Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
"သူ့ကို မှတ်မိကြလား၊ ယာဆာအာရဖတ်၏ ပါလက်စတိုင်းလွတ်မြောက်ရေး အဖွဲ့နှင့် အော်စလို ငြိမ်းချမ်းရေး သဘောတူညီချက်" (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - အောက်တိုဘာ ၂၂

ယာဆာအာရဖတ် (၁၉၂၉-၂၀၀၄ ခုနှစ်) ဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပါလက်စတိုင်း မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပါလက်စတိုင်း ဒုက္ခသည်တစ်ဦးအဖြစ် လူဖြစ်လာရသူလို့ ပြောနိုင်ပါတယ်။ အီဂျစ်တက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီး ဇီယွန်ဝါဒဆန့်ကျင်ရေးအာရပ်အမျိုးသားရေးအယူအဆကို လက်ခံယုံကြည်သူဖြစ်ပါတယ်။


အရှေ့အလယ်ပိုင်း နိုင်ငံအားလုံးမှာ ဘာသာရေးနောက်ခံနဲ့ ကြောက်စရာအကောင်းဆုံး အဖွဲ့အစည်းနှစ်ခုရှိတယ်လို့ ပြောစမှတ်ရှိပါတယ်။ ဂျီဟတ်ဒ်အရေးတော်ပုံအဖွဲ့နဲ့ မွတ်စလင်ဘရားသားဟုဒ်အဖွဲ့ ဖြစ်ပါတယ်။

ဂျီဟတ်ဒ်အရေးတော်ပုံအဖွဲ့ဟာ အစ္စလာမ်ဘာသာနဲ့ အဆုံးအမနဲ့ မကိုက်ညီဘူးလို့ သူတို့ဖာသာ ထင်မှတ်တဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရကို တော်လှန်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဗုံးခွဲအ ကြမ်းဖက်ခြင်းများ ပြုလုပ်လေ့ရှိပါတယ်။

ပါကစ္စတန်နိုင်ငံ အဘော့တဘက်မြို့မှာ (ဆော်ဒီနိုင်ငံသား) အိုစမာဘင်လာဒင် (၁၉၈၈-၂၀၀၁ ခုနှစ်) ကို အမေရိကန်နေဗီဆီးလ်များက လုပ်ကြံသတ်ဖြတ်ပြီးနောက်ပိုင်း အိုစမာထူထောင်ခဲ့တဲ့ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ကို ဆက်ခံသူ အယ်လ်ဇာဝါဟီရီ (၁၉၅၁-၂၀၂၂ ခုနှစ်) ဟာ အီဂျစ်လူမျိုးခွဲစပ်ကုဆရာ၀န်ကြီးဖြစ်ပြီး အီဂျစ်ဂျီဟတ်ဒ်အရေးတော်ပုံအဖွဲ့မှ ဖြစ်ပါတယ်။ 

သူတို့နှစ်ဦးစလုံးရဲ့ ဆရာ အဗ္ဗဒူလာယူဆွတ်အာဇမ် (၁၉၄၁-၁၉၈၉ ခုနှစ်) ဟာ ဂျော်ဒန်မွတ်စလင်ဘရားသားဟုဒ်မှ ဖြစ်ပါတယ်။ တကယ်တော့ အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ်တို့ ပြောနေကြတဲ့ ဂျီဟတ်ဒ်ဆိုတာ အစ္စလာမ်ဘာသာ ကိုရမ်ကျမ်းကို အဓိပ္ပါယ်တစ်လွဲဖွင့်ဆိုထားခြင်းဖြစ်တယ်လို့ အကြမ်းဖက်မှု လေ့လာသူများက ပြောကြပါတယ်။ 

၁၉၈၉ ခုနှစ် ပါကစ္စတန် အနောက်ပက်ရှဝါပြည်နယ် ဗလီတစ်ခုမှ ၀တ်ပြုပြီး ထွက်ခွာလာတဲ့ အာဇမ်ကို ဗုံးခွဲလုပ်ကြံသတ်ဖြတ်ခံရခြင်းဟာ သူတို့နှစ်ဦးရဲ့လက်ချက်ဖြစ်တယ်လို့ စွပ်စွဲခံရခြင်းက အဲဒီအချက်ကို မီးမောင်းထိုးပြနေပါတယ်။

တကယ်တော့ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ဟာ အာရပ်အမျိုးသားရေးဝါဒ ဒီရေခေါင်ဖျားရောက်ရှိချိန် အာဖဂန်နစ်စတန်နိုင်ငံဆိုဗီယက်ကျူးကျော်မှု ( ၁၉၇၉-၁၉၈၉ ခုနှစ်) နဲ့ စစ်အေးတိုက်ပွဲ ကာလအတွင်း အောက်လမ်းဆရာ အမေရိကန်စီအိုင်အေက သရဲမွေးမိသလိုဖြစ်ခဲ့ရတဲ့ အာရပ်အစွန်းရောက်အဖွဲ့ဖြစ်ပါတယ်။ အောက်လမ်းဆရာ အမေရိကန်အစိုးရကို အယ်လ်ကိုင်ဒါသရဲ ဂုတ်ချိုးရာက 9/11 ဖြစ်စဉ်ပေါ်ပေါက်လာပြီး ယနေ့ထိ ကြားချောင် အသက်ပေးနေရသူတွေက အမေရိကန်နဲ့ အာရပ်ပြည်သူတွေပဲ ဖြစ်ပါတယ်။ 

ပါလက်စတိုင်းဒုက္ခသည်တစ်ဦးအဖြစ် လူ့ဘကြီးကို ရောက်လာတဲ့ ယာဆာအာရဖတ်ဟာ မွတ်စလင် ဘရားသားဟုဒ်တို့နဲ့အတူ အစ္စရေးကို ဆန့်ကျင်ရင်း ပါလက်စတိုင်းလွတ်မြောက် ရေးအဖွဲ့ PLO မှာ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။

ဟားမတ်တို့ဟာ အစ္စရေးတို့ရဲ့ သိမ်းပိုက်မှုကို ဆန့်ကျင်တဲ့ (အစ္စရေးသြဇာခံ အနောက်ဘက်ကမ်း အာဏာပိုင်အဖွဲ့ကို ဆန့်ကျင်တဲ့) ပါလက်စတိုင်းလူထုအုံကြွမှု ၁၉၈၇-၁၉၉၃ ခုနှစ်မှ “ပထမအကြိမ်အင်တီဖာဒါ” နဲ့ “ ၂၀၀၀-၂၀၀၅-ခုနှစ် “ဒုတိယအကြိမ် အင်တီဖာဒါ” အပြီးမှာ ပေါ်ပေါက်လာတဲ့ မွတ်စလင်ဘရားသားဟုဒ်များ ဖြစ်ကြပါတယ်။

ပါလက်စတိုင်းနဲ့ ဂျူးတို့အကြား (နယ်မြေပိုင်ဆိုင်ခွင့်) ပဋိပက္ခဟာ ရာစုနှစ်ချီ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရန်ဘက်တိုင်းပြည်များပတ်လည်ဝိုင်းနေတဲ့ နေရာမှာ နိုင်ငံတည်ထောင်ခြင်းအားဖြင့် အာရပ်တို့နဲ့ မလွဲမသွေ စစ်ဖြစ်ရလိမ့်မယ်ဆိုတာ ဂျူးလူမျိုးတို့ ကြိုတင်တွက်ဆထားပြီး ဖြစ်ပုံရပါတယ်။ စစ်ပွဲတိုင်းမှာ အစ္စရေးတို့က နယ်မြေတိုးချဲ့ သိမ်းယူနိုင်ခဲ့ပြီး ၁၉၆၇-ခုနှစ် ၆-ရက်စစ်ပွဲ တတိယအကြိမ်မှာ ပါလက်စတိုင်းတို့ကို အနောက်ဘက်ကမ်းနဲ့ ဂါဇာ ကမ်းမြှောင်အတွင်း မောင်းထုတ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်ခဲ့ပါတယ်။ စတုတ္ထအကြိမ် နှစ်ဘက်အင်အားပြည့် အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြတဲ့ ၁၉၇၃-ခုနှစ် ယွန်ကစ်ပူစစ်ပွဲအပြီးမှာ ယခင်သိမ်းယူထားတဲ့ နယ်မြေများနဲ့ အလဲအလှယ် လုပ်ခြင်း ဂျော်ဒန်အပါအ၀င် အိမ်နီးချင်းအာရပ်နိုင်ငံအချို့နဲ့ အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။

အီဂျစ်နဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်တဲ့အတွက် ဆိုင်းနိုင်းဒေသကို သိမ်းယူထားတဲ့ အစ္စရေးတပ်များကို ပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။ ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းတို့မှာ စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးကို ပြောင်းလဲပေးခဲ့ပေမယ့် ဂိုလန်ကုန်းမြင့်နဲ့ ဂျေရုဆလင်မြို့ အရှေ့ပိုင်းကို အစ္စရေးပိုင်နက်အတွင်း သွတ်သွင်းခဲ့ပါတယ်။ အဲဒီလို တစ်နေရာလျော့ တစ်နေရာတင်း လုပ်ခြင်းအားဖြင့် စစ်ပွဲဖြစ်ပွားတိုင်း ပါ၀င်နေကျ အာရပ်နိုင်ငံအချို့ကို ဖယ်ထုတ်ခဲ့ကြောင်း ဂျူးတို့ရဲ့ စစ်ရေး-အုပ်ချုပ်ရေး လိမ်မာပါးနပ်ပုံကို တွေ့မြင်ရပါတယ်။ 

ဆိုင်းနိုင်းကျွန်းဆွယ် အီဂျစ်နယ်မြေမှ အစ္စရေးတပ်များ စတင်ဆုတ်ခွာခြင်းနဲ့အတူ ပါလက်စတိုင်းနဲ့ တင်းမာမှုဟာ မြင့်တက်လာခဲ့ပါတယ်။ ယာဆာအာရဖတ်ရဲ့ ပါလက်စတိုင်း လွတ် မြောက်ရေးတပ် PLO တို့ဟာ လက်ဘနွန်နိုင်ငံ ဒုက္ခသည်စခန်းများအတွင်း အခိုင်အမာခြေကုပ်ယူပြီး အစ္စရေးခရီးသည်တင်လေယာဉ်များကို ဗုံးခွဲ သို့မဟုတ် အပိုင်စီးခြင်း၊ ပြည်ပမှာ ခရီးသွားလာနေတဲ့ အစ္စရေး အရပ်သားများ၊ အားကစားသမားများကို အကြမ်းဖက်ဖတ်ဖြတ်ခြင်းဖြင့် အစ္စရေးနိုင်ငံအပေါ် လက်နက်ကိုင်ဆန့်ကျင်ခဲ့ကြပါတယ်။

ဒီအတွက် ပါလက်စတိုင်းတို့ရှိရာ လက်ဘနွန်နိုင်ငံတောင်ပိုင်းနဲ့ ဘေရွတ်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ၁၉၈၂ ပဉ္စမနဲ့ ၂၀၀၆ ခုနှစ် ဆဋ္ဌမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲကိုတော့ လက်ဘနွန်နိုင်ငံ အတွင်းအဖြစ် ဂျူးတို့က ကန့်သတ်နိုင်ခဲ့ပြီး ပါလက်စတိုင်း PLO များ၊ ဒေသတွင်း မွတ်စလင်ဗော်လံတီယာများ၊ လက်ဘနွန်တရား၀င် ပြည်သူ့စစ် ဟစ်ဇ်ဘိုလာတို့နဲ့ အကြိတ်အနယ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အာရပ်အစ္စရေးစစ်ပွဲဟာ ပါလက်စတိုင်းအစ္စရေးစစ်ပွဲအဖြစ်ဘောင်ကျဉ်းသွားခဲ့ပြီးဖြစ်ပါတယ်။ 

အဲဒီအချိန် လက်ဘနွန်တောင်ပိုင်း PLO တို့၀င်ရောက်နေတဲ့ ဒုက္ခသည်စခန်းများကို (ယခုဂါဇာကို ပိတ်ဆို့ချေမှုန်းနေသလိုမျိုး) အစ္စရေးက ဝိုင်းပတ်ပိတ်ဆို့ခဲ့ပါတယ်။ အီဂျစ်-ဂျော်ဒန်အပါအ၀င် နိုင်ငံတကာကြား၀င်စေ့စပ်မှုဖြင့် ခရစ်ယာန်ဘာသာ၀င်အများစု လက်ဘနွန် အစိုးရနဲ့ အစ္စရေးတို့အကြား မကြာမီ ပုံမှန်ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့ပါတယ်။ 

၁၉၉၃ ခုနှစ် အော်စလိုသဘောတူစာချုပ်အရ အစ္စရေးနိုင်ငံတည်ရှိမှုကို PLO တို့က အသိ အမှတ်ပြုလိုက်ရပြီး အကြမ်းဖက်မှုကို စွန့်လွှတ်လိုက်ရပါတယ်။ အပြန်အလှန်အားဖြင့် လက်နက်ကိုင်ဆန့်ကျင်ခြင်း မရှိတော့တဲ့ PLO တို့ကို ပါလက်စတိုင်းရဲ့ တရား၀င်အုပ်ချုပ်သူအဖြစ် အစ္စရေးက အသိအမှတ်ပြုခဲ့ပါတယ်။ 

အစ္စရေး၀န်ကြီးချုပ်များဖြစ်ကြတဲ့ ရှီမွန်ပီရက်စ်၊ ယစ်ဇက်ရာဘင်တို့နဲ့အတူ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆု ပူးတွဲရရှိခဲ့သူ ယာဆာအာရဖတ်ကိုတော့ ပါလက်စတိုင်းအချို့နဲ့ သဘောထားတင်းမာသူ အာရပ်နိုင်ငံအချို့က အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်လိုက်ကြပါတယ်။ 

နိုဘယ်ဆု ပေးအပ်ချီးမြှင့်နေတဲ့ နော်ဝေးဟာ အာရှနိုင်ငံများ ငြိမ်းချမ်းရေးမှာ အတော်လေး ထဲထဲ၀င်၀င်ရှိတဲ့တိုင်းပြည်ဖြစ်ပါတယ်။ သီရိလင်္ကာပြည်တွင်းစစ် (၁၉၈၃-၂၀၀၉ ခုနှစ်) မှာ ခွဲထွက်ရေးတမီလ်ကျားသူပုန်များနဲ့ ဆင်းဟာလိ ကိုလံဘိုစစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ကြား၀င်စေ့စပ်ပေးသူက နော်ဝေးဖြစ်သလို တမီလ်ကျားသူပုန်တို့ကိုဆင်းဟာလိစစ်တပ်ကအမြစ်ပြတ်ချေမှုန်းလိုက်တဲ့အခါ သီရိလင်္ကာနိုင်ငံကို ဂျီနိုဆိုက်စွပ်စွဲပြီး ICC, ICJ  တင်ဖို့ကြိုးစားနေသူကလည်း နော်ဝေးပဲဖြစ်နေပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ် Tsingtao ဘီယာစက်ရုံရဲ့ကုန်ကြမ်းပစ္စည်းတွေကြားမှာ အပေါ့သွားနေတဲ့ အလုပ်သမား‌ရဲ့ဗီဒီယိုထွက်ပေါ်လာပြီးနောက် စုံစမ်းစစ်ဆေးမှုတွေစတင်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved