မှော်ဘီလေတပ်စခန်း (၁၀၇)မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ဟုဆို
ပုံစာ - မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ပြင်ဆင်ထားသည်ဟု ယူဆရသော (၁၀၇)မမ ရှော့တိုက်ဒုံးများအား စက်တင်ဘာလ ၁၄ ရက်က တွေ့ရစဉ်
မြူနစ် (NSS) - အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းအတွင်းရှိ မှော်ဘီလေတပ်စခန်း (၁၀၇)မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(အောက်တိုဘာလ ၂၂ ရက်)၊ ည ၉ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းရှိ မှော်ဘီလေတပ်စခန်းသည် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ၎င်းကဲ့သို့ ပစ်ခတ်ခံခဲ့ရသော်လည်း လေတပ်စခန်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာထိခိုက်ပျက်စီးမှုမျိုး မရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
“ပေါက်ကွဲမှုဖြစ်တဲ့ အသံတွေတော့ ကြားရတယ်။ အဲဒါတော့ ဟုတ်တယ်။ ဒါပေမယ့် ဘာမှ မဖြစ်ပါဘူး၊ ဘာမှ မထိဘူး။ ခြံစည်းရိုးနားမှာပဲ သံတိုသံစလေးတွေ၊ အစအနလေးတွေ တွေ့တယ်။ ဒါပါပဲ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် (၁၀၇)မမ ရှော့တိုက်ဒုံးနှစ်လုံးသည် မှော်ဘီလေတပ်စခန်း၏ ခြံစည်းရိုးအနီးသို့ ကျရောက်ပေါက်ကွဲမှုရှိခဲ့သော်လည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မှော်ဘီလေတပ်စခန်းအား (၁၀၇)မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို URBAN SPECIAL OPERATION (U.S.O) အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
အလားတူ လွန်ခဲ့သော စက်တင်ဘာလ ၁၄ ရက်တွင်လည်း မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ရန် ပြင်ဆင်ထားသည်ဟု ယူဆရသော (၁၀၇)မမ ရှော့တိုက်ဒုံး(၈)လုံးကို သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က အချိန်မီတွေ့ရှိရှင်းလင်းနိုင်ခဲ့သောဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါ ရှော့တိုက်ဒုံး(၈)လုံးကို မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာရှိ လယ်ကွင်းပြင်တစ်ခုအတွင်း၌ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်ပွဲမှာ ပါဝင်နေမယ်ဆိုရင် အီရန်နိုင်ငံကို ကမ္ဘာမြေပြင်ကနေ အပြီးတိုင်ဖယ်ရှားသွားမယ်လို့ အစ္စရေးအစိုးရ သတိပေး
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ