လှည်းကူးမြို့နယ်၌ ဆိုင်ကယ်တိမ်းမှောက်ရာမှ အမျိုးသား(၂)ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - အောက်တိုဘာ ၂
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အမျိုးသား(၂)ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂ ရက်)၊ နံနက် ၇ နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ ကျွန်းကုန်းကုန်းကျေးရွာအနီးရှိ လမ်းဘေးမြောင်းအတွင်း ဖြစ်ပွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါလမ်းမပေါ်၌ အမျိုသားနှစ်ဦး ဆိုင်ကယ်မောင်းနှင်လာစဉ် လမ်းဘေးရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း အထက်ပါအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အသက်(၃ဝ)ဝန်းကျင်ရှိ အမျိုးသား(၂) နှစ်ဦးမှာ ရေမြောင်းတွင်းကျကာ အခင်းဖြစ်ပွားရာနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုသား(၂)ဦးအား ကရုဏာရှင်နာရေးကူညီမှုအသင်းမှ လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
50-bedded hospitals to be upgraded with laboratory and X-ray facilities
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ