Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စစ်ပွဲမှာ ပါဝင်နေမယ်ဆိုရင် အီရန်နိုင်ငံကို ကမ္ဘာမြေပြင်ကနေ အပြီးတိုင်ဖယ်ရှားသွားမယ်လို့ အစ္စရေးအစိုးရ သတိပေး

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၃ 

အစ္စရေးစီးပွားရေးဝန်ကြီး နီဘာကက်က အစ္စရေးတပ်ဖွဲ့များအနေနဲ့ အီရန်ကို ကမ္ဘာမြေပြင်ကနေ အပြီးတိုင် ဖယ်ရှားသွားမယ့်အစီအစဉ်များရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစ္စရေးနဲ့ ဟားမက်စ်တို့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဘိုလာနဲ့ အီရန်တို့ဟာ စစ်ပွဲထဲမှာ တိုက်ရိုက်ပါဝင်လာမယ်ဆိုရင် အစ္စရေးတပ်ဖွဲ့တွေဟာ ဟစ်ဘိုလာအဖွဲ့တွေကို ချေမှုန်းသုတ်သင်သွားမှာဖြစ်သလို အီရန်ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။


အစ္စရေးစီးပွားရေးဝန်ကြီးက "အီရန်ဟာ အစ္စရေးကို စစ်မျက်နှာပေါင်းစုံကနေ တိုက်ခိုက်ဖို့ စီစဉ်နေတယ်။ အီရန်ဟာ အစ္စရေးကို စစ်မျက်နှာစုံကနေ တိုက်ခိုက်ဖို့ စီစဉ်နေတဲ့အချက်ကို တွေ့ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ အဲဒီစစ်မျက်နှာအားလုံးကို တုံ့ပြန်တိုက်ခိုက်ရုံတင်သာမက နောက်ကွယ်ကရှိနေတဲ့ အီရန်ကိုလည်း တိုက်ခိုက်သွားမယ်။ အီရန်ဟာ အစ္စရေးကိုတိုက်ခိုက်ဖို့ အစီအစဉ်တွေရှိနေမယ်ဆိုရင်တော့ အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာဟာ ညတိုင်းကို အေးဆေးအိပ်ရတော့မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။ 

ဒါ့အပြင် အစ္စရေးစီးပွားရေးဝန်ကြီးက လက်ဘနွန်နိုင်ငံ နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ဟာ စစ်ပွဲထဲ တိုက်ရိုက် ပါဝင်လာမယ်ဆိုရင်တော့ ဟားမက်စ်အဖွဲ့လိုမျိုး ကြီးမားတဲ့ပေးဆပ်မှုတွေ ပြန်လည်ပေးဆပ်ရမှာဖြစ်ကြောင်း ထပ်မံ သတိပေးထားပါတယ်။

၎င်းက "အစ္စရေးဟာ ရန်သူတွေကို ရှင်းရှင်းလင်းလင်း မက်ဆေ့ပေးလိုတယ်။ လိုအပ်မှုတွေ ရှိလာမယ်ဆိုရင် အီရန် ခေါင်းဆောင်တွေကို တိုက်ခိုက်သွားမယ်။ အီရန်ဟာ ကျွန်တော်တို့ကို ပစ်မှတ်ထားတိုက်ခိုက်လာမယ်ဆိုရင်တော့ အီရန်နိုင်ငံကို ကမ္ဘာမြေပြင်ကနေ အပြီးတိုင်ပျောက်ကွယ်အောင် လုပ်ဆောင်ပစ်မယ်" လို့ ပြောပါတယ်။


အီရန်နိုင်ငံခြားရေးဝန်ကြီး  Hossein Amir-Abdollahian က အစ္စရေးနိုင်ငံအတွက် လုံခြုံရေးအခြေအနေတွေဟာ လျင်မြန်စွာပြောင်းလဲနေကြောင်း၊ ဂါဇာဒေသရှိ ပါလက်စတိုင်းတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေမယ်ဆိုရင် အစ္စရေးဟာ မျှော်လင့်မထားတဲ့ စစ်မျက်နှာပေါင်းစုံကနေ တိုက်ခိုက်ခံရဖွယ်ရှိနေကြောင်း မကြာသေးမီက ပြောဆိုခဲ့ပါတယ်။ အစ္စရေးဟာ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုကို ရပ်တန့်မှုမရှိဘူးဆိုရင် ဒေသအတွင်းမှာ ထိန်းချုပ်လို့မရတဲ့ စစ်ပွဲပုံစံမျိုးဖြစ်လာနိုင်ကြောင်း ၎င်းက ထပ်မံသတိပေးထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အာမခံကြေးများကို (၃)ဆခန့်တိုးမြှင့်ရန်စီစဉ်နေ

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved