မူးယစ်ဆေးဝါးမှုနဲ့ပတ်သက်တဲ့ ဗီယက်နမ်နိုင်ငံသား (၄)ဦးကို ဗီယက်နမ် တရားရုံး သေဒဏ်အပြစ်ပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၃ဝ
ဗီယက်နမ် တရားရုံးဟာ ကမ္ဘောဒီးယားနိုင်ငံကနေ ဗီယက်နမ်နိုင်ငံထဲကို မူးယစ်ဆေးဝါး (၁၂)ကီလိုဂရမ် သယ်ယူပို့ဆောင်ပေးခဲ့သူ လေးဦးကို စက်တင်ဘာလ ၂၉ ရက်က ကွပ်မျက်လိုက်ကြောင်းသိရပါတယ်။
ဟိုချီမင်း တရားရုံးက အသက် ၂၈ နှစ်အရွယ်ရှိ Vu Trong Nghia ဆိုသူ နဲ့ ချစ်သူဖြစ်တဲ့အသက် ၃၁ နှစ်အရွယ်ရှိ Tran Thi Trang ကို မူးယစ်ဆေးဝါးနဲ့စစ်လက်နက်ပစ္စည်းများတရားမဝင် ပိုင်ဆိုင်မှု နဲ့ စွဲချက်တင်ကာ သေဒဏ်အမိန့်ချမျတ်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ဗီယက်နမ်တရားရုံးဟာ ၎င်းတို့ နှစ်ဦးရဲ့အပေါင်းအပါတွေဖြစ်တဲ့ Pham Van Son နဲ့ Nguyen Van Vui ဆိုသူတို့ကိုလည်း သေဒဏ်အပြစ်ပေးခဲ့သလို အခြားသုံးဦးကိုလည်း အလားတူ စွဲချက်မျိုးနဲ့ စွဲချက်တင်ကာ ထောင်ဒဏ်(၈)နှစ်ကနေ ထောင်ဒဏ် တစ်သက် တစ်ကျွန်းအထိ ပြစ်ဒဏ်ပေးခဲ့ကြောင်းသိရပါတယ်။
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများက သေဒဏ်ပေးကွပ်မျက်ခြင်းများကို ရပ်တန့်ဖို့ တောင်းဆိုနေပေမယ့် အမေရိကန် အပါအဝင် နိုင်ငံအချို့မှာ သေဒဏ်ပေးကွပ်မျက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းသိရပါတယ်။ အာဆီယံဒေသအတွင်းမှာ စင်ကာပူ၊ ဗီယက်နမ်နိုင်ငံတို့ဟာ မူးယစ်ဆေးဝါးမှုများနဲ့ပတ်သက်ပြီး သေဒဏ်အပြစ်ပေးမှုများလုပ် ဆောင်နေကြောင်း သိရပါတယ်။ သေဒဏ်အပြစ်ပေးခံရသူတွေထဲမှာပါဝင်ခဲ့တဲ့ Vu Trong Nghia ဆိုသူဟာ ၂၀၁၈ ခုနှစ်မှာ Hai Phong မြို့ကနေ ဟိုချီမင်းမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် Tran Thi Trang နဲ့ချစ်သူတွေဖြစ်ကာ အတူနေထိုင်ခဲ့ကြောင်း၊ Vu Trong Nghia ရဲ့ချစ်သူဆိုသူဟာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူဖြစ်တဲ့အချက်ကိုသိရှိခဲ့ပြီးနောက် မူးယစ်ဆေးဝါးတွေကို ကမ္ဘောဒီးယားနိုင်ငံကနေ ဗီယက်နမ်နိုင်ငံမှာအများအပြား ရောင်းချနိုင်ဖို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရီးသည်တင်လေကြောင်းခရီးစဥ်များ အပြန်အလှန်ပျံသန်းနိုင်မည့်သဘောတူစာချုပ်ကို မြန်မာနှင့် ဟောင်ကောင်ကြား လက်မှတ်ရေးထိုး
RELATED POSTS
26 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ