Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟားမက်စ်ရန်မှ ခုခံကာကွယ်ပိုင်ခွင့်ရှိကြောင်း ပြသရန် အမေရိကန်သမ္မတ အစ္စရေးသို့ မနက်ဖြန် လာရောက်မည်

Htay Oung (NSS) - အောက်တိုဘာ ၁၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ဆွေးနွေးဖို့အတွက် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာလ ၁၈ ရက်)မှာ တဲလ်အဗစ်ကို လာရောက်မည်ဖြစ်ကြောင်း၊ အစ္စရေးအနေနဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ရှိပုံကို ပြတ်ပြတ်သားသား ပြသမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အင်္ဂါနေ့ (အောက်တိုဘာလ ၁၇ ရက်)မှာ ပြောဆိုတယ်လို့ Reuters က ယနေ့ (အောက်တိုဘာလ ၁၇ ရက်)မှာ ရေးသားပါတယ်။


နေတန်ယာဟုနဲ့ အချိန်ယူ ဆွေးနွေးပြီးနောက်  ဂါဇာကမ်းမြောင်အတွင်း မြေပြင်ထိုးစစ်ဆင်ရန် အကြီးအကျယ် တွက်ချက်နေတဲ့ အစ္စရေးနဲ့ သွေးစည်းညီညွတ်လျက်ရှိပုံကို ဘိုင်ဒန်က ထပ်မံအတည်ပြုလိမ့်မယ်လို့ ဘလင်ကင်က ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်တို့က အောက်တိုဘာလ ၇ ရက်မှာ ဂျူးနိုင်ငံအတွင်း ၀င်ရောက်ပစ်ခတ်ခြင်းကြောင့် တိုင်းပြည်ရဲ့ ၇၅ နှစ်တာ သက်တမ်းမှာ အရပ်သားအများစုဖြစ်တဲ့ လူပေါင်း ၁,၃၀၀ သေဆုံးခဲ့ရပါတယ်။ ဂါဇာကမ်းမြှောင်ကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းစစ်သွေးကြွ့ရဲ့ လှုပ်ရှားမှုကို ချေမှုန်းပစ်မယ်လို့ အစ္စရေးက သန္ဓိဋ္ဌာန်ချမှတ်ထားပါတယ်။ 

ဟားမတ်စ်နဲ့ တခြားအကြမ်းဖက်သမားတွေရဲ့လက်ကနေ ကာကွယ်ဖို့နဲ့ အနာဂတ်တိုက်ခိုက်မှုတွေကို တားဆီးဖို့အတွက် အစ္စရေးမှာတာဝန်ရှိပြီး တကယ်လည်း မှန်ကန်ကြောင်း (သမ္မတကြီးက) ရှင်းပြလိမ့်မယ်လို့ တဲလ်အဗစ်မြို့မှာ အစ္စရေးစစ်ဝန်ကြီးအဖွဲ့နဲ့ နာရီပေါင်းများစွာကြာ ဆွေးနွေးပြီးနောက် ဘလင်ကင်က သတင်းထောက်တွေကို ပြောပြပါတယ်။ အဲဒီ ဆွေးနွေးပွဲများပြုလုပ်နေစဉ်အတွင်း လေကြောင်းသတိပေးဥသြသံ မြည်ဟီးလာတဲ့အတွက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးလည်း ကတုတ်ကျင်းတစ်ခုထဲ  ငါးမိနစ်ကြာ ပုန်းနေခဲ့ရပါတယ်။

စစ်ပွဲရည်မှန်းချက်နဲ့ မဟာဗျူဟာအကြောင်း အစ္စရေးက အကျဉ်းချုံးပြီး ရှင်းပြမှာ ဖြစ်ကြောင်း၊ အရပ်သား သေဆုံးမှု နည်းပါးအောင် ဂါဇာကမ်းမြောင်ရှိ အရပ်သားများထံ လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်စေမယ့် နည်းလမ်းမျိုးနဲ့ စစ်ဆင်ရေးများ လုပ်ဆောင်ပုံ၊ ဟားမတ်စ်တို့ကို အကျိုးမဖြစ်ထွန်းစေတဲ့ နည်းလမ်းဖြင့် စစ်ဆင်ရေးများ လုပ်ဆောင်မှာဖြစ်တယ်လို့ ဘလင်ကင်က ဆိုပါတယ်။

အလှူရှင်နိုင်ငံများနဲ့ အဖွဲ့အစည်းအမျိုးမျိုးတို့ထံမှ ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများလက်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရောက်ရှိစေရေး ဆက်လက်ဆောင်ရွက်ရန် အမေရိကန်နဲ့ အစ္စရေးတို့ အကြား သဘောတူညီခဲ့ကြတယ်လို့လည်း ပြောပါတယ်။

လာမယ့် နာရီပိုင်းအတွင်း (မြေပြင်ထိုးစစ်အတွက်) ကြိုတင်ဟန့်တားရေး သတိပေးချက် ထွက်ပေါ်လာပြီး နောက်ဆက်တွဲ အကျိုးဆက်များ မရှိဘဲ ဂါဇာကမ်းမြှောင်အတွင်း အစ္စရေးအနေနဲ့ လုပ်ဆောင်ခွင့်ရှိမှာ မဟုတ်ကြောင်း စောစောပိုင်းမှာ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၂,၈၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီအနက် လေးပုံတစ်ပုံခန့်မှာ ကလေးငယ်များဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ၁၀,၀၀၀ ကျော်ရှိနေတဲ့ ဆေးရုံများမှာ (ဆေးဝါးရိက္ခာပြတ်လပ်ပြီး) သေလုမျောပါးဖြစ်နေကြတယ်လို့ ဂါဇာအာဏာပိုင်များက သတင်းထုတ်ပြန်ပါတယ်။

ဂါဇာ ကမ်းမြောင်ဒေသအတွင်း  ဇီယွန်ဝါဒီအစိုးရရဲ့ အရေးယူတာမျိုးကို ခုခံရေးခေါင်းဆောင်တွေက ခွင့်ပြုမှာ မဟုတ်ကြောင်း၊ အခြား ရွေးချယ်စရာအားလုံးကို လမ်းဖွင့်ပေးထားပြီး ဂါဇာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေကို လျစ်လျူရှုလို့ မရနိုင်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အမ္မီယာအဗ္ဗဒူလာ ဟိန်က တီဟီရန် ရုပ်သံနဲ့ တွေ့ဆုံစဉ် မှတ်ချက်ပေးပါတယ်။ 

ခုခံရေးတပ်အနေနဲ့ ရန်သူ (အစ္စရေး) အပေါ် ရေရှည်စစ်ပွဲကို ဆင်နွှဲနိုင်ကြောင်း၊ လာမယ့် နာရီပိုင်းတွေမှာ ခုခံရေးတပ်က ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်လာနိုင်တယ်လို့ နိုင်ငံခြားရေး၀န်ကြီးက ပြောပေမယ့် အသေးစိတ်ရှင်းပြခြင်း မရှိပါဘူး။

အီရန်ဟာ အစ္စရေးနဲ့ အမေရိကန်တို့ကို ဆန့်ကျင်တဲ့ ဒေသတွင်းနိုင်ငံများနဲ့ တပ်ဖွဲ့များကို ခုခံကာ ကွယ်ရေး မျက်နှာစာအဖြစ် ရည်ညွှန်းလေ့ရှိပါတယ်။ လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအတွက် သည်းမခံနိုင်လောက်တဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်၊ နိုင်ငံများရဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းရေးနဲ့  လွန်ခဲ့တဲ့နှစ်များအတွင်း ဇီယွန် ဝါဒီအစိုးရရဲ့ ထပ်ခါတလဲလဲ ရန်စမှုများကို တန်ပြန်ဖို့အတွက် အဲ့ဒီမျက်နှာစာတွေကို ဒေသတစ်ဝှမ်းလုံးမှာ ဖွဲ့ စည်းခဲ့ခြင်းဖြစ်တယ်လို့ ဆက်လက်ပြောဆိုပါတယ်။

အစ္စရေးရဲ့ စစ်ရေးနဲ ထောက်လှမ်းရေး အရေးနိမ့်မှုဟာ ပြိုင်ဘက်ကင်းလောက်အောင် ဖြစ်သွားရကြောင်း အီရန်အစိုးရ ထိပ်တန်းခေါင်းဆောင် အယာတိုလာအလီခါမေနီက လွန်ခဲ့တဲ့ ရက်သတ္တပတ်မှာ (ဟားမတ်စ်တို့ကို) ချီးကျူးခဲ့ပါတယ်။  အစ္စရေးကို ဟားမတ်စ် တိုက်ခိုက်မှုမှာ တီဟီရန်က ပါဝင်ပတ်သက်ခြင်း မရှိကြောင်းလည်း ငြင်းဆိုပါတယ်။

တီဟီရန်ဟာ ပါလက်စတိုင်းအရေးကို ထောက်ခံနေပေမယ့် အစ္စရေးကို ဆန့်ကျင်နေသူ ခုခံရေးမျက်နှာစာတို့က သူတို့ဖာသာ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်သမ္မတ အီဗရာဟင်ရိုင်စီက  တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

(Reuters, 17 October 2023,” Biden to affirm Israel's right to defend against Hamas” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးနဲ့ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်စေဖို့ ရုရှားနိုင်ငံ အဆိုပြုတဲ့ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ငြင်းဆန်ပယ်ချ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved