Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဘယ်သူဘယ်ဝါမှန်း မသိ၍ အစုအပုံလိုက် မြေမြှုပ်သဂြိုဟ် မခံရစေရန် မိမိနှင့်မိသားစုအမည်ပါ လက်ပတ်ကြိုးများကို ဂါဇာပါလက်စတိုင်းမိသားစုတို့ ၀တ်ဆင်နေကြရ

Htay Oung (NSS) - အောက်တိုဘာ ၂၆

ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူအတော်များများဟာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့အတွက် အစုပုံလိုက် မြေမြှုပ်သဂြိုဟ်ပစ်နေရတယ်လို့ ဒေသခံများက ပြောပါတယ်။ အဲဒါကြောင့် ကျန်ရစ်သူ မိသားစုတို့အနေနဲ့ မိမိတို့ဘယ်သူဖြစ်ကြောင်း ခြေရာခံနိုင်မယ့် လက်ကောက်/လက်ကြပ်လေးတွေကို မိသားစုအချို့က (မသေခင်) ၀တ်ဆင်နေကြတယ်လို့ ရိုက်တာသတင်းအေဂျင်စီက ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်)မှာ ရေးသားပါတယ်။


ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးရဲ့အပြင်းထန်ဆုံး ဗုံးကြဲတိုက်ခိုက်မှုမှာ အဲဒီလို လက်ပတ်လေးတွေကို အသုံးပြုခြင်းဖြင့် အစုပုံလိုက်မြေမြှုပ်ခံရမယ့်အရေးမှ လျှော့ချဖို့ ကြိုးစားနေကြရပါတယ်။ အောက်တိုဘာလ ၇ ရက် ဟားမတ်စ်စစ်သွေးကြွတို့ရဲ့ အစ္စရေးမြို့များကို တိုက်ခိုက်ရာမှာ လူပေါင်း ၁၄၀၀ ခန့်သေဆုံးပြီး ဓားစာ ခံများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အစ္စရေးက အဲ့ဒီလို လေကြောင်းတိုက်ခိုက်မှုကို စတင်ခဲ့ခြင်းဖြစ်ပါ တယ်။

တချို့ရုပ်အလောင်းတွေဟာ ဘယ်သူ ဘယ်ဝါမှန်း မသိနိုင်လောက်အောင် အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်နေတာကို မြင်ဖူးတယ်လို့ အသက် ၄၀ အရွယ် ပါလက်စတိုင်း အမျိုးသားတစ်ဦးက ပြောပြပါတယ်။ အသက် ၄၂ နှစ်အရွယ် သူ့မိန်းမဟာ သား ၂ ယောက်၊ သမီး ၂ ယောက် မြောက်ဘက် ဂါဇာစီးတီးမှာ ထားရစ်ခဲ့ပြီး အခြား သား သမီး ၃ ဦးနဲ့အတူ တောင်ဘက် ခန်ယူနွတ်မြို့ကို ပြောင်းရွှေ့သွားကြပြီလို့ ဆိုပါတယ်။

ဗုံးကြဲခံရပြီး အားလုံးအတူ သေမကုန်ကြရအောင် အဲဒီလို မိသားစု ခွဲနေခြင်းဖြစ်ကြောင်း အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားတယ်လို့ သူက ရှင်းပြပါတယ်။ သူ့မိသားစုဝင်တွေအတွက် အပြာရောင်ကြိုးလက်ကြပ်တွေကို ဝယ် ယူပြီး လက်ကောက်ဝတ်နှစ်ဖက်မှာ ချည်နှောင်ထားကြောင်း တစ်ခုခုဖြစ်သွားရင် ဒီနည်းနဲ့ သူတို့ဘယ်သူ ဆိုတာ မှတ်မိနိုင်ကြလိမ့်မယ်လို့ ပြောပြပါတယ်။

အခြား ပါလက်စတိုင်း မိသားစုတွေကလည်း သူတို့ရဲ့ကလေးများအတွက် လက်ပတ်ကြိုး ဝယ်ယူခြင်း သို့မဟုတ် ပြုလုပ်ခြင်း သို့မဟုတ် လက်မောင်းများမှာ ကိုယ့်နာမည်များကို ရေးသားထားကြပါတယ်။

အစုအပြုံလိုက် မြှုပ်နှံခြင်းများကို ဒေသခံ မွတ်စလင် ဘာသာရေးဆရာများက ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ သင်္ဂြိုဟ်ခြင်းမပြုမီ ဆေးဘက်ဆိုင်ရာက သေဆုံးသူများရဲ့ ဓါတ်ပုံများ၊ သွေးနမူနာများကို သိမ်းဆည်းကာ နံပါတ်စဉ်များ ပေးထားကြပါတယ်။

ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ ဂါဇာကမ်းမြောင်ရဲ့ မြောက်ဘက်နယ်မြေအတွင်းမှ ထွက်ခွာဖို့ အစ္စရေးစစ်တပ်က ဒေသခံတွေကို ပြောထားပြီး ပိုမိုလုံခြုံတယ်လို့ တောင်ဘက်ကို ညွှန်ပြနေပါ တယ်။ ဒါပေမယ့် ဟားမတ်စ်တို့ အုပ်ချုပ်တဲ့ ဂါဇာမြောက်ပိုင်းရော တောင်ပိုင်းနယ်မြေကိုပါ လေကြောင်းတိုက်ခိုက်နေပါတယ်။

ကမ်းမြောင်မြောက်ပိုင်းနေထိုင်သူ အားလုံး ဂါဇာမြို့တော်အတွင်းရှိ ဟားမတ်စ်အကြမ်းဖက်တို့ ပစ်မှတ်များအနီး မှာ မနေကြရန်နဲ့ တောင်ပိုင်းနယ်မြေကို ပြောင်းရွှေ့နေထိုင်ကြဖို့ အစ္စရေးစစ်တပ်က တိုက်တွန်းထားပါတယ်။

ဟားမတ်စ်တို့ဟာ ဂါဇာကမ်းမြောင်တဝှမ်း အရပ်သားတွေကြားထဲ (ကတုတ်ကျင်း- မြေအောက်လှိုဏ်ခေါင်း များနဲ့) အခိုင်အမာ နေရာယူထားပြီးဖြစ်ကြောင်း၊ ဟားမတ်စ်ပစ်မှတ်အဖြစ် ပေါ်ပေါက်လာတိုင်း အကြမ်းဖက် အဖွဲ့ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို တားဆီး-အန္တရာယ်လျော့ပါးအောင် IDF အနေနနဲ့ တိုက်ခိုက်သွားမှာဖြစ်ပြီး မသက်ဆိုင်သောအရပ်သားများအပေါ် တတ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေပါတယ်လို့ IDF ပြောရေးဆိုခွင့်ရှိသူက ရှင်းပြပါတယ်။ 

သူတို့ဘက်မှာ အသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ အောက်တိုဘာလ ၇ ရက်ကတည်းက အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းက တမဟုတ်ချင်း လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ရေ၊ စားနပ် ရိက္ခာ၊ လောင်စာဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတဲ့ ဝိုင်းပတ်ပိတ်ဆို့ခံ နယ်မြေအတွင်း ထောက်ပံ့ကူညီမှုတွေကို ပေးပို့နိုင်ဖို့ တိုက်ခိုက်မှုများ ရပ်ဆိုင်းပေးကြပါရန် ကမ္ဘာ့ခေါင်းဆောင်တွေက တောင်းဆိုနေပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကလေးငယ် ၃၄၄ ဦး အပါ အဝင် ပါလက်စတိုင်း စုစုပေါင်း ၇၅၆ ဦး သေဆုံးခဲ့တယ် လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့နဲ့ နောက်ပိုင်း အစ္စ ရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၆၅၄၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၂၇၀၄ ဦး ပါ၀င်တယ်လို့ ဆိုပါတယ်။

(Reuters., 25 October 2023,” Gaza families wear ID bracelets to avoid burial in mass graves” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာအလှမယ် နီနီလင်းအိမ် Miss Grand International 2023 တွင် First Runner up ဆုရရှိ

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved