၂ဝ၁၅ ခုနှစ်နောက်ပိုင်း မန်စီးတီးအသင်းကို ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ပြီးနောက် အသင်းကစားသမားတွေရဲ့ရင့်ကျက်မှုကို အာဆင်နယ်နည်းပြ ချီးကျူးပြောဆို
Pika (NSS) - အောက်တိုဘာ ၉
အာဆင်နယ်အသင်းသည် မန်စီးတီးအသင်းကို(၂ဝ၁၅)ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် တွင် အနိုင်ရရှိခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာတီတာက ၎င်း၏ အသင်းကစားသမားများ၏ ရင့်ကျက်မှုနှင့် စွမ်းဆောင်ရည်များကို ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။
မန်စီးတီးအသင်းနှင့်ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်အသင်းတိုက်စစ်မှူး မာတင်နယ်လီသည် ပွဲချိန်(၈၆)မိနစ်တွင် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၁)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
အာတီတာ က "တကယ်ကို ကောင်းမွန်တဲ့ခံစားချက်တစ်ခုပါပဲ။ မန်စီးတီးအသင်းကို အနိုင်မယူနိုင်ခဲ့တာ နှစ်ပေါင်း များစွာကြာပါပြီ။ ဒီနေ့တော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းကို ကျွန်တော်တို့အနိုင်ယူနိုင်ခဲ့တယ်လို့ ထင်ပါ တယ်။ မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် တကယ်ကို ပျော်ရွှင်မိပါတယ်။ အာဆင်နယ်အသင်း ကစားသမားတွေရဲ့ကြိုးပမ်းမှုတွေ၊ အကောင်းဆုံး ချိတ်ဆက်မှုတွေ မြင်တွေ့ခဲ့ရတဲ့အတွက် ကျွန်တော် ဂုဏ်ယူမိပါ တယ်။ ဒီနေ့မှာတော့ အာဆင်နယ်အသင်းကစားသမားတွေဟာ သူတို့ရဲ့ရင့်ကျက်မှုတွေကို ပြသနိုင်ခဲ့ပါတယ်။ တစ်ခါတစ်ခါလေမှာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်ဖို့အတွက် ရင့်ကျက်မှုတွေကိုလည်း လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာရှဖလားဖူဆယ်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ