Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်၏မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားစစ်ဘက်ပြော

Pika (NSS) - အောက်တိုဘာ ၂၅

ဘော်လ်တစ်ပင်လယ်ပြင်ကို ကျော်ဖြတ်ကာ ရုရှားလေပိုင်နက်အနီးသို့ ချဉ်းကပ်လာသော အမေရိကန်၏ B-1B  မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်းကို ရုရှား၏ Su-27 တိုက်လေယာဉ်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအောက်တိုဘာလ(၂၄) ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။


ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ဘော်လ်တစ်ပင်လယ်ကို ဖြတ်ကျော်လာသည့် ဝေဟင်ပစ်မှတ်နှစ်ခုကို တွေ့ရှိခဲ့ပြီးနောက် အဆိုပါလေယာဉ်အမျိုးအစားများကို ဖော်ထုတ်ရန် နှင့် ရုရှားလေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် တိုက်လေယာဉ်တစ်စင်းကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။အဆိုပါ လေယာဉ်များမှာ နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များ နှင့် ဗုံးများသယ်ဆောင်ရန်အတွက် ဒီဇိုင်းထုတ်ထားသော B-1B မဟာဗျူဟာမြောက်ဗုံးကြဲလေ ယာဉ်များဖြစ်ကြောင်း ရုရှား၏ Su-27 တိုက်လေယာဉ်မှူးက ကာကွယ်ရေးဝန်ကြီးဌာနကို အကြောင်းကြားခဲ့သည်။ 

ရုရှားတိုက်လေယာဉ်က ချဉ်းကပ်ကာ ကြားဖြတ်ဟန့် တားခဲ့ပြီးနောက် အမေရိကန်၏မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်းသည် လမ်းကြောင်းပြောင်းကာ ရုရှားနယ်စပ်မှ အဝေးကိုထွက်ခွါခဲ့ကြောင်း သိရသည်။ အမေရိကန်၏ ဗုံးကြဲလေယာဉ်များသည် ရုရှားလေပိုင် နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့ခြင်းမျိုးမရှိကြောင်းနှင့်  ရုရှားတိုက်လေယာဉ်၏ ကြားဖြတ်ဟန့်တားမှုသည် နိုင်ငံတကာ ဥပဒေများနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောဆိုခဲ့သည်။ 

B-1B သည် ၁၉၈၀ ခုနှစ်ဝန်းကျင်ကတည်းက စတင်အသုံးပြုခဲ့သော အသံထက်မြန်သည့် မဟာဗျူဟာမြောက် အကြီးစားဗုံးကြဲလေယာဉ်ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ထိုးဖောက်ဝင်ရောက်ရန်နှင့် နျူကလီးယားဗုံးများ ကြဲချရန်အတွက် ဒီဇိုင်းထုတ် ထားခြင်းဖြစ်သည်။ ထို့ပြင် ထုတ်လုပ်ထားသော B-1B အစီးရေ(၁၀၀)ခန့်အနက် (၄၅)စီးမှာ အမေရိကန်လေတပ်တွင် အသုံးပြုနေဆဲဖြစ်ကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လယ်ယာမြေအား စည်းကမ်းဖောက်ဖျက်ကျူးလွန်အသုံးပြုမှုကို စတင်တွေ့ရှိသည်နှင့်တစ်ပြိုင်နက်တည်း ကြပ်မတ်အရေးယူဆောင်ရွက်မည်

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved