Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်သည် အီရန် နှင့် စစ်ဖြစ်ရန် မလိုလား- ကိုယ်စားပြုသူများက တိုက်ခိုက်လာလျှင် မိမိကိုယ်ကို ခုခံကာကွယ်မည်ဟု ဘလင်ကင်သတိပေး

Htay Oung (NSS) - အောက်တိုဘာ ၂၅

ဝါရှင်တန်အနေနဲ့ အီရန်နိုင်ငံနဲ့ ပဋိပက္ခဖြစ်ပွားရန် ကြိုးပမ်းမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က နယူးယောက်မြို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အင်္ဂါနေ့ (အောက်တိုဘာလ ၂၄ ရက်)က ပြောဆိုပါတယ်။ ဒါပေမယ့် အီရန် သို့မဟုတ် အီရန်ကိုယ်စားပြုသူများက အမေရိကန်အမှုထမ်းတစ်ယောက်ယောက်ကို ဘယ်နေရာမှာမဆို တိုက်ခိုက်လာပါက အလျင်မြန်ဆုံးနဲ့ အပြတ်သားဆုံး ဆောင်ရွက်မှာဖြစ်ကြောင်း သတိပေးလိုက်တယ်လို့ ရိုက်တာ သတင်းအေဂျင်စီက ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်)က ရေးသားပါတယ်။


အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသရှိ  အီရန်ကျောထောက်နောက်ခံပြု ပါလက်စတိုင်း ဟားမတ်စ်စစ်သွေးကြွတို့အကြား ပဋိပက္ခမှာ တီဟီရန်ရဲ့ ထောက်ပံ့မှုနဲ့ လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ (လက်ဘနွန် ပြည်သူ့စစ်) ဟစ်ဇ်ဘိုလာတို့ကလည်း ပါ၀င်ပတ်သက်နေပါတယ်။ ပဋိပက္ခဟာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲကြီးအဖြစ် ရောက်ရှိလာမှာကို နိုင်ငံတကာက စိုးရိမ်နေခိုက် အဖွဲ့၀င် ၁၅ နိုင်ငံတက်ရောက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာအစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ယခုလို ပြောဆိုခြင်းဖြစ်ပါတယ်။


အီရန် ကျောထောက်နောက်ခံပြုအဖွဲ့များရဲ့ တိုက်ခိုက်မှုများကြောင့် စိုးရိမ်မှုများ တိုးမြင့်လာနေချိန်မှာ အရှေ့အလယ်ပိုင်းရှိ သူတို့တပ်များကို ကာကွယ်ဖို့အတွက် အမေရိကန်စစ်တပ်က ခြေလှမ်းသစ်များ လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူများက ရိုက်တာသတင်းဌာနကို ပြောပြဖူးပါတယ်။ လေယာဉ်တင် သင်္ဘောနှစ်စင်းအပါအဝင် အီရန်နိုင်ငံနဲ့ အီရန်ကျောထောက်နောက်ခံပြု အဖွဲ့များကို ဟန့်တားရန် အမေရိကန်က ဒေသအတွင်း စစ်သင်္ဘောများနဲ့ တိုက်လေယာဉ်များ  စေလွှတ်ထားပါတယ်။

ဘလင်ကင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် မေတ္တာရပ်ခံချက်ကို ကုလသမဂ္ဂဆိုင်ရာ အီရန်သံရုံးက လောလောဆယ် တုံ့ပြန်ခြင်း မရှိသေးပါဘူး။ အီရန်အနေနဲ့ အဲဒီအရှေ့အလယ်ပိုင်းဆိုင်ရာအစည်းအဝေးမှာ မိန့်ခွန်းပြောကြားဖို့ အင်္ဂါနေ့ညနေပိုင်းမှာ အစီအစဉ်ရှိနေပါတယ်။

ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအတွင်း အစ္စရေးဆန့်ကျင်ရေး သို့မဟုတ် အမေရိကန်အပါအဝင် အစ္စရေးရဲ့ လုပ်ဖော်ကိုင်ဖက်များအပေါ် ပစ်မှတ်ထားဖွယ် သီးခြားမျက်နှာစာတစ်ခုခု ဖွင့်လှစ်ရန် စိတ်ကူးယဉ်နေကြတဲ့ တိုင်းပြည် သို့မဟုတ် နိုင်ငံမဟုတ်သူ (အဖွဲ့အစည်း)များထံ  ခိုင်မာစည်းလုံးတဲ့ သတင်းစကားတစ်ခုကို ပေးပို့လိုကြောင်း၊ မီးလောင်ရာ ဓါတ်ဆီမလောင်း ကြဖို့  အဖွဲ့ဝင်နိုင်ငံအားလုံးရှေ့မှောက်မှာ သတိပေးလိုကြောင်း ဘလင်ကင်က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတို့ရဲ့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အရပ်သားများအပေါ် အကာအကွယ်ပေးရန်၊ ဂါဇာကမ်းမြောင်ဒေသအတွင်း လူသား ချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ဗြောင်ကျကျ ချိုးဖောက်မှုတွေအတွက် စိုးရိမ်တယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၇ ရက် အစ္စရေးနိုင်ငံအတွင်း ပါလက်စတိုင်းစစ်သွေးကြွတို့ရဲ့ (တိုက်ခိုက်မှုကို) လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက လေကြောင်းတိုက်ခိုက်လျက်ရှိရာ ညတွင်းချင်းမှာပဲ ပါလက်စတိုင်း ၇၀၀ ကျော် သေဆုံးခဲ့ကြောင်း၊ ဟားမတ်စ်စစ်သွေးကြွများအပေါ် ချေမှုန်းရေး စတင်ချိန်မှစပြီး ၂၄ နာရီအတွင်း သေဆုံးမှုအများဆုံး ဖြစ်ပေါ်ခဲ့တယ်လို့ ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ပြောဖူးပါတယ်။

အရပ်သားများကို အလေးထား ကာကွယ်ခြင်း အခြေခံမူမှ စတင်ပြီး စစ်ပွဲတိုင်း မှာ စည်းမျဉ်းစည်းကမ်းများ ပါရှိတယ်ဆိုတာ အဲဒီလို အသည်းအသန် အခိုက်အတန့်မျိုးမှာ ရှင်းရှင်းလင်းလင်း သိထားကြဖို့ အရေးကြီးကြောင်း၊ ဟားမတ်စ်တို့ရဲ့_တိုက်ခိုက်မှုတွေဟာ လက်တွေ့ဘ၀နဲ့ကင်းကွာနေခြင်း မရှိတာကိုလည်း အသိအမှတ်ပြုဖို့အရေးကြီးကြောင်း၊  ပါလက်စတိုင်း ပြည်သူတွေဟာ ၅၆ နှစ်ကြာ မွန်းကျပ်တဲ့ သိမ်းပိုက်မှုကို ခံစားခဲ့ရကြောင်း၊

ဒါပေမယ့် ပါလက်စတိုင်းပြည်သူတွေရဲ့ နစ်နာချက်မှာ ဟားမတ်စ်တို့ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ တရားမျှ တအောင် စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း၊ ယခုလို တုန်လှုပ်ဖွယ်တိုက်ခိုက်မှုတွေနဲ့ သိမ်းကျုံးအပြစ်ပေးခြင်း အားဖြင့် ပါလက်စတိုင်းပြည်သူများအတွက် တရားမျှတအောင် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဂူတာရက်စ်ရဲ့ မိန့်ခွန်းဟာ တုန်လှုပ်ဖွယ် အတိဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီးက သမုတ်လိုက်ပါတယ်။ အန်တိုနီယို ဂူတားရက်စ်အနေနဲ့ ရာထူးမှချက်ချင်းနှုတ်ထွက်ပေးဖို့ တောင်းဆိုတယ်လို့ X လူမှုကွန်ရက် ပလက်ဖောင်း သူ့ရဲ့စာမျက်နှာမှာ ရေးသားပါတယ်။ အမေရိ ကန်နိုင်ငံမှာ အလည်အပတ်ရောက်ရှိ နေတဲ့ အစ္စရေးနိုင်ငံခြားရေး၀န်ကြီး အီလီကိုဟင်းကလည်း အင်္ဂါနေ့မှာ ဂူတာရက်စ်နဲ့ တွေ့ဆုံမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံတော့မှာ မဟုတ်ကြောင်း၊ အောက်တိုဘာလ ၇ ရက်နောက်ပိုင်းမှာ တရားမျှတတဲ့ ချဉ်းကပ်မှုလုပ်ဆောင်ဖို့ နေရာမရှိဖြစ်နေကြောင်း၊ ဟားမတ်စ်တွေကို ကမ္ဘာမြေပြင်ပေါ်မှ အပြီးတိုင် ဖျောက်ဖျက်ပစ်ရမှာ ဖြစ်ကြောင်း အီလီကိုဟင်းက လူမှုကွန်ရက်မှာ ရေးသားပါတယ်။

(Reuters., 24 October 2023,” Blinken tells UN: US doesn't want war with Iran but will defend itself” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံမှ ရာသီချိန်အလုပ်သမားခေါ်ယူမည့်သတင်း မှန်ကန်မှုမရှိကြောင်း ကိုရီးယားသံရုံးအသိပေး

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved