Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-19 / 2:20 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၉

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်ဟာ အစ္စရေးကိုတိုက်ခိုက်ရာမှာ မြောက်ကိုရီးယားနိုင်ငံက ပေးပို့ထားတဲ့ စစ်လက်နက်ပစ္စည်းများကို အသုံးပြုဖွယ်ရှိနေတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယားနိုင်ငံက ဟားမက်စ်ကို စစ်လက်နက်ပစ္စည်းများရောင်းချပေးတာမျိုးမရှိဘူးလို့ ဆိုထားပေမယ့် မကြာသေးမီကထွက်ပေါ်ခဲ့တဲ့ ရုပ်သံဖိုင်တွေအရ မြောက်ကိုရီးယားဟာ ဟားမက်စ်ကို စစ်လက်နက်ပစ္စည်းများ ကူညီပေးဖွယ်ရှိနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက ဆိုပါတယ်။ တင့်ကားတွေကိုဖျက်ဆီးဖို့ဟားမက်စ်အဖွဲ့အသုံးပြုနေတဲ့ F-7 ပုခုံးထမ်းရော့ကတ်ဒုံးကျည်တွေဟာ မြောက်ကိုရီးယားက ပံ့ပိုးပေးထားတဲ့လက်နက်တွေဖြစ်တယ်လို့ ဆိုပါတယ်။


အစ္စရေးနိုင်ငံကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သွားရောက်ခဲ့ပြီးနောက် တစ်ရက်အကြာ အောက်တိုဘာ လ ၁၉ ရက်မှာဗြိတိန်ဝန်ကြီးချုပ်ဟာလည်း အစ္စရေးနိုင်ငံကို ထပ်မံသွားရောက်ခဲ့ပြီး ဝန်ကြီးချုပ်နေတန်ရာဟုအပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ဗြိတိန်ဝန်ကြီး ချုပ်ဆူနက်က အီဂျစ်ဒေသကနေ ဂါဇာဒေသကိုလူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးမယ့်အစီ အစဉ်ကို ခွင့်ပြုပေးဖို့၊ စစ်ပွဲအတွင်းပိတ်မိနေတဲ့ ဗြိတိန်နိုင်ငံသားတွေအမြန်ဆုံးပြန်ထွက်ခွာနိုင်ဖို့ အပြင်ဒေသအတွင်းတင်းမာမှုတွေ ထပ်မံမဖြစ်အောင်ရှောင်ရှားနိုင်ဖို့ ကြိုးပမ်းပေးသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 

အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ထိုင်းနိုင်ငံသားသေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာခဲ့ပြီး သေဆုံးသူအရေအတွက် ၃၀ ဦးအထိမြင့်တက်လာခဲ့ကြောင်း အစ္စရေးအစိုးရက အတည်ပြုလိုက်သည်။ စစ်ပွဲကြောင့်ထိုင်းနိုင်ငံသား ၁၆ ဦး ဒဏ်ရာရထားပြီး ၁၈ ဦး ပြန်ပေးဆွဲခံထားရကြောင်း ထိုင်းအစိုးရကပြောသည်။

ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်စေဖို့ အမေရိကန်နိုင်ငံ လွှတ်တော်နဲ့အစိုးရအဆောက်အဦးရှေ့မှာ ဆန္ဒပြခဲ့သူတွေထဲမှ အနည်းဆုံး ၃၀၀ ကျော်ဖမ်းဆီးခံရကြောင်းသိရပါတယ်။ အဆိုပါဆန္ဒပြပွဲကို ဂျူးလူမျိုးများကိုယ်တိုင်ဦးဆောင်လုပ်ကိုင်ခဲ့ပြီး မျိုးသုန်းသတ်ဖြတ်မှုများဖြစ်လာအောင် လုပ်ဆောင်နေတဲ့အစ္စရေးနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ဆိုပါတယ်။

ပါလက်စတိုင်းအစိုးရတာဝန်ရှိသူများက အစ္စရေးက ပါလက်စတိုင်းပြည်သူများကို မျိုးသုန်းသတ်ဖြတ်ရန်ကြိုးပမ်းနေမှုများကို တားဆီးရပ်တန့်စေလိုကြောင်း ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဂါဇာဒေသရှိ ဆေးရုံဗုံးကြဲခံရမှုများဖြစ်လာခဲ့ပြီးနောက် ပါလက်စတိုင်းအစိုးရဟာ အစ္စရေးရဲ့မျိုးသုန်းသတ်ဖြတ်မှုများကို ရပ်တန့်စေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရှမ်းတောင်ပိုင်း လင်းခေးနယ်တွင် မီးရှူးမီးပန်းများပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံး

RECENT POSTS
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
အရက်တင်သွင်းခွင့်ပိတ်မည်ဆိုသော AA ၏အမိန့်သည် ဒေသတွင်း နေထိုင်သူများအတွက် အရည်အသွေးနိမ့်အရက်များ သောက်သုံးကာ သက်တမ်းတိုစေခြင်းသာ ဖြစ်လိမ့်မည်ဟု ဆို
01 Oct 2024
အကြမ်းဖက်သတ်ဖြတ်ခံရသူ (၈၀ဝဝ)ကျော်အထိရှိလာပြီး သတ်ဖြတ်မှုများ ပိုဖြစ်ပွားလာနိုင်ဟု သုံးသပ်မှုများရှိနေ
01 Oct 2024
နျူကလီးယားလက်နက်မူဝါဒဆိုင်ရာပြောင်းလဲမှုက အနောက်အုပ်စုကိုသတိပေးသည့်အချက်ပြ မှုတစ်ခုဖြစ်ကြောင်း ရုရှားအစိုးရပြော
01 Oct 2024
ပြောင်းလဲလာသည့် ရာသီဥတုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်ပဆန်တင်ပို့မှုကို ချင့်ချိန်ရမည့် အနေအထားရှိနေဟု MRF ဥက္ကဋ္ဌဆို
01 Oct 2024
ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်တဲ့ တောင်ကိုရီးယားနာမည် ကျော် ရုပ်ရှင်မင်းသမီး ကလောက်ဒီးယားကင်မ်
01 Oct 2024
အမေရိကန်ရွေးကောက်ပွဲအပြီးတွင် မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှု လုပ်ဆောင်နိုင်ဖွယ်ရှိနေ
01 Oct 2024
ယူကရိန်းစစ်ပွဲကို ဖြေရှင်းနိုင်ရန် တရုတ်၊ ဘရာဇီး ဦးဆောင်မည့် ငြိမ်းချမ်းရေးမိတ်ဖက်နိုင်ငံများအဖွဲ့ ဖွဲ့စည်းမည်
01 Oct 2024
MNDAA ထိန်းချုပ်ရာ လောက်ကိုင်မြို့မှ ဒေသခံတိမ်းရှောင်မှု ပမာဏများပြားလာပြီး မြို့၏စီးပွားရေးလည်း ကျဆင်းနေ
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved