Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ထောက်ပံ့ပေးထားသည့် တာဝေးပစ်ဒုံးကျည်များက ယူကရိန်းအတွက် အကူအညီဖြစ်စေမည်မဟုတ်ကြောင်း ရုရှားသမ္မတပူတင်ပြော

Pika (NSS) - အောက်တိုဘာ ၁၉

အမေရိကန်က ယူကရိန်းကို ထောက်ပံ့ပေးထားသည့် တာဝေးပစ်ဒုံးကျည်များက ယူကရိန်း၏ စစ်ပွဲဒဏ်ခံစားရမှုကို ပိုမိုရှည်ကြာစေမည်သာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။


အမေရိကန်က ထောက်ပံ့ပေးထားသော တာဝေးပစ်ဒုံးကျည်များသည် အသုံးဝင်မှုကို သက်သေပြပြီးပြီဖြစ်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သမ္မတပူတင်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ် သည်။ ရုရှားဘက်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူသေဆုံးမှုများပိုမိုများလာသလို ရှေ့တန်းစစ်မြေမျက်နှာပြင်ရှိ Avdiivka မြို့တွင် ရုရှား၏ ချေမှုန်းမှုအသစ်များကို ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း ယူကရိန်းဘက်က သတင်းထုတ်ပြန်ထားသည်။

ယူကရိန်းသို့ တာဝေးပစ် ATACMS ဒုံးကျည်များ ထောက်ပံ့ပေးခဲ့သော အမေရိကန်၏လုပ်ရပ်သည် မှားယွင်းသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပူတင်ကပြောဆိုခဲ့သည်။ 

ပူတင်က "စစ်ပွဲက စစ်ပွဲပါပဲ။ယူကရိန်းကို အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေ ထောက်ပံ့ပေးမှုဟာ စစ်မြေပြင်အခြေအနေတွေကို သိသိသာသာပြောင်းလဲသွားစေမှာတော့မဟုတ်ပါဘူး။ တာဝေးပစ်ဒုံးကျည်တွေထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ နောက်ထပ်မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ဒါဟာ ယူကရိန်းရဲ့ စစ်ပွဲဒဏ်ခံစားရမှုကို ပိုမိုရှည်ကြာစေရုံပဲရှိမှာပါ။"ဟု ပြောဆိုခဲ့သည်။

ရုရှားထိန်းချုပ်ထားသော နယ်မြေများကို ပစ်ခတ်တိုက်ခိုက်ရန်အတွက် တာဝေးပစ်ဒုံးကျည်များ တောင်းဆိုထားသော ယူကရိန်းကို တာဝေးပစ်လက်နက်များ ပေးအပ်ခဲ့ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာလ(၁၇)ရက်တွင် အတည်ပြုပြောဆိုခဲ့သည်။ တာဝေးပစ် ATACMS ဒုံးကျည်များသည် အကွာအဝေးမိုင်(၁၀၀)နီးပါးထိ ရောက်ရှိနိုင်ကြောင်း အမေရိကန်မီဒီယာများ၏ဖော်ပြချက်အရသိရသည်။ ယူကရိန်းတပ်ဖွဲ့များသည် နိုင်ငံအရှေ့တောင်ပိုင်း Zaporizhzhia ဒေသရှိ ရုရှားထိန်းချုပ်ထားသော ဆိပ်ကမ်းမြို့ Berdyansk ကို အမေရိကန်ထောက်ပံ့ပေးထားသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှားအစိုးရတာဝန်ရှိသူများက အောက်တိုဘာလ(၁၇)ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအတွင်း အမေရိကန်ထောက်ပံ့ပေးထားသော ဒုံးကျည်များကို အသုံးပြုခဲ့ကြောင်း ဇီလန်စကီးကအတည်ပြုခဲ့သော်လည်း အဆိုပါဒုံးကျည်များအား မည်သို့ဖြန့်ကျက်ထားသည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်းသိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖားကန့်မြို့၌ မြေစာပုံပြိုကျမှုကြောင့် ကျောက်တူးနေသည့် အမျိုးသားတစ်ဦး သေဆုံး

RECENT POSTS
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနယ်စပ်အကျပ်အတည်းကို အမေရိကန်တို့ ကြုံတွေ့နေရကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်
01 Oct 2024
ကြည့်မြင်တိုင်မြို့နယ်တွင် ရေဘေးအလှူပစ္စည်းများအတွင်း ဗုံးထည့်ဖောက်ခွဲသည့်အတွက် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရ
30 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved