Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်အစိုးရက ကာကွယ်ရေးဝန်ကြီးလီရှန်ဖုကို ရာထူးမှဖယ်ရှား

Pika (NSS)- အောက်တိုဘာ ၂၅

တရုတ်အစိုးရသည် အောက်တိုဘာလ(၂၄)ရက်တွင် ကာကွယ်ရေးဝန်ကြီး လီရှန်ဖုကို ၎င်း၏ရာထူးနှင့် နိုင်ငံ တော်ကောင်စီဝင်အဖြစ်မှ ဖယ်ရှားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရသိရသည်။


အဆိုပါ ဖယ်ရှားမှုသည် လေးလအတွင်း နိုင်ငံအကြီးတန်းခေါင်းဆောင်တစ်ဦးကို ဒုတိယအကြိမ်မြောက် ဖြုတ်ချခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် နိုင်ငံ ခြားရေးဝန်ကြီးကျင်ဂန်းသည် ၎င်း၏ရာထူးမှဖယ်ရှားခံခဲ့ရသလို နိုင်ငံတော်ကောင်စီဝင်ရာထူးမှလည်း ဖယ်ရှားခံခဲ့ရကြောင်းသိရသည်။ 

တရုတ်အာဏာရပါတီဖြစ်သော ကွန်မြူနစ်ပါတီ၏  အမြဲတမ်းကော်မတီဝင်များသည်  ၎င်းတို့နှစ်ဦးလုံးအား ရာထူးမှဖယ်ရှားမှုကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း CCTV သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။ လီရှန်ဖုကို ရာထူးမှဖယ်ရှားခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းချက်ပေးခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ တရုတ်အစိုးရသည် ကာကွယ်ရေးဝန်ကြီး လီရှန်ဖု၏နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်းမျိုးမရှိခဲ့သော်လည်း  အောက်တို ဘာလ(၂၉)ရက်မှ (၃၁)ရက်အထိ ကျင်းပမည့် နိုင်ငံရပ်ခြားမှ ကာကွယ်ရေးအရာရှိများနှင့်တွေ့ဆုံမည့် Xiangshan Forum ကို ဆက်လက်ကျင်းပရန် ပြင်ဆင်နေကြောင်းလည်း သိရသည်။

ထို့ပြင် သိပ္ပံနှင့်နည်းပညာဝန်ကြီး Wang Zhigang နှင့် ဘဏ္ဍာရေးဝန်ကြီး Liu Kun တို့၏နေရာတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပါတီအတွင်းရေးမှူး Yin Hejun နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပါတီအတွင်းရေးမှူး Lan Fo'an တို့ကို အစားထိုးခန့်အပ်ခဲ့ကြောင်းလည်းသိရသည်။ အသက်(၆၅)နှစ်အရွယ် လီရှန်ဖုသည် ပြီးခဲ့သည့်နှစ်လခန့်က ဗီယက်နမ်တွင် ကျင်းပသောအစည်းအဝေးပွဲကို မတက်ရောက်ခဲ့ကြောင်း၊ အဆိုပါပွဲစဉ်နောက်ပိုင်းကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

လီရှန်ဖုသည် စစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်ဆက်စပ်သော အကျင့်ပျက်ခြစားမှုတို့အတွက် စုံစမ်းစစ်ဆေးမှုကို ခံနေရကြောင်း ရိုက်တာသတင်းဌာနက ပြီးခဲ့သည့်လတွင်ဖော်ပြခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်၏မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားစစ်ဘက်ပြော

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved