေးတို့က အလွန်စိုးရိမ်ခဲ့ကြပါတယ်။ အီရန်ကတော့ သူ့မှာ ဒီလိုရည်မှန်းချက် မရှိကြောင်း ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ ဂျိုးဘိုင်ဒင်အစိုးရအနေနဲ ကြိုးပမ်းခဲ့သော်လည်း ( သူ့လုပ်ရပ်နဲ့သူ ပိတ်မိနေပြီး ) မအောင်မြင်ခဲ့ကြောင်း Reuters က ဆက်လက်ရေးသားပါတယ်။

(အဏုမြူဗုံး၏ ကြောက်မက်ဖွယ် ပြင်းထန်ပုံကို ကမ္ဘာ့လူသားများ မျက်ဝါးထင်ထင် သိခွင့်ရရှိလိုက်သည်မှာ ဒုတိယကမ္ဘာစစ်နှောင်းပိုင်း ဂျပန်နိုင်ငံ မြို့ကြီး ၂-မြို့ပြာကျသွားခြင်း၌ ဖြစ်သည်။ ထို့အတွက် အဏုမြူဗုံး ဆိုသည်မှာ အလွန်အန္တရာယ်ကြီးကြောင်း မည်သူမျှ ထုတ်လုပ်ခြင်း ပိုင်ဆိုင်ခြင်း မပြုသင့်ကြောင်း ဦးဆောင်ဆော်သြ၍ ဟန့်တားရန် ကြိုးစားနေသူမှာ ၄င်းဗုံးများကို ကိုယ်တိုင် ထုတ်လုပ်ပိုင်ဆိုင်ယုံမက လက်တွေ့အသုံးချပြသလိုက်သော အမေရိကန်ဖြစ်နေပါသည်။ တစ်ဖက်၌ ပြန်ကြည့်လျှင် အဆိုပါ နျူကလီယာလက်နက်ပိုင်ရှင်တို့က အခြားနိုင်ငံများအပေါ် အဏုမြူဗုံး ပြကာ အနိုင်ကျင့် ခြိမ်းခြောက်ရာ ရောက်ရှိနေသည်။ ထို့ကြောင့် နျူကလီယာလက်နက်များကို ဖယ်ရှားရန် ဘက်ပေါင်းစုံ အဆိုပြုချက်များ ပါ၀င်သည့် ကုလသမဂ္ဂနျူကလီယာ ကွန်ဗင်းရှင်းဆိုသည်မှာ နျူလက်နက်မဲ့ နိုင်ငံငယ်လေးများအတွက် မျက်မုန်းကျိုးစရာဖြစ်နေသည်။

ပါကစ္စတန်ကဲ့သို့ နိုင်ငံက ထိုအချက်ကို ထောက်ပြကာ အပြင်းအထန် ဝေဖန်ခဲ့ဖူးသည်ဟု ဆိုပါသည်။ ထိုမျှမက သူ့ဖာသာ ဆက်လက်ကြိုးစားခြင်းဖြင့် နျူကလီယာလက်နက်ပိုင်ရှင်ဖြစ်လာခဲ့သည်။ တစ်ချိန်က ဂျပန်နိုင်ငံတွင် ကြဲချခဲ့သည့် အဏုမြူဗုံး ၂-လုံးမှာ အသေးစား ပမာဏမျှသာရှိနေခဲ့ပြီး ယခုနောက်ပိုင်း အဖျက်စွမ်းအား ပိုမိုကြီးမားသော အဏုမြူဗုံးအမျိုးမျိုး ကမ္ဘာအရပ်ရပ်၌ ပိုင်ဆိုင်ပေါ်ထွန်းလျှက်ရှိနေသည်။

လွန်ခဲ့သည့်ရက်တွင် အမေရိကန်၏ နျူကလီယာသဘောထားနှင့် ပတ်သက်သည့် ပြည်ပနိုင်ငံရေး ဟာသတစ်ခုကို တွေ့ရှိရသည်။ “ အီရတ်၊ လစ်ဗျားနဲ့ ဆီးရီးယားကို ဘာ့ကြောင့် ၀င် စစ်တိုက်ရသလဲ..” မေးခွန်းကို အမေရိကန်က “ သူတို့မှာ အစုအပုံလိုက် သေကြေစေနိုင်တဲ့ လက်နက်တွေ ရှိကြောင်း သံသယ ရှိလို့ပါ"ဟု ဖြေသည်။ “ ဒါဆို မြောက်ကိုရီးယားကို ဘာ့ကြောင့် စစ်မတိုက်သေးတာလဲ .“ “ ဟာ.. ကင်ဂျုံအန်က နျူလက်နက် တကယ်ပိုင်တာ"ဟု ဆိုလေသည်။ ယခုလည်း ၄င်းအတိုင်းဖြစ်နေသည်။

တီဟီရန်သည် နျူကလီယာဗုံးတစ်လုံးအတွက် ရေဒီယိုသတ္တိကွဲထွက်ပစ္စည်းများကို ယခင် ၁၂ လ အစား ၁၂-ရက်အတွင်း ပြုလုပ်နိုင်ပြီဟု ဆိုပါသည်။ ဗုံးတစ်လုံး အမှန်တကယ်တည်ဆောက်နိုင်ခြင်း ရှိ-မရှိ ကာယကံရှင်များမှအပ မည်သူမျှ မသိနိုင်ပါ။ အီရန်- မြောက်ကိုရီးယားကဲ့သို့နိုင်ငံများ၏ ကိုယ်ပိုင်နည်းပညာသည် ထူးခြားဆန်းသစ်သော ဒရုန်းနှင့် ရေဒါထောက်လှမ်းရေးကိရိယာများကို ထုတ်လုပ်ပိုင်ဆိုင်နေကြ၍ ဖြစ်ပါသည်။ သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters., 01 March 2023,” Iran can make fissile material for a bomb 'in about 12 days' - U.S. official” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

အီရန္အေနျဖင့္ န်ဴကလီယားဗုံးတစ္လုံးအတြက္ ေရဒီယိုသတၱိကြဲထြက္ပစၥည္းမ်ားကို (၁၂)ရက္ခန္႔ႏွင့္ ဖန္တီးႏိုင္ဟု အေမရိကန္တာဝန္ရွိသူေျပာ

Htay Oung (NP News) - ‌မတ္ ၁

 အီရန္အေနျဖင့္ န်ဴကလီးယာဗုံးတစ္လုံး ထုတ္လုပ္ႏိုင္ဖို႔အတြက္ လုံေလာက္တဲ့ ေရဒီယိုသတၱိ ကြဲထြက္ပစၥည္းေတြကို ၁၂ ရက္ခန္႔ႏွင့္ ဖန္တီးႏိုင္ဖြယ္ရွိေၾကာင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာန ထိပ္တန္းအရာရွိတစ္ဦးက အဂၤါေန႔မွာ ေျပာပါတယ္၊ အဲ့ဒီအေျခအေနဟာ ၂ဝ၁၅ ခုႏွစ္ အီရန္န်ဴကလီးယား သေဘာတူစာခ်ဳပ္ အသက္၀င္လွ်က္ရွိစဥ္ကထက္ ပိုမို ျမန္ဆန္လာတယ္လို႔ Reuters က ယေန႔(မတ္လ ၁) ရက္တြင္ ေရးသားပါတယ္။

၂ဝ၁၅ ခုႏွစ္ အီရန္န်ဴကလီးယား သေဘာတူစာခ်ဳပ္ကို ဂ်ိဳးဘိုင္ဒန္အစိုးရက ျပန္လည္အသက္သြင္းဖို႔ ႀကိဳးစားရျခင္းနဲ႔ပတ္သက္ၿပီး ေအာက္လႊတ္ေတာ္ (JCPOA) “ပူးေပါင္းလုပ္ေဆာင္မႈ ဘက္စုံစီမံခ်က္” ၾကားနာပြဲမွာ ရီပတ္ဘလစ္ကန္ အမတ္တစ္ဦးရဲ႕ ေမးခြန္းကို ကာကြယ္ေရး၀န္ႀကီး႒ာန မူဝါဒေရးရာ႒ာနမွ ေကာ့လင္းကာ့လ္က ျပန္လည္ေျဖဆိုပါတယ္။

JCPOA မွ သေဘာတူစာခ်ဳပ္မွ အေမရိကန္ ႏုတ္ထြက္ၿပီးကတည္းက အီရန္ရဲ႕ န်ဴကလီးယာ(ဖန္တီးႏိုင္စြမ္း) အဆင့္ဆင့္ ေျပာင္းလဲမႈမွတ္တမ္းမ်ားအရ ျဖစ္ေၾကာင္း၊ ၂ဝ၁၈ ခုႏွစ္ ယခင္ (ေဒၚနယ္ထရမ့္) အစိုးရလက္ထက္ JCPOA မွ ႏုတ္ထြက္ရန္ ဆုံးျဖတ္ခဲ့ခ်ိန္မွာ အီရန္ရဲ႕ န်ဴကလီယာဗုံးတစ္လုံး ျဖစ္ေျမာက္ဖို႔အထိ လုံေလာက္တဲ့ ေရဒီယိုသတၱိကြဲထြက္ပစၥည္း ဖန္တီးႏိုင္စြမ္းမွာ ၁၂ လခန္႔ ျဖစ္ေၾကာင္း၊ ယခုအခါတြင္ ၁၂-ရက္ခန္႔သာ အခ်ိန္ယူရန္ လိုအပ္ေတာ့ေၾကာင္း အေမရိကန္ကာကြယ္ေရး၀န္ႀကီး႒ာန တတိယတန္းအရာရွိႀကီးျဖစ္သူ ကာ့လ္က ရွင္းျပပါတယ္။

"အဲဒါေၾကာင့္ ဒီကိစၥအေပၚ သံတမန္နည္းလမ္းအရ ေျဖရွင္းၿပီး သူတို႔ရဲ႕ အစီအစဥ္အတြက္ စာခ်ဳပ္ပါ ကန႔္သတ္ခ်က္ေတြအတိုင္း ျပန္လည္သတ္မွတ္ႏိုင္မယ္ဆိုရင္ တျခားေ႐ြးခ်ယ္စရာေတြထက္ ပိုေကာင္းမယ္လို႔ ထင္ပါတယ္၊ အခုအခ်ိန္မွာ JCPOA စာခ်ဳပ္က အေမရိကန္အတြက္ လိပ္ခဲတင္းလင္းျဖစ္ေနပါတယ္” လို႔ ကာ့လ္က ဆိုပါတယ္။

အိုင္ေအအီးေအလို႔ေခၚတဲ့ အျပည္ျပည္ဆိုင္ရာ အဏုျမဴစြမ္းအင္ေအဂ်င္စီရဲ႕ အစီရင္ခံစာအရလည္း အီရန္အေနနဲ႔ န်ဴကလီယာဗုံးအဆင့္နီးပါး ထုတ္လုပ္ႏိုင္ေစဖို႔ လုံေလာက္တဲ့ အေျခအေနေတြ ျဖစ္ေပၚလာေနေၾကာင္း ေဖာ္ျပထားပါတယ္။

(JCPOA စာခ်ဳပ္မွ တစ္ဖက္သပ္ႏႈတ္ထြက္ၿပီး) တီဟီရန္နဲ႔ ဝါရွင္တန္တို႔အၾကား ဆက္ဆံမႈမရွိပဲ ျဖစ္ေနခ်ိန္မွာ ဗုံးတစ္လုံးအတြက္ ေရဒီယိုသတၱိကြဲထြက္ပစၥည္းမ်ား ဖန္တီးဖို႔ အီရန္အေနနဲ႔ အခ်ိန္ဘယ္ေလာက္ယူရမယ္ဆိုတာကို အေမရိကန္တာ၀န္ရွိသူမ်ားက အႀကိမ္ႀကိမ္ ခန္႔မွန္း ေဖာ္ျပခဲ့ၾကပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ရက္သတၱပတ္မ်ားအထိ ကာ့လ္ေျပာသလို ရက္အတိအက် ေဖာ္ျပႏိုင္ျခင္း မရွိခဲ့ပါဘူး။

အီရန္အေနနဲ႔ ေရဒီယိုသတၱိကြဲထြက္ပစၥည္းမ်ားကို ထုတ္လုပ္ဖို႔ ပိုမိုနီးစပ္လာတယ္လို႔ ဆိုခဲ့ၾကေပမဲ့ န်ဴကလီယာဗုံးတစ္လုံးကို အမွန္တကယ္ တည္ေဆာက္ႏိုင္တဲ့အထိ နည္းပညာဆိုင္ရာ ကြၽမ္းက်င္ေနၿပီလို႔ မယုံၾကည္ခဲ့ၾကပါဘူး။

အီရန္ႏိုင္ငံဟာ သူ႔ရဲ႕ န်ဴကလီးယားအစီအစဥ္ေတြအေပၚ ျပန္လည္ထိန္းေက်ာင္းမႈကို ခံယူၿပီး စီးပြားေရး ပိတ္ဆို႔အေရးယူမႈမ်ားမွ သက္သာရာရေစမႈနဲ႔ အလဲအလွယ္လုပ္တဲ့ ၂၀၁၅-ခုႏွစ္ သေဘာစာခ်ဳပ္ကို ၂၀၁၈-ခုႏွစ္ အဲ့ဒီအခ်ိန္ အေမရိကန္သမၼတျဖစ္သူ ေဒၚနယ္ထရမ့္က (တစ္ဖက္သပ္) စြန႔္လႊတ္ခဲ့ပါတယ္။

ေဒၚနယ္ထရမ့္က အီရန္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ားကို ျပန္လည္ျပ႒ာန္းခဲ့ျခင္းဟာ တီဟီရန္အေနနဲ႔ ယခင္တားျမစ္ထားတဲ့ န်ဴကလီးယားလုပ္ငန္းကို ျပန္လည္စတင္ၿပီး အဏုျမဴဗုံးအထိ ဖန္တီးလာႏိုင္ေျခအေပၚ (အထူးသျဖင့္) အေမရိကန္၊ ဥေရာပနဲ႔ အစၥေရးတို႔က အလြန္စိုးရိမ္ခဲ့ၾကပါတယ္။ အီရန္ကေတာ့ သူ႔မွာ ဒီလိုရည္မွန္းခ်က္ မရွိေၾကာင္း ျငင္းဆိုထားပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ႏွစ္အတြင္း သေဘာတူညီခ်က္ကို ျပန္လည္အသက္သြင္းဖို႔ ဂ်ိဳးဘိုင္ဒင္အစိုးရအေနနဲ ႀကိဳးပမ္းခဲ့ေသာ္လည္း ( သူ႔လုပ္ရပ္နဲ႔သူ ပိတ္မိေနၿပီး ) မေအာင္ျမင္ခဲ့ေၾကာင္း Reuters က ဆက္လက္ေရးသားပါတယ္။

(အဏုျမဴဗုံး၏ ေၾကာက္မက္ဖြယ္ ျပင္းထန္ပုံကို ကမာၻ႔လူသားမ်ား မ်က္ဝါးထင္ထင္ သိခြင့္ရရွိလိုက္သည္မွာ ဒုတိယကမာၻစစ္ေႏွာင္းပိုင္း ဂ်ပန္ႏိုင္ငံ ၿမိဳ႕ႀကီး ၂-ၿမိဳ႕ျပာက်သြားျခင္း၌ ျဖစ္သည္။ ထို႔အတြက္ အဏုျမဴဗုံး ဆိုသည္မွာ အလြန္အႏၲရာယ္ႀကီးေၾကာင္း မည္သူမွ် ထုတ္လုပ္ျခင္း ပိုင္ဆိုင္ျခင္း မျပဳသင့္ေၾကာင္း ဦးေဆာင္ေဆာ္ၾသ၍ ဟန္႔တားရန္ ႀကိဳးစားေနသူမွာ ၄င္းဗုံးမ်ားကို ကိုယ္တိုင္ ထုတ္လုပ္ပိုင္ဆိုင္ယုံမက လက္ေတြ႕အသုံးခ်ျပသလိုက္ေသာ အေမရိကန္ျဖစ္ေနပါသည္။ တစ္ဖက္၌ ျပန္ၾကည့္လွ်င္ အဆိုပါ န်ဴကလီယာလက္နက္ပိုင္ရွင္တို႔က အျခားႏိုင္ငံမ်ားအေပၚ အဏုျမဴဗုံး ျပကာ အႏိုင္က်င့္ ၿခိမ္းေျခာက္ရာ ေရာက္ရွိေနသည္။ ထို႔ေၾကာင့္ န်ဴကလီယာလက္နက္မ်ားကို ဖယ္ရွားရန္ ဘက္ေပါင္းစုံ အဆိုျပဳခ်က္မ်ား ပါ၀င္သည့္ ကုလသမဂၢန်ဴကလီယာ ကြန္ဗင္းရွင္းဆိုသည္မွာ န်ဴလက္နက္မဲ့ ႏိုင္ငံငယ္ေလးမ်ားအတြက္ မ်က္မုန္းက်ိဳးစရာျဖစ္ေနသည္။

ပါကစၥတန္ကဲ့သို႔ ႏိုင္ငံက ထိုအခ်က္ကို ေထာက္ျပကာ အျပင္းအထန္ ေဝဖန္ခဲ့ဖူးသည္ဟု ဆိုပါသည္။ ထိုမွ်မက သူ႔ဖာသာ ဆက္လက္ႀကိဳးစားျခင္းျဖင့္ န်ဴကလီယာလက္နက္ပိုင္ရွင္ျဖစ္လာခဲ့သည္။ တစ္ခ်ိန္က ဂ်ပန္ႏိုင္ငံတြင္ ႀကဲခ်ခဲ့သည့္ အဏုျမဴဗုံး ၂-လုံးမွာ အေသးစား ပမာဏမွ်သာရွိေနခဲ့ၿပီး ယခုေနာက္ပိုင္း အဖ်က္စြမ္းအား ပိုမိုႀကီးမားေသာ အဏုျမဴဗုံးအမ်ိဳးမ်ိဳး ကမာၻအရပ္ရပ္၌ ပိုင္ဆိုင္ေပၚထြန္းလွ်က္ရွိေနသည္။

လြန္ခဲ့သည့္ရက္တြင္ အေမရိကန္၏ န်ဴကလီယာသေဘာထားႏွင့္ ပတ္သက္သည့္ ျပည္ပႏိုင္ငံေရး ဟာသတစ္ခုကို ေတြ႕ရွိရသည္။ “ အီရတ္၊ လစ္ဗ်ားနဲ႔ ဆီးရီးယားကို ဘာ့ေၾကာင့္ ၀င္ စစ္တိုက္ရသလဲ..” ေမးခြန္းကို အေမရိကန္က “ သူတို႔မွာ အစုအပုံလိုက္ ေသေၾကေစႏိုင္တဲ့ လက္နက္ေတြ ရွိေၾကာင္း သံသယ ရွိလို႔ပါ"ဟု ေျဖသည္။ “ ဒါဆို ေျမာက္ကိုရီးယားကို ဘာ့ေၾကာင့္ စစ္မတိုက္ေသးတာလဲ .“ “ ဟာ.. ကင္ဂ်ဳံအန္က န်ဴလက္နက္ တကယ္ပိုင္တာ"ဟု ဆိုေလသည္။ ယခုလည္း ၄င္းအတိုင္းျဖစ္ေနသည္။

တီဟီရန္သည္ န်ဴကလီယာဗုံးတစ္လုံးအတြက္ ေရဒီယိုသတၱိကြဲထြက္ပစၥည္းမ်ားကို ယခင္ ၁၂ လ အစား ၁၂-ရက္အတြင္း ျပဳလုပ္ႏိုင္ၿပီဟု ဆိုပါသည္။ ဗုံးတစ္လုံး အမွန္တကယ္တည္ေဆာက္ႏိုင္ျခင္း ရွိ-မရွိ ကာယကံရွင္မ်ားမွအပ မည္သူမွ် မသိႏိုင္ပါ။ အီရန္- ေျမာက္ကိုရီးယားကဲ့သို႔ႏိုင္ငံမ်ား၏ ကိုယ္ပိုင္နည္းပညာသည္ ထူးျခားဆန္းသစ္ေသာ ဒ႐ုန္းႏွင့္ ေရဒါေထာက္လွမ္းေရးကိရိယာမ်ားကို ထုတ္လုပ္ပိုင္ဆိုင္ေနၾက၍ ျဖစ္ပါသည္။ သတင္းဘာသာျပန္သူ၏ သုံးသပ္ခ်က္ျဖစ္ပါသည္။)

(Reuters., 01 March 2023,” Iran can make fissile material for a bomb 'in about 12 days' - U.S. official” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ဥက္ကလာပမြို့နယ်တွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွားပြီး ယာဉ်မောင်းတစ်ဦးသေဆုံး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved