Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟားမတ်-အစ္စရေးစစ် ဘယ်တော့ ဘယ်လိုပြီးဆုံးမည်လဲ၊ တတိယကမ္ဘာစစ်လား ကိုယ်စားပြု ကန့်သတ်စစ်ပွဲလား (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - အောက်တိုဘာ ၁၉

အောက်တိုဘာလ ၇ ရက် ဟားမတ်စ်တို့ရဲ့ ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတို့က ဂါဇာဒေသကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဒလစပ် ဗုံးကြဲလျက်ရှိပါတယ်။ ကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းတို့အတွက် ခိုလှုံစရာ တစ်နေရာရှာရေး ကြိုးပမ်းနေကြစဉ် သူတို့နဲ့ အနီးဆုံးဖြစ်တဲ့ အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတို့က ဘာ့ကြောင့် လက်မခံပဲ ဖြစ်နေရသလဲဆိုတာ လူအတော်များများ သိရှိလိုတဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်လို့ AP သတင်းအေဂျင်စီက ယနေ့ (အောက်တိုဘာလ ၁၉ ရက်)မှာ ရေးသားပါတယ်။


ပါလက်စတိုင်းတို့ဟာ ဂါဇာကမ်းမြောင်နဲ့ အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းတို့မှာ အသီးသီးရှိ နေကြပါတယ်။ ဂါဇာဟာ အီဂျစ်နိုင်ငံနဲ့ ထိစပ်နေပြီး အနောက်ဘက်ကမ်းဟာ ဂျော်ဒန်နိုင်ငံနဲ့ ထိစပ်နေပါတယ်။ အဲဒီနှစ်နိုင်ငံစလုံးဟာ (ပါလက်စတိုင်း စစ်ဘေးရှောင်တွေကို လက်ခံဖို့ ခါးခါးသီး ငြင်းဆိုထားကြပါတယ်။ ဂျော်ဒန်ဆိုလျှင် သူ့နိုင်ငံအတွင်းမှာ ပါလက်စတိုင်းလူဦးရေ အတော်များပြားနေပါပြီ။ (လူဦးရေ ၁၁ သန်းသာရှိတဲ့ ဂျော်ဒန်မှာ မှတ်ပုံတင် ပါလက်စတိုင်းဒုက္ခသည် ၂ သန်း ရှိနေပါတယ်။)

၁၉၄၈ ခုနှစ် ပထမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲအတွင်း ပါလက်စတိုင်းမှ ဒုက္ခသည် (၇)သိန်းကျော်ဟာ လက်ဘနွန်အပါအ၀င် အိမ်နီးချင်းနိုင်ငံများအတွင်း ကူးစက်ကပ်ရောဂါကျရောက်သလို အလုံးအရင်းနဲ့ လှိမ့်၀င်သွားခဲ့ဖူးပါတယ်။ ၁၉၆၇ ခုနှစ် တတိယအကြိမ် အာရပ်-အစ္စရေးစစ်ပွဲ (၆ ရက် စစ်ပွဲ)မှာတော့ ဂျော်ဒန်နိုင်ငံအတွင်း ပါလက်စတိုင်းဒုက္ခသည် ၄ သိန်း ရောက်ရှိသွားပါတယ်။ အဲဒီနောက် ဂျော်ဒန်စစ်တပ်နဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ PLO တို့အကြား လက်နက်ကိုင်တိုက်ခိုက်မှု ၁၉၇၀ ခုနှစ် “ဘလက်စက်တင်ဘာ” အရေးအခင်းမှာ နှင်ထုတ်ခံရသူ ပါလက်စတိုင်းတွေကို လက်ခံလိုက်ရသူက အီဂျစ်ဖြစ်ပါတယ်။ 

ပါလက်စတိုင်း အားလုံးဟာ မွတ်စလင်တွေချည့်တော့ မဟုတ်ပါဘူး၊ ခရစ်ယာန်ပါလက်စတိုင်းတွေဟာ အီဂျစ်နိုင်ငံသားများနဲ့ လက်ထပ်ပြီး နိုင်ငံသား ဖြစ်သွားကြတာလည်း ရှိပါတယ်။ အခုဟားမတ်စ်ဆိုလည်း အီဂျစ်မွတ်စလင်ဘရားသားဟုဒ်မှ ၁၉၈၉ ခုနှစ်ခန့်မှာစတင်သန္ဓေတည်ခဲ့တဲ့ ပါလက်စတိုင်းတွေ ဖြစ်ပါတယ်။ ပါလက်စတိုင်းမှန်သမျှအားလုံး တူညီတဲ့ရည်မှန်းချက်တော့ သူတို့ရဲ့ ဇာတိမြေ ပြန်လည်ရရှိရေး ဖြစ်ပါတယ်။ အဲ့ဒီအချက်ဟာ သူတို့ကို လက်ခံထားရတဲ့ အာရပ်မျိုးနွယ်တူ နိုင်ငံအတွက် အတော်ခေါင်းကိုက်ရတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

(နိုင်ငံသားအားလုံး ရာနှုန်းပြည့်နှစ်သက်လက်ခံကြတဲ့ အစိုးရဆိုတာဘယ်တိုင်းပြည်မှ မရှိပါဘူး၊ လက်ရှိအစိုးရအပေါ် မလိုလားတဲ့ ပြည်တွင်းအင်အားစုတို့ဟာ သူတို့အစိုးရကို တော်လှန်ရေးလုပ်ကြရာမှာ အဲဒီတိုင်းပြည်ရောက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO တို့က ပါ၀င်ပတ်သက်နေကြောင်း ဂျော်ဒန်ပြည်တွင်းစစ် (၁၉၇၀ ခုနှစ်) နဲ့ လက်ဘနွန်ပြည်တွင်းစစ် (၁၉၇၅ - ၁၉၉၀ ခုနှစ်)တို့မှာ တွေ့မြင်ရပါတယ်။ လက်ဘနွန်ပြည်တွင်းစစ်တုန်းကဆို အစ္စရေးကလည်း ၀င်ရောက်ဆွမ်းကြီးလောင်းတဲ့အတွက် ပဉ္စမနဲ့ဆဋ္ဌမအကြိမ်အာရပ်အစ္စရေးစစ်ပွဲ ဖစ်သွားခဲ့ရဖူးပါတယ်)

လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ပွဲဟာ ဂါဇာကမ်းမြှောင်ကို စိုးမိုးထားသူ ဟားမတ်စ်များကို တိုက်ခိုက်ရန်အတွက်သာ ရည်ရွယ်ခြင်းမဟုတ်ပဲ ပါလက်စတိုင်း အရပ်သားတွေကို အီဂျစ်နိုင်ငံအတွင်း ပြောင်းရွေ့နေထိုင်ကြဖို့ တွန်းအားပေးမှုလည်း ဖြစ်နေတယ်လို့ အီဂျစ်သမ္မတ အဗ္ဗဒူလာဖာတာအယ်လ်ဆီစီက ဗုဒ္ဓဟူးနေ့မှာ မှတ်ချက်ပေးပါတယ်။ ဒီအတွက်ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေလိမ့်မယ်လို့ တစ်ချိန်က အီဂျစ် ကာကွယ်ရေး၀န်ကြီးအဖြစ် တာ၀န်ယူခဲ့ဖူးသူ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတအယ်လ်ဆီစီက သတ်ိပေးပါတယ်။ (သူပြောသလိုပဲ ပါလက်စတိုင်း အရပ်သားတွေ ဂါဇာမှ ဘေးလွတ်ရာ အမြန်ဆုံး ထွက်ခွာဖို့ အစ္စရေးစစ်တပ်ရဲ့ ရာဇသံမှာ “တောင်ဘက်သို့” လို့ ပါ၀င်နေပါတယ်။ လူဦးရေ သန်း ၁၁၀ ခန့်ရှိတဲ့ အီဂျစ်ဟာ အာဖရိမြောက်ပိုင်းမှ ဒုက္ခသည်များကိုလည်း လက်ခံထားရပြီး စုစုပေါင်း ၃ သိန်းခန့်ရှိပါလိမ့်မယ်။ ပါလက်စတိုင်းဒုက္ခသည်တွေကတော့ ၅-သောင်းမှ ၁-သိန်းကျော်ခန့် ပါ၀င်ပါတယ်။

အီဂျစ်သမ္မတထက်စောပြီး အလားတူပြောခဲ့သူက ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာ ဖြစ်ပါတယ်။ အီဂျစ်က ဒုက္ခသည်ဆို “နိုး” ပဲ ၊ ဂျော်ဒန်ကလည်း “နိုး” ပဲ လို့ ရှင်းရှင်းပြတ်ပြတ် မှတ်ချက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ အလားတူ အစ္စရေး-ဂျော်ဒန်ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့တာလည်း ၂၈ နှစ်သာ ရှိပါသေးတယ်။

အိမ်နီးချင်းနိုင်ငံများက ပါလက်စတိုင်း ဒုက္ခသည်တွေကို လက်ခံဖို့ အကြောက်အကန် ငြင်းဆိုနေရခြင်းမှာ အဲဒီလူတွေအပေါ် ရောက်ရှိရာတိုင်းပြည်အသီးသီးကို အပြီးတိုင် နှင်ထုတ်ခံရသူများအဖြစ် အစ္စရေးက လုပ်လာခဲ့ရင် သူတို့နိုင်ငံများရဲ့ “ပါလက်စတိုင်းနိုင်ငံတောင်းဆိုမှု“ မှာ ထိခိုက်သွားနိုင်တဲ့အတွက် အဓိက ဖြစ်ပါတယ်။ ဆိုင်းနိုင်းကျွန်းဆွယ်ကို ဦးတည်ပြီး အစုအပုံလိုက် ထွက်ခွာလာတဲ့ ပါလက်စတိုင်း အရပ်သားများ နဲ့အတူ အစ္စရေးကို ဆန့်ကျင် တိုက်ခိုက်မယ့် စစ်သွေးကြွများလည်း ရောနှော ပါ၀င်လာနိုင်ပါတယ်။ အဲဒီ ကိစ္စဟာ နှစ် ၄၀ သက်တမ်းရှိ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေးစာချုပ်ကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၁၉၄၈ ခုနှစ် ပထမအကြိမ်စစ်ပွဲမှာ တိုက်ပွဲများ ရပ်တံ့သွားပြီးကတည်းက ဒုက္ခသည်များ နေရပ်ပြန်လာခွင့်ပြုဖို့ အစ္စရေးက ငြင်းဆန်ခဲ့ပါတယ်။ အဲဒီအချိန်မှစပြီး အစ္စရေးဟာ ဂျူးအများစုအပေါ် ခြိမ်းခြောက်ရာ ရောက်မှုများကို ဆန့်ကျင်ရေးအဖြစ် ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ ဆက်စပ်ပြီး ဒုက္ခသည်များ နေရပ်ပြန်ခွင့် တောင်းဆိုမှု မှန်သမျှကို ပယ်ချည့်ချနေခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှ တောင်ဘက်သို့ ထွက်ခွာပေးရန် အမိန့်ကို လိုက်နာသူမှန်သမျှ စစ်ပွဲပြီးဆုံးလျှင် နေရပ် ပြန် ခွင့်ပြုမယ်လို့ အစ္စရေးက ဆိုပေမယ့် ကမ်းမြောင်ဒေသမှ ပါလက်စတိုင်းဒုက္ခသည် အများအပြားစုပုံနေရဆဲ သမိုင်းကြောင်းကို ကြည့်ပြီး အီဂျစ်က မယုံပါဘူး။ အမှန်တကယ် ပြန်သွားရမယ်ဆိုတာ (အစ္စရေး လုပ်သမျှ အကာအကွယ်ပေးနေသူ အမေရိကန်တောင် အာမ မခံနိုင်ပါဘူး။

စစ်ပွဲဟာ ဘယ်လိုနည်းနဲ့ ပြီးဆုံးသွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်သေးတာလည်း ပါ၀င်ပါတယ်။ သူ့နိုင်ငံ တောင်ပိုင်းမြို့များမှာ ဟားမတ်စ်တို့ရဲ့ သွေးထွက်သံယို သောင်းကျန်းမှုကို ချေမှုန်းဖို့ ရည်ရွယ်တယ် လို့ အစ္စရေးက ပြောပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာတွေဖြစ်လာနိုင်တယ်၊ ဘယ်သူက ဂါဇာကို အုပ်ချုပ် မယ်ဆိုတာ အရိပ်အယောင် မပြပါဘူး။ ကာလအတိုင်းအတာတစ်ခုအထိ နယ်မြေပြန်လည်သိမ်းပိုက်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာပြီး ပဋိပက္ခများ ထပ်မံဖြစ်ပွားစေနိုင်ပါတယ်။

ခုဆို ပါလက်စတိုင်းဒုက္ခသည်တွေဟာ သားမြေးများနဲ့ ပွားစည်ပြီး အရေအတွက်မှာလည်း ၆ သန်းနီးပါး ဖြစ်လာပါတယ်။ အများစုမှာ အနောက်ဘက်ကမ်း၊ ဂါဇာ၊ လက်ဘနွန်၊ ဆီးရီးယားနဲ့ ဂျော်ဒန်နိုင်ငံများရှိ ဒုက္ခ သည်စခန်းများနဲ့ လူ့အဖွဲ့အစည်းများအကြား နေထိုင်လျက်ရှိပါတယ်။ ပင်လယ်ကွေ့ အာရပ်နိုင်ငံများ၊ ဒါမှ မဟုတ် အနောက်နိုင်ငံတွေမှာ များပြားလာတဲ့ ဒုက္ခသည်များကြောင့် လူစုလူဝေး ဖြစ်ပွားမှုဟာလည်း အကြိမ် ပိုစိပ်လာပါတယ်။

လောလောဆယ်မှာတော့ လူ ၅၀၀ ကျော် အသက်ဆုံးရှုံးရတဲ့ ဂါဇာဆေးရုံပေါက်ကွဲမှုကို ကန့်ကွက်ရှုတ်ချ ကြောင်း လက်ဘနွန်နိုင်ငံ အမေရိကန်သံရုံးကို ဝိုင်း၀န်းဆန္ဒပြသူတွေဟာ အဓိကရုန်း နှိမ်နင်းရေး ရဲများနဲ့ ရုန့်ရင်းဆန်ခတ်ဖြစ်နေပါတယ်။

ဂါဇာမှာ ရှိနေတဲ့ ပါလက်စတိုင်းတွေဟာ ဆေးရုံအစ ဒုက္ခသည်အရေးပေါ် စုဝေးရာ နေရာအဆုံးတို့မှ တလူလူ ထွက်ပေါ်နေတဲ့ သေမင်းတမန်မီးခိုးငွေ့တွေကို ရှူရှိုက်ရင်း ဘယ်နေ့ ဘယ်လို သေဖြစ် သွားမလဲ ကိုယ့်ဖာသာမတွေးတတ်အောင် ရှိနေပါတယ်။ ဂါဇာတစ်ခုလုံး ဖရိုဖရဲဖြစ်ပြီး တစ်ခုတည်းသော စည်ပင်သာယာဌာနလည်း ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် သန့်ရှင်းရေးဆိုတာ ဘယ်နေမှန်း မသိတော့ပါဘူး။

သွေးစည်း ညီညွတ်ကြောင်း ပြသဖို့အတွက် အစ္စရေးနိုင်ငံကို ရောက်ရှိလာသူ အမေရိကန် နယူးယောက် မြို့တော် အုပ်ချုပ်ရေးမှူအမျိုးသမီးကတော့ ဓါးစာခံဖြစ် ဖမ်းဆီးခံရသူ ဂျူးမိသားစုများနဲ့ တွေ့ဆုံ နှစ်သိမ့်နေပါတယ်။

(AP News., 19 October 2023,” Why Egypt and other Arab countries are unwilling to take in Palestinian refugees from Gaza” ကို #HtayOung,#OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန္တလေးတိုင်း၌(၈)လအတွင်း အာမခံအလုပ်သမား(၉ဝဝဝ)ကျော်အတွက် ဆေးကုသစရိတ် ငွေကျပ် (၁ ဒသမ ၃)ဘီလျံကျော်ပေးအပ်ထား

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved