Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကနေဒါနိုင်ငံနှင့် ဆက်ဆံရေးမှာ ခက်ခဲသည့် အဆင့်ကို ဖြတ်သန်းနေဟု အိန္ဒိယပြော

Htay Oung (NSS) - အောက်တိုဘာ ၂၃

ကနေဒါနိုင်ငံနဲ့ မိမိတို့ ဆက်ဆံရေးဟာ ခက်ခဲတဲ့အဆင့်ကို ဖြတ်သန်းနေပြီး နယူးဒေလီရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ကနေဒါအစိုးရအမှုထမ်းများက ဆက်လက်ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း တနင်္ဂနွေနေ့မှာ အိန္ဒိယက ပြောဆိုတယ်လို့ Reuters က ယမန်နေ့(အောက်တိုဘာ လ ၂၂ ရက်)မှာ ရေးသားပါတယ်။


ပြီးခဲ့တဲ့လက ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ နေထိုင်သူ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီကိစ္စမှာ အိန္ဒိယအေးဂျင့်တွေ ပါဝင်ပတ်သက်နေနိုင်တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျတ်စတင်ထရူးဒိုးက ရိုးတိုးရိပ်တိပ် ပြောဆိုခဲ့တာကြောင့် အိန္ဒိယအစိုးရက ဒေါသထွက်နေပါတယ်။ စွပ်စွဲချက်ကိုလည်း အိန္ဒိယက ငြင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာ (နှစ်နိုင်ငံ) ဆက်ဆံရေးဟာ ခက်ခဲတဲ့အဆင့်ကို ဖြတ်သန်းနေကြောင်း၊ နယူးဒေလီ ကြုံတွေ့ နေရတာတွေဟာ ကနေဒါရဲ့ နိုင်ငံရေး( အလေ့အထ) မှ အစိတ်အပိုင်းအချို့နဲ့ အဲဒီကနေ စီးဆင်းလာတဲ့ မူဝါဒတွေ ပြဿနာပဲဖြစ်တယ်လို့ ပြောရမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက မှတ်ချက်ပေးပါတယ်။

သူတို့ရဲ့ တရားဝင် သံတမန် အဆင့်အတန်းကို တဖက်သတ် လျှော့ချရန် နယူးဒေလီက ဆုံး ဖြတ်ခဲ့တဲ့အတွက် ကနေဒါကလည်း သူ့ရဲ့သံတမန် ၄၁ ဦးကို အိန္ဒိယမှ ပြန်လည် ရုပ်သိမ်းလိုက်ရပါတယ်။ ကနေဒါသံတမန်တွေအပေါ် အိန္ဒိယအစိုးရရဲ့ ဖြိုခွင်းမှုဟာ နှစ်နိုင်ငံစလုံးရှိတဲ့ သန်းနဲ့ချီတဲ့လူတွေရဲ့ ပုံမှန်သွားလာထေိုင်မှုတွေကို အခက်အခဲဖြစ်စေတယ်လို့ သောကြာနေ့မှာ ထရူးဒိုးက ပြောပါတယ်။

ဗီယင်နာ သဘောတူညီချက်အရ အိန္ဒိယအနေနဲ့ သံတမန်ရေးရာ တန်းတူညီမျှမှုကို အားကိုး အားထားပြုခဲ့ကြောင်း၊ (သံတမန်တစ်ဦးရဲ့ ရာထူးအဆင့်အရ သူ့ရဲ့ပြောဆိုလုပ်ကိုင်မှုဟာ ကိစ္စတစ်ရပ်အပေါ် လေးနက်စေကြောင်း) ကနေဒါဝန်ထမ်းတွေက နယူးဒေလီရဲ့ အရေးကိစ္စများမှာ စဉ်ဆက်မပြတ် ၀င်ရောက်စွက်ဖက်မှာကို စိုးရိမ်မိတယ်လို့ ဂျိုင်ရှန်ကာက ပြောပါတယ်။

နယူးဒေလီအနေနဲ့ (ကနေဒါလို) လူသိရှင်ကြား များများစားစား ထုတ်ပြန်ထားခြင်း မရှိကြောင်း၊  အချိန်ကာလတစ်ခုကြာလာတာနဲ့အမျှ နောက်ထပ်အချက်အလက်တွေ ထပ်မံထွက်ပေါ်လာမှာဖြစ်ပြီး လုပ်ခဲ့သမျှ တော်တော်များများမှာ ဘာကြောင့် အဲဒီလို လုပ်ခဲ့ရတယ်ဆိုတာ အများနားလည်လာလိမ့်မယ်လို့ ခံယူထားကြောင်း နယူးဒေလီ နိုင်ငံတကာ အာရှသတင်းဌာန ANI အေဂျင်စီက မျှဝေလိုက်တဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာ အိန္ဒိယ နိုင်ငံ ပြည်ပရေးရာဝန်ကြီးက ပြောပါတယ်။ 

အိန္ဒိယ သံတမန်များ နေ့စဉ် အလုပ်သွား အလုပ်ပြန် တာ၀န်ထမ်းဆောင်ရာမှာ ဘေးကင်းရေး၊ လုံခြုံရေး အကြောင်းပြချက်များနဲ့ ကနေဒါနိုင်ငံမှာ ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်မှာ နယူဒေလီက ပြောခဲ့ပါတယ်။ အဲဒီနိုင်ငံမှာ မိမိတို့ သံတမန်များအတွက် ဘေးကင်းလုံခြုံရေး လုပ်ဆောင်မှုတိုးတက်လာမယ်ဆိုရင် ဗီဇာထုတ်ပေးမှုကို ပြန်လည်စတင်မှာဖြစ်တယ်လို့လည်း ၀န်ကြီးက ဆိုပါတယ်။

လူဦးရေ ၃၈ သန်းကျော်ရှိတဲ့ ကနေဒါမှာ နိုင်ငံသားစုစုပေါင်းရဲ့ ၅ ရာခိုင်နှုန်းဖြစ်တဲ့ လူ ၂ သန်းခန့်ဟာ အိန္ဒိယဇာတိဖွားများဖြစ်ကြပါတယ်။ လက်ရှိအချိန်အထိ အိန္ဒိယတွေဟာ ကနေဒါရဲ့ အကြီးမားဆုံးသော နိုင်ငံရပ်ခြား ကျောင်းသား အရင်းအမြစ်များဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ပညာသင်ယူခွင့် လက်မှတ်ကိုင်ဆောင်ထားသူများရဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။

(ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာ သို့မဟုတ် နိုင်ငံ ရပ်ရွာများအတွင်း ပြဿနာပေါင်းစုံနဲ့ စစ်ပွဲများဖြစ်ပွားနေရခြင်းမှာ တစ်ဦးရဲ့စိတ်အလုပ်လုပ်ပုံ (Psychology) ကို အခြားတစ်ယောက်က နားမလည် သို့မဟုတ် မယုံကြည်လို့ ဖြစ်နိုင်ပါတယ်။

လူချင်းအတူတူ အသက်ရှူခြင်း ဘယ်လိုကွဲတယ်ဆိုတာ ကျွန်တော် မသိပေမယ့် လူတစ်ဦးနဲ့ စိတ်အလုပ်လုပ်ပုံ (စိတ်နေသဘောထား၊ အမြင်ဆုံးဖြတ်ပုံ) တစ်ထပ်တည်း မတူညီတာကတော့ သေချာပါတယ်။ 

အမေရိကန်နိုင်ငံရေးသမားတွေဟာ ရုရှားရဲ့စိတ်အလုပ်လုပ်ပုံကို နားမလည်ကြတဲ့အတွက် တစ်ချိန်ချိန်မှာ ထိပ်တိုက်တွေ့ကြလိမ့်မယ်လို့ ယခု ယူကရိန်းစစ်ပွဲမတိုင်မီ ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျားက သတိပေးခဲ့ဖူးပါတယ်။

တကယ်တော့ ပထဝီ၀င်အရ ဥရောပဆိုတာ ယူရယ်တောင်တန်း ယူရယ်မြစ်နဲ့ အနောက်ခြမ်းကို ခေါ်ဆိုခြင်းဖြစ်လို့ ရုရှားနိုင်ငံရဲ့ ၂၅% ဟာ ဥရောပ တိုက်အတွင်း ပါ၀င်နေပြီး ကျန် ၇၅% ဟာ အာရှတိုက်ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှားလူဦးရေ ၁၄၇ သန်းမှာ အများစုဖြစ်တဲ့ လူပေါင်း သန်း ၁၁၀ ဟာ ဥရောပ တိုက်သားများ ဖြစ်နေပါတယ်။  ဒီနေ့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နဲ့ ရုရှားအစိုးရအဖွဲ့၀င်များရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်လျှင် အထင်အရှား သိနိုင်ပါတယ်။

ဥရောပတိုက်သား ရုရှားတို့ကို ဥရောပနွယ်ဖွား လူဖြူများဖြစ်ကြတဲ့ အမေရိကန်နိုင်ငံရေး သမားတွေက နားမလည်ကြဘူးဆိုတာ ထူးဆန်းသလိုလိုတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန် တော်တို့ အာရှတိုက်သားတွေရဲ့ စိတ်အလုပ်လုပ်ပုံ (စိတ်နေသဘောထား)ဟာ လူဖြူ ဥရောပတိုက်သားများနဲ့ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ မိမိပတ်၀န်းကျင်အပေါ် အာရှတိုက်သားတို့ရဲ့ အမြင်နဲ့ဘဝနေနည်းကို လူဖြူတွေ နားမလည်နိုင်ပါဘူး။

အဲဒါကြောင့်ဖြစ်မယ် လူ့ကျင့်၀တ်နဲ့ ရိုးရာဓလေ့အစွဲအလမ်းကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုရာမှာ အာရှတိုက်ဟာ သီးခြားစံချိန် စံညွှန်းဖြစ်တဲ့သဘော လီကွမ်းယူက ပြောတာဖြစ်ပါလိမ့်မယ်။

အာဖရိကနဲ့ အာရှတိုက်သားတွေရဲ့ စိတ်အလုပ်လုပ်ပုံနဲ့ ဘဝနေနည်းကို နားမလည်ကြတဲ့  လူဖြူတွေထဲမှာ အင်္ဂလိပ်တွေကတော့ ဗြောင်ဖွင့်ပြောခဲ့ဖူးတာရှိပါတယ်။

ဒီနေ့အထိလည်း ကျွန်တော်တို့အပေါ် သူတို့ရဲ့ အမြင်မပြောင်းလဲသေးကြောင်း ကနေဒါ-အိန္ဒိယဆက်ဆံရေးတင်းမာမှုက မီးမောင်း ထိုးပြနေပါတယ်။

ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်လုပ်ကြံခံရမှုမှာ အိန္ဒိယအေးဂျင့်များ ပါ၀င်ပတ်သက်မှု မရှိဘူးလို့ ကျွန်တော် အာမ မခံနိုင်ပါ။ ၁၉၈၄ ခုနှစ်အိန္ဒိယမှာ အဓိကရုန်းများ ရက်အတန်ကြာဖြစ်ပွားပြီး ဒေလီမှာ ဆစ်ခ် ၂၈၀၀၊ တစ်ပြည်လုံးမှာ ဆစ်ခ် ၃၃၀၀ ကျော်အပါ၀င် လူပေါင်း ၈,၀၀၀ မှ ၁၇,၀၀၀ ခန့်သေဆုံးရတဲ့ အဖြစ်မျိုးကို ရှောင်လွှဲဖို့အတွက် ဒီနည်းလမ်းသာ ရှိတော့တယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ်။

ဒါပေမယ့် အဲဒီကိစ္စအပေါ် ကနေဒါအစိုးရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံက အိန္ဒိယအမျိုးသမီးတစ်ယောက်ကို လူပုံအလယ်မှာ ဆာရီဆွဲချွတ်သလို ဖြစ်နေပါတယ်။ လူသတ်မှု တရားခံကို ရဲလက်အပ်ရမယ့်အစား လမ်းလယ်ကောင်မှာ လူစုလူဝေးနဲ့ ဝိုင်းရိုက်သလို လုပ်နေပါတယ်

အဲဒါ လွတ်လပ်စွာပြောဆိုခွင့်မှာ ကနေဒါနဲ့ အိန္ဒိယတို့အကြားအမြင်နဲ့ ကျင့်သုံးပုံ မတူညီခြင်းပဲ ဖြစ်ပါလိမ့်မယ်။    ။သတင်းဘာသာပြန်သူ၏ သုံးသပ်ချက်ဖြစ်ပါသည်။)

(Reuters., 22 October 2023,” India says relations with Canada passing through difficult phase” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မှော်ဘီလေတပ်စခန်း (၁၀၇)မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ဟုဆို

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved