ဖားကန့်၌ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြားဖြစ်ပွားသော တိုက်ပွဲကြောင့် စာသင်ကြားနေသည့် ကျောင်းသား/သူများ ထွက်ပြေးတိမ်း ရှောင်ခဲ့ရ
NSS - အောက်တိုဘာ ၃
ဖားကန့်မြို့နယ်၌ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြားဖြစ်ပွားသော တိုက်ပွဲကြောင့် စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။
ယနေ့(အောက်တိုဘာလ ၃ ရက်) နေ့လည်ပိုင်းတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဆိုင်းတောင်ကျေးရွာ၌ တပ်မတော် နှင့် KIA ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက NSS ကို ပြောသည်။
“ဒီနေ့ နေ့လည် (၁၂)နာရီလောက်ကနေ ညနေ (၄)နာရီလောက်အထိ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ အခုတော့ ငြိမ်သွားပြီ။ ဆိုင်းတောင်ရွာထဲမှာပဲ လမ်းပေါ်မှာ ဟိုဘက်ဒီဘက်ပစ်နေကြတာ”ဟု ဆိုင်းတောင်ရွာခံတစ်ဦးက ပြောသည်။
ထိုသို့ နှစ်ဖက်အကြားဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဆိုင်းတောင်ကျေးရွာရှိ အခြေခံပညာအထက်ကျောင်း၌ စာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများသည်လည်း ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
“တိုက်ပွဲဖြစ်တာက ရွာထဲမှာပေါ့။ စာသင်ကျောင်းနဲ့လည်း နီးတယ်။ စာသင်ကျောင်းပတ် ချာလည်လောက်မှာ ပစ်ခတ်ကြတာပေါ့။ အဲဒီလို ပစ်နေကြတော့ ကျောင်းသားတွေလည်း ထွက်ပြေးကြရတာပေါ့။ လူထိခိုက်တာတော့ မကြားမိဘူး”ဟု အထက်ပါဒေသခံက ထပ်မံပြောသည်။
ယင်းကဲ့ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် အခြေခံပညာအထက်ကျောင်း၌ စာသင်ကြားနေမှုများကို ရပ်တန့်ကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့အကြား ဆိုင်းတောင်ကျေးရွာ၌ ဖြစ်ပွားသော တိုက်ပွဲအတွင်း လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၃ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ