မြန်မာမြောက်ပိုင်းရှိ အွန်လိုင်းမှတဆင့် ရာဇဝတ်မှုများကျူးလွန်နေသည့် ဂိုဏ်း၏ အဓိကခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးနိုင်ရန်ကူညီလျှင် တရုတ်အစိုးရက ယွမ် ၅ သိန်း ဆုချီးမြှင့်မည်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၄
တရုတ်ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းမှတဆင့် လိမ်လည်မှုများ၊ ရာဇဝတ်မှုများ ကျူးလွန်နေသောဂိုဏ်း၏ အဓိကခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးနိုင်ရန် သတင်းပေမည့်သူကို တရုတ်ယွမ် ၁ သိန်းမှ ၅ သိန်းအထိ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်ဂိုဏ်းများသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားပြီး အွန်လိုင်း မှတဆင့် လိမ်လည်မှုများ၊ လူကုန်ကူးများ လုပ်ဆောင်လျက်ရှိနေရာ တရုတ်အစိုးရက မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ပူးပေါင်းပြီး ရာဇဝတ်ဂိုဏ်းများကို ဖြိုခွင်းရန်ကြိုပမ်းလျက်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အွန်လိုင်းမှ အသုံးပြုလိမ်လည်မှုများ နှင့် ရာဇဝတ်မှုများကျူးလွန်နေသောဂိုဏ်း၏ အဓိကဂိုဏ်းခေါင်းဆောင်နှစ်ဦးသည် တရုတ်နိုင်ငံ ကူမင်းမြို့ နှင့် Hangzhou မြို့မှ Bao Yanban ဟု လူသိများသည့် Chen Yanban နှင့် He Chuntian ဟု လူသိများသော Xiao Yankuai ဆိုသူတို့ဖြစ်ကြောင်း တရုတ်မီဒီယာများ က ဖော်ပြထားသည်။
တရုတ်ရဲတပ်ဖွဲ့၏ စုံစမ်းထောက်လှမ်းမှုများအရ အဆိုပါတရုတ်နိုင်ငံသားနှစ်ဦးသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းမှတဆင့် လိမ်လည်နေသည့် ဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများကို အဓိကစီမံခန့်ခွဲနေသူများဖြစ်နေသည်ကို သံသယရှိစရာမလိုကြောင်း ဖော်ပြထားသည်။ တရုတ်ရဲတပ်ဖွဲ့သည် အဆိုပါသံသယရှိခံရသော တရုတ်နိုင်ငံသား နှစ်ဦးကို အဖမ်းခံရန် တိုက်တွန်းတောင်းဆိုထားသလို ၎င်းတို့နှစ်ဦးကို ဖမ်းဆီးနိုင်ရန် လူအများကို တိုက်တွန်း တောင်းဆိုထားကြောင်း သိရသည်။
တရုတ်ရဲတပ်ဖွဲ့က အဆိုပါဂိုဏ်းခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးနိုင်ရန် သတင်းပေးသူ၊ ကူညီပေးသူများကို တရုတ်ယွမ် ငါးသိန်းအထိ ဆုချီးမြှင့်မည်ဟု ဆိုသည်။ တရုတ်ရဲတပ်ဖွဲ့သည် ပြီးခဲ့သောနှစ်များက နိုင်ငံအတွင်းရှိ အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့် ဂိုဏ်းများ၊ ရာဇဝတ်ဂိုဏ်းများကိုဖြိုခွင်းခဲ့ရာ အဆိုပါဂိုဏ်းများသည် အရှေ့တောင်အာရှဒေသဘက်သို့ ထွက်ပြေးပုန်းရှောင်နေခဲ့ကြောင်း သိရသည်။
အဆိုပါဂိုဏ်းများသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပြန်လည်စုဖွဲ့ကာ လိမ်လည်မှုများကျူးလွန်ခဲ့ရာ တရုတ်အစိုးရ က အာဆီယံဒေသအတွင်းနိုင်ငံများနှင့်ပူးပေါင်းပြီး ဖြိုခွင်းမှုများ အရှိန်မြင့်ခဲ့ကြောင်း သိရသည်။ မြန်မာရဲတပ်ဖွဲ့ နှင့်အာဏာပိုင်များသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေပြုလှုပ်ရှားနေသေည့် ရာဇာဝတ်ဂိုဏ်းအဖွဲ့ဝင်ပေါင်း ၂၃၁၇ ဦးကို ဖမ်းဆီးပြီး မကြာသေးမီက တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
မြန်မာအာဏာပိုင်များက တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့သော လူပေါင်း ၂၃၁၇ ဦးထဲတွင် ဖမ်းဆီးရန် ဝရမ်းထုတ်ခံထားရသော တရားခံပြေး ၉၄ ဦး၊ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ နှင့် ငွေကြေးပိုင်းကူညီပေးနေသူ လူပေါင်း ၂၃ ဦး ပါဝင်ခဲ့ကြောင်း တရုတ် ပြည်သူရေးရာ လုံခြုံရေးဝန်ကြီးဌာနက ဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သကြားဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ကြံတစ်တန်ကို ၁၂ဝဝဝဝ ကျပ်အထိ တိုးမြှင့်ဝယ်ယူလာ
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ