Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
“ပါလက်စတိုင်း - အစ္စရေး ပဋိပက္ခဖြစ်ရခြင်း” (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - အောက်တိုဘာ ၁၁

ယခုရက်ပိုင်းအတွင်း ဟားမတ်စ်-အစ္စရေး စစ်ပွဲဟာ အရှိန်မြင့်တက်လာတဲ့အတွက် ပါလက်စတိုင်း မြေပေါ်မှာ မွတ်စလင်နိုင်ငံများက တစ်ဖက်၊ ခရစ်ယာန်ဘာသာဝင်များက တစ်ဖက် “ခရူးဆိတ်စစ်ပွဲ” အသွင် ကမ္ဘာစစ်ဖြစ်လိမ့်မယ်လို့ မှန်းဆပြောဆိုမှုများ တွေ့နေရပါတယ်။


ဂျူးတွေကို ပါလက်စတိုင်းတို့က စစ်တိုက်တိုင်း ကမ္ဘာ့ခရစ်ယာန်နိုင်ငံတွေက ဝိုင်းကူကြေးဆို ၁၉၄၈ ခုနှစ် မေလ ၁၄ ရက် လွတ်လပ်တဲ့နိုင်ငံထူထောင်ကြောင်းကြေညာတဲ့ အစ္စရေးကို ပါလက်စတိုင်းတို့နဲ့ ဒေသတွင်း အာရပ်နိုင်ငံများက ဝိုင်းဝန်းတိုက်ခိုက်တဲ့ ပထမအကြိမ် အာရပ်-အစ္စရေးပဋိပက္ခကတည်းက ဒုတိယကမ္ဘာစစ်နဲ့ (၂)နှစ်ကျော်ခြားပြီး တတိယကမ္ဘာစစ် ဖြစ်ရောပေါ့။ နောက်တစ်ချက်က ဂျူးတို့ဟာ ခရစ်ယာန်ဘာသာဝင်များ မဟုတ်ဘဲ ဂျုးဒစ်ဘာသာဝင်တွေ ဖြစ်နေပါတယ်။

တကယ်တော့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ပဋိပက္ခဖြစ်လာခဲ့တာ ၁၉ ရာစုနှစ်နှောင်းပိုင်း ကတည်းက ဖြစ်ပါတယ်။ ဘာသာရေးကြောင့် မဟုတ်ပဲ မွေးရပ်ဇာတိ ပါလက်စတိုင်းမြေပေါ်မှာ ဂျူးနိုင်ငံတည်ထောင်ရေး “ဇီယွန်ဝါဒ” နဲ့ အတ္တလန်တိတ်သမုဒ္ဒရာမှ အိန္ဒိယသမုဒ္ဒရာအထိ တစ်ခုတည်းသော လူ့အဖွဲ့အစည်း ထူထောင်ရေး “အာရပ်အမျိုးသားရေးဝါဒ” တို့အတွက် အချုပ်အချာအာဏာပိုင်နယ်မြေရရှိရေးတို့ ထိပ်တိုက်တွေ့ကြခြင်းဖြစ်ပါတယ်။

ပထမကမ္ဘာစစ်ဖြစ်ပွားနေစဉ် အီတလီ-ဂျာမနီတို့ ဝင်ရိုးတန်းနိုင်ငံတို့နဲ့ တူရကီဟာ မဟာမိတ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီအချက်ကို မြေခွေးချောင်း ချောင်းနေတဲ့ အင်္ဂလိပ်တို့က တူရကီရဲ့ အော်တိုမန်အင်ပါယာကို စစ်ကြေညာပြီး ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မြန်မာပြည်က အရပ်ဘက် အရေးပိုင် အင်္ဂလိပ်လူမျိုး မောရစ်ကောလစ်နဲ့ သခင်ဖိုးလှကြီးတို့ စစ်မှုထမ်းများအဖြစ် ရောက်ရှိခဲ့တယ်ဆိုတဲ့ တူရကီပိုင် မက်ဆိုပိုတေးမီးယားဟာ  မျက်မှောက်ခေတ် အီရန်၊ ကူဝိတ်၊ ဆီးရီးယားနဲ့ လက်ဘနွန်အထိ ဒေသတစ်ခုလုံးကို ဆိုလိုပါတယ်။

တူရကီနဲ့ စစ်ပွဲမှာ မွတ်စလင်မဟုတ်သူ ဂျူးတို့ရဲ့ အကူအညီကို ရယူဖို့အတွက် ပါလက်စတိုင်းမြေမှာ ဂျုးတို့အတွက် နိုင်ငံထူထောင်ရေးကို ထောက်ခံကြောင်း ဗြိတိသျှတို့ရဲ့ ၁၉၁၇ ခုနှစ် ဘဲလ်ဖိုးကြေညာချက်ဟာ ယခု သွေးချောင်းစီးစစ်ပွဲများအတွက် ဇာတ်ညွှန်းနိဒါန်းပဲ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး “လွတ်လပ်ရေးပေးရတော့မယ့် အိန္ဒိယဟာ ဟိန္ဒူတွေအတွက်လား မွတ်စလင်တွေအတွက်လား”လို့ ဗြိတိသျှစစ်သေနာပတိ မောင့်ဘက်တန်ရဲ့ နှပ်ကြောင်းပေး စကားတစ်ခွန်းတည်းနဲ့တင် အိန္ဒိယတိုက်ငယ်မှာ ဘာသာရေးအဓိကရုဏ်းတွေဖြစ်၊ တစ်ရက်တည်း လူပေါင်း ထောင်ချီသေဆုံး၊ အိန္ဒိယ-ပါကစ္စတန်အဖြစ် နှစ်နိုင်ငံကွဲကြ၊ ဒီနေ့ သွေးချောင်းစီး တိုက်ပွဲများ မပြီးဆုံးနိုင်သေးသလိုပါပဲ ဘဲလ်ဖိုးကြေညာချက်ဟာ ပထဝီဝင်အားဖြင့် Levant “လက်ဗင့်” ခေါ် မြေထဲပင်လယ်ကို မေးတင်လျက်ရှိတဲ့ အာရှတိုက်အနောက်ဖျားဒေသမှာ နှစ်ပေါင်းရာချီ အေးချမ်းစွာ အတူနေခဲ့ကြသူအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ကြည့်မရအောင် ဖြစ်သွားရပါတယ်။ အဲဒီ အကျိတ်အခဲဟာ ၁၉၂ဝ ခုနှစ် ပြင်သစ်-ဆီးရီးယားစစ်ပွဲအပြီး အာရပ်အမျိုးသားရေးဝါဒ ခေတ်စားလာခြင်းနဲ့အတူ လူ့အဖွဲ့အစည်း နှစ်ရပ်အကြား ကိုယ်ထိလက်ရောက် အကြမ်းဖက်ကြဖို့ ဖြစ်လာပြီး နောက်ပိုင်းမှာ အာရပ်-အစ္စရေး ပဋိပက္ခအဖြစ် ကျယ်ပြန့်သွားပါတယ်။ 

ပါလက်စတိုင်းခေါင်းဆောင်တို့ရဲ့ အမျိုးသားရေးအမြင်မှာ ဒေသအတွင်း အခြေချလာတဲ့ ဂျုးတို့ကို တစ်ခုတည်းသော ရန်သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်ကတည်းက ဂျေရုဆလင်မှာ အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားလာတဲ့အတွက် ၁၉၂၁ ခုနှစ် ဂျက်ဖာမှာ ဂျုးတို့က သူတို့ရဲ့ ကိုယ်ပိုင်တည်ထောင်လာတဲ့ “ဟာဂန်နတ်” အရံတပ်ဖွဲကို အင်္ဂလိပ်အလိုတော်ရိများအဖြစ် ပါလက်စတိုင်းတို့က ရှုမြင်ပါတယ်။

၁၉၂၉ ခုနှစ် နှစ်ဖက် လူတစ်ရာကျော်စီသေဆုံးရတဲ့ အဓိကရုဏ်းများအပြီး ဟီဗရွန်နဲ့ ဂါဇာကမ်းမြှောင်မှ ဂျူး လူမျိုးများ ထွက်ပြေးရခြင်း၊ အဲဒီဒေသဟာ ပါလက်စတိုင်းချည်း သီးသန့်နေထိုင်ကြသလို ဖြစ်သွားပါတယ်။ ၁၉၃၆-၁၉၃၉ ခုနှစ် ပါလက်စတိုင်း အာရပ်တော်လှန်ရေးဟာ  အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးမှ ဂျူးမောင်းထုတ်ရေး အာရပ် အမျိုးသားရေးဝါဒီ စစ်သွေးကြွများစွာကို ဆွဲဆောင်ခဲ့ပါတယ်။ အဲဒီအချိန် ပါလက်စတိုင်းဒေသကို တရားဝင်အုပ်ချုပ်ခွင့်ရနေတဲ့ ဗြိတိသျှတို့ကလည်း နှစ်ဖက်စလုံးကို သွေးထွက်သံယို ဖြိုခွင်းခဲ့ပါတယ်။ 

ဒုတိယကမ္ဘာစစ် အစပိုင်းအထိ ကြိုကြားဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ အသေအပျောက် ၅,၀၀၀ ခန့်အထိရှိခဲ့ပြီး အများစုမှာ အာရပ်ဘက်မှဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန် ပါလက်စတိုင်းရဲ့ အခြေအနေများဟာ ယာယီ ငြိမ်သက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်အတွင်း ဥရောပမှာ အစုအပုံလိုက် အသတ်ခံလိုက်ရတဲ့ ဂျူးတွေဟာ ပါလက်စတိုင်းဒေသအတွင်း တိုး၀င်လာခြင်းနဲ့ အတူ တင်းမာမှုများပြန်လည်ပေါ်ပေါက်ခဲ့ပါတယ်။ အင်္ဂလိပ်တို့က လူဝင်မှုခွဲတမ်းသတ်မှတ်ပေးနေသည့် တိုင် ခိုးဝင်မှုများ ခပ်စိတ်စိတ်ဖြစ်လာခြင်းနဲ့အတူ ဗြိတိသျှဆန့်ကျင်ရေး ဇီယွန်သူပုန်ထမှု ပေါ်ပေါက်ခဲ့ ပါတယ်။

အုပ်ချုပ်စောင့်ရှောက်ခွင့်ရသူ ဗြိတိသျှစစ်တပ်များ ပါလက်စတိုင်းမှထွက်ခွာပြီး နောက်တစ်နေ့မှာ လွတ်လပ်တဲ့ အချုပ်အချာအာဏာပိုင် အစ္စရေးနိုင်ငံထူထောင်ကြောင်း ကြေညာတဲ့ ဂျူးတို့ကို ပါလက်စတိုင်းတို့နဲ့ ဒေသတွင်း အာရပ်နိုင်ငံ ၇ နိုင်ငံက ဝိုင်း၀န်းတိုက်ခိုက်ခြင်းဖြင့် ပထမအကြိမ် အာရပ်-အစ္စရေးစစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ 

၁၉၉၅ ခုနှစ် အစ္စရေးမှာ ဂါဇာကမ်းမြှောင်တစ်ဝိုက်ကိုဝိုင်းပတ်ပြီး အီလက်ထရွန်နစ် ခြံစည်းရိုးနဲ့ ကွန်ကရစ်တံတိုင်းကို တည်ဆောက်ခဲ့ပြီး နှစ်ဖက်လူ့အဖွဲ့အစည်းအကြား အပြန်အလှန်ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ နယ်မြေတစ်ခုလုံးမှာ အစ္စရေးက (၇၈)ရာခိုင်နှုန်း ချုပ်ကိုင်ထားပြီး ပါလက်စတိုင်းတို့အတွက် (၂၂)ရာခိုင်နှုန်းသာ ကျန်ပါတော့တယ်။

အစ္စရေးနိုင်ငံ ထူထောင်ချိန်မှစတင်ပြီး အာရပ်တို့နဲ့ ၁၄ ကြိမ်တိုင်တိုင် အတိအလင်းစစ်ခင်းခဲ့ရပြီး အဲဒီအထဲမှာ ပါလက်စတိုင်းတို့နဲ ၆ ကြိမ် ရှိခဲ့ပါတယ်။ အဲဒီ ၆ ကြိမ်အနက် ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၄ နဲ့ ၂၀၂၁ ခုနှစ်တို့မှာဖြစ်ပွားတဲ့ (၄)ကြိမ်ဟာ ယခု ဟားမတ်စ်တို့ စစ်ဆင်ရေး ဗဟိုပြုရာ ဂါဇာကမ်းမြှောင်အတွင်း ဖြစ်ပါတယ်။ ကလေးငယ်များအပါအဝင် ပါလက်စတိုင်းထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး နေအိမ်၊ စာသင်ကျောင်းများနဲ့ ရုံးအဆောက်အအုံများလည်း ပျက်စီးခဲ့ပါတယ်။ ပါလက်စတိုင်း သံမဏိနဲ့ ဘိလပ်မြေတို့လို ဆောက်လုပ်ရေးပစ္စည်းများကို ဂါဇာကမ်းမြောင်သို့ မရောက်အောင် တားဆီးထားတဲ့ အတွက် ပြန်လည်တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

အမှန်စင်စစ် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ဟားမတ်စ်-အစ္စရေး စစ်ပွဲဟာ ယေရှု့ခရစ်တော် ဖွားမြင်တော် မမူခင်ကတည်းက ရှိနေခဲ့တဲ့ ပါလက်စတိုင်းပဋိပက္ခများမှ အခြေခံပါတယ်။ ကာလရှည် အတူထားခဲ့ကြတဲ့ လောင်စာနှစ်ခုအကြား တစ်ဖြည်းဖြည်း အပူရှိန်တိုးမြင့်လာခြင်းကြောင့်ဖြစ်ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဟားမက်အဖွဲ့ကို အရှိန်မြင့်တိုက်ခိုက်နိုင်ဖို့ အစ္စရေးနိုင်ငံကို အမေရိကန်အစိုးရက လက်နက်ခဲယမ်းမီးကျောက်များ ပေးပို့ကူညီ

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved