Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်၌ နေ့စဉ် CNG ဂတ်စ် ကုဗပေ ၁၉ သန်းခန့်ရောင်းချနေရပြီး အသုံးပြုသည့် ယာဉ်အစီးရေ ၂၈,၀၀၀ နီးပါးရှိနေ

NSS - အောက်တိုဘာ ၃၀

ရန်ကုန်၌ နေ့စဉ် CNG ဂတ်စ်အသုံးပြုနေသည့် ယာဉ်အစီးရေ ၂၈,၀၀၀ နီးပါးရှိပြီး တစ်ရက်လျှင် CNG ကုဗပေ ၁၉ သန်းခန့်ရောင်းချနေရကြောင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ ဌာနမှ သိရသည်။ 


မော်တော်ယာဉ်သုံး CNG ဂတ်စ်များ ဖြည့်တင်းအသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဂတ်စ်ပိုက်လိုင်းဖြင့် သွယ်တန်းရောင်းချနေသည့် ဆိုင် ၃၅ ဆိုင်နှင့် ဂတ်စ်တွဲကားများဖြင့် လိုက်လံရောင်းချနေသည့် ဆိုင် ၆ ဆိုင် စုစုပေါင်း ၄၁ ဆိုင်ရှိကြောင်း သိရသည်။ 

"အဲဒီ ၄၁ ဆိုင်မှာ နေ့စဉ် နံနက် ၅ နာရီကနေ ည ၁၀ နာရီအချိန်အထိ ပိတ်ရက်မရှိ ပုံမှန်ဖြန့်ဖြူးရောင်းချပေးနေပါတယ်။ သဘာဝဓာတ်ငွေ့အသုံးပြုမှုတွေက တစ်ရက်တစ်ရက်ကို ကုဗပေ ၁၈ သန်း နဲ့ ၁၉ သန်းခန့်မှာ ရှိနေပါတယ်။ နောက်ပြီး တစ်ရက်တစ်ရက်ကို CNG အသုံးပြုတဲ့ YBS ယာဉ်အစီးရေက ၂၉၀၀ ကျော်၊ Taxi ၊ Mini Bus နဲ့ အခြားယာဉ်တွေပေါင်းလိုက်မယ်ဆိုရင် ယာဉ်အစီးရေ ၂၅,၀၀၀ ကျော် စုစုပေါင်း ၂၈,၀၀၀ နီးပါးကို နေ့စဉ် ပုံမှန် ရောင်းချပေးနေရပါတယ်"ဟု မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၌ရှိသည့် CNG အရောင်းဆိုင်များကို ညောင်တုန်း-မအူပင် ရေနံ နှင့်သဘာဝဓာတ်ငွေ့မြေမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ဖြန့်ဖြူးရောင်းချပေးနေပြီး ယင်းသဘာဝဓာတ်ငွေ့မြေမှ ပို့လွှတ်မှု အားနည်းလာပါက ရခိုင်ကမ်းလွန်၌ရှိသည့် ရွှေသဘာဝဓာတ်ငွေ့မြေဖြင့် ဖြည့်တင်းသုံးစွဲနေကြောင်းသိရသည်။ 

ယခင်နှစ်များက သဘာဝဓာတ်ငွေ့ တစ်ကီလိုဂရမ်လျှင် ငွေကျပ် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးနေသော်လည်း ယခုနှစ်၌ တစ်ကီလိုဂရမ်လျှင် ငွေကျပ် ၃၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။ 

လျှပ်စစ်မီးပုံမှန်မရရှိမှုများကြောင့် CNG ဂတ်စ်ဆိုင်များ၌ ယာဉ်များသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်း၊ အချို့ဆိုင်များ၌ ဝယ်ယူသည့်အခါတွင် ကီလိုဂရမ်အပြည့်အဝမရရှိခြင်းတို့ကို ကြုံတွေ့နေရကြောင်း CNG အငှားယာဉ်မောင်းများက ဝေဖန်ပြောကြားလာကြသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေး နဲ့ ဟားမက်စ်ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်သတိပေးချက်တွေကို မသိကျိုးကျွံပြုသွားမယ်လို့ အီရန်သမ္မတပြော

RECENT POSTS
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved