Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-29 / 7:00 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၉

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက်မှာ စတင်လိုက်တဲ့ ဂါဇာဒေသအပေါ်ပြုလုပ်တဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့မြေပြင်ထိုးစစ်ဆင်မှုတွေဟာ ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် စေ့စပ်ဆွေးနွေးမှုတွေကို ပိုမိုခက်ခဲရှုပ်ထွေးစေကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

ကာတာနိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသူများ အမြန်ဆုံးပြန်လည်လွတ်မြောက်စေဖို့ ကြားဝင်စေ့စပ်ဆွေးနွေးနေကြောင်း သိရပါတယ်။ 


ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက "အစ္စရေးရဲ့မြေပြင်ထိုးစစ်ဆင်မှုတွေက ပြန်ပေးဆွဲခံထားရ သူတွေ အမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးဆွေးနွေးမှုတွေကို အခက်အခဲဖြစ်လာစေတယ်" လို့ ပြောပါတယ်။ 

အစ္စရေးစစ်တပ်အနေနဲ့ ဖမ်းဆီးခံထားရတဲ့ သူတွေအမြန်ဆုံးပြန်လည်လွတ်မြောက်စေဖို့နဲ့ အိမ်ကို ပြန်လည်ခေါ်ယူ နိုင်ဖို့ အရာရာတိုင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ ပြန်ပေးဆွဲခံထားရသူတွေ ပြန်လည်လွတ်မြောက်စေဖို့ ဂါဇာဒေသကိုလည်း မြေပြင်ထိုးစစ်ဆင်နေပြီဖြစ်ကြောင်း၊ ပြန်ပေးဆွဲခံထားရသူတွေ ကို မိခင်အိမ်ကို အမြန်ဆုံးပြန်လာနိုင်ရေးက အဓိကဦးစားပေးဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဟာဂါရီက ပြောပါတယ်။


ဥရောပသမဂ္ဂရဲ့နိုင်ငံခြားမူဝါဒရေးရာအဖွဲ့အကြီးအကဲ ဂျိုးဆပ်ဘော်ရယ်လ်က ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ ရန်လိုတိုက်ခိုက်မှုတွေကို အဆုံးသတ်ရမှာဖြစ်ကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ၎င်းက ဂါဇာဒေသဟာ အင်တာနက်ဖြတ်တောက်မှု၊ အထီးကျန်ဖြစ်နေမှု အပြင် ကျည်ဆံတွေ ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လျက်ရှိနေကြောင်း ပြောပါတယ်။ 

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ဂါဇာဒေသခံတွေဟာ လျှပ်စစ်မီး၊ ရေ နဲ့ အစားစာတွေ လုံလောက်စွာမရတဲ့ အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 


လစ်ဗျားလွှတ်တော်က ဂါဇာဒေသရှိ ဟားမက်စ်အဖွဲ့များအပေါ် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့အစ္စရေးကို ကူညီ ထောက်ပံ့ပေးမှုတွေလုပ်ဆောင်ခဲ့တဲ့ အမေရိကန်၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်နိုင်ငံတို့ကသံအမတ်ကြီးတွေကို နိုင်ငံအတွင်းကနေ အမြန်ဆုံးထွက်ခွာဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။ လစ်ဗျားလွှတ်တော်က ပါလက်စတိုင်းပြည်သူများအပေါ် တိုက်ခိုက်မှုတွေ မရပ်တန့်ဘူးဆိုရင် အစ္စရေးနိုင်ငံကို စွမ်းအင်ဖြတ်တောက်မှုတွေ လုပ်ဆောင်သွားမယ်လို့ခြိမ်းခြောက်လိုက်ပါတယ်။ 


ပါလက်စတိုင်းလူမျိုးတွေ နေထိုင်လျက်ရှိနေတဲ့ ဂါဇာဒေသ မြောက်ပိုင်းဟာ လက်ရှိအချိန်မှာ တိုက်ပွဲဇုန်တစ်ခု ဖြစ်ပွားခဲ့ပြီဖြစ်ကြောင်း၊ ဒေသခံတွေအနေနဲ့ ဂါဇာဒေသတောင်ပိုင်းကို အမြန်ဆုံးပြောင်းရွှေ့ဖို့ လိုအပ်ကြောင်း အစ္စရေးစစ်ဘက် တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသ အပေါ် မြေပြင်ထိုးစစ်ဆင်မှုတွေ အောက်တိုဘာ ၂၈ ရက်က စတင်ခဲ့ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့တွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေကြောင်း သိရပါတယ်။

အစ္စရေးဟာ မြေပြင်ထိုးစစ်သာမက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေရာ ဂါဇာဒေသ မြောက်ပိုင်းရှိ ယာယီနေထိုင်ရေးစခန်းတွေက ဘေးကင်းလုံခြုံမှုမရှိကြောင်း အစ္စရေးစစ်တပ်က ပြောရေးဆိုခွင့်ရှိသူ ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ အောက်တိုဘာလ ၂၉ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved