Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်တာနက်နှင့်လျှပ်စစ်မီးအပေါ် မမှီခိုသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တီထွင်တည်ဆောက်နေကြောင်း ရွေးကောက်ပွဲကော်မရှင် အသိပေး

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၂၁

အင်တာနက်နှင့်လျှပ်စစ်မီးအပေါ် မမှီခိုသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို တီထွင်တည်ဆောက်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်အသိပေးထားသည်။

ကော်မရှင်က ယနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်)တွင် မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။

ယခုတီထွင်တည်ဆောက်လျက်ရှိသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးပါက ပယ်မဲများဖြစ်ပေါ်ခြင်း၊ ဆန္ဒမဲလက်မှတ်များပျောက်ဆုံးခြင်း စသောကိစ္စရပ်များ ဖြစ်ပေါ်တော့မည်မဟုတ်ကြောင်း ကော်မရှင်က ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲများကျင်းပရာ၌ ဆန္ဒမဲလက်မှတ်များကို သန်းပေါင်းများစွာ ရိုက်နှိပ်ရသည့်အတွက် ကုန်ကျစရိတ်မြင့်မားသည့်အပြင် ဆန္ဒမဲလက်မှတ်များ ဖောင်းပွမှုရှိခြင်း၊ မဲရုံပေါင်း(၄ဝဝဝဝ)ကျော်အတွက် မဲပုံးများနှင့်ဆန္ဒပြုတံဆိပ်တုံးများ၊ မဲရုံသုံးပစ္စည်းများ ဝယ်ယူရခြင်းအတွက် နိုင်ငံတော်၌ ကုန်ကျစရိတ်ကြီးမြင့်ကြောင်း ကော်မရှင်ဘက်က ဆိုထားသည်။

ထို့ကြောင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆောင်ရွက်မည်ဆိုပါက ကနဦးတီထွင်တည်ဆောက်ထုတ်လုပ်သည့် ကုန်ကျစရိတ်သာရှိမည်ဖြစ်ပြီး နောင်ရွေးကောက်ပွဲများတွင်လည်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း UEC ဘက်က ပြောသည်။

ရွေးကောက်ပွဲများ၌ ဆန္ဒမဲပေးခြင်းပြီးဆုံးပါက ဆန္ဒမဲရလဒ်ရေတွက်ခြင်းကို မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များက အချိန်တစ်ခုယူ၍ ရေတွက်ကြရပြီး ၎င်းစက်ဖြင့်ဆောင်ရွက်မည်ဆိုပါက ဆန္ဒမဲပေးခြင်းပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဆန္ဒမဲရလဒ်များကို ထုတ်ယူရရှိနိုင်မည်ဟုလည်း ရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းပြောဆိုထားသည်။

၎င်းစက်အား အသုံးပြုသည့် မဲဆန္ဒရှင်များအနေဖြင့် ခလုပ်တစ်ခုနှိပ်ရုံဖြင့် လွယ်လင့်တကူဆန္ဒပြုနိုင်မည်ဖြစ်ကာ မိမိရွေးချယ်သည့်အတိုင်း မှန်ကန်မှုရှိ၊ မရှိကိုလည်း စိစစ်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ကော်မရှင်မှတီထွင်တည်ဆောက်နေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်သည် အင်တာနက် သို့မဟုတ် ကွန်ရက်တစ်ခုခုဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တည်ဆောက်ထားခြင်း မဟုတ်သည့်အ တွက် ကွန်ပျူတာနည်းပညာအသုံးပြုကာ ပြင်ပမှတိုက်ခိုက်မှုများပြုလုပ်ခြင်းဖြင့် ဆန္ဒမဲရလဒ်များကို မသမာမှု ပြုလုပ်နိုင်မည်မဟုတ်ကြောင်းလည်း ရှင်းလင်းပြောဆိုထားသည်။

ထို့ပြင် ၎င်းစက်သည် လျှပ်စစ်မီးအပေါ် မှီခိုမှုမရှိသည့်အတွက် နေရာဒေသမရွေး အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထည့်သွင်းအသိပေးထားသည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ လေ့လွင့်မှုမဖြစ်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ တိကျမြန်ဆန်ရေး၊ မဲမသမှုများကို တားဆီးကာကွယ်ရေးအတွက် ရွေးကောက်ပွဲများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ထုတ်ဖော်အသိပေးထားသည်။

ပြီးခဲ့သော ရက်ပိုင်းများအတွင်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်မှ စမ်းသပ်တည် ဆောက်နေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို သွားရောက်ကြည့်ရှုထားသည်။

zawgyi version

အင္တာနက္ႏွင့္လွ်ပ္စစ္မီးအေပၚ မမွီခိုသည့္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ကို တီထြင္တည္ေဆာက္ေနေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ အသိေပး

မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၂၁

အင္တာနက္ႏွင့္လွ်ပ္စစ္မီးအေပၚ မမွီခိုသည့္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ကို တီထြင္တည္ေဆာက္ေနေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲကာ္မရွင္က ထုတ္ေဖာ္အသိေပးထားသည္။

ေကာ္မရွင္က ယေန႔ (ေဖေဖာ္ဝါရီလ ၂၁ ရက္)တြင္ မီဒီယာမ်ားကို အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။

ယခုတီထြင္တည္ေဆာက္လ်က္ရွိသည့္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ျဖင့္ ဆႏၵမဲေပးပါက ပယ္မဲမ်ားျဖစ္ေပၚျခင္း၊ ဆႏၵမဲလက္မွတ္မ်ားေပ်ာက္ဆုံးျခင္း စေသာကိစၥရပ္မ်ား ျဖစ္ေပၚေတာ့မည္မဟုတ္ေၾကာင္း ေကာ္မရွင္က ေျပာသည္။

ထို႔ျပင္ ေ႐ြးေကာက္ပြဲမ်ားက်င္းပရာ၌ ဆႏၵမဲလက္မွတ္မ်ားကို သန္းေပါင္းမ်ားစြာ ႐ိုက္ႏွိပ္ရသည့္အတြက္ ကုန္က်စရိတ္ျမင့္မားသည့္အျပင္ ဆႏၵမဲလက္မွတ္မ်ား ေဖာင္းပြမႈရွိျခင္း၊ မဲ႐ုံေပါင္း(၄ဝဝဝဝ)ေက်ာ္အတြက္ မဲပုံးမ်ားႏွင့္ဆႏၵျပဳတံဆိပ္တုံးမ်ား၊ မဲ႐ုံသုံးပစၥည္းမ်ား ဝယ္ယူရျခင္းအတြက္ ႏိုင္ငံေတာ္၌ ကုန္က်စရိတ္ႀကီးျမင့္ေၾကာင္း ေကာ္မရွင္ဘက္က ဆိုထားသည္။

ထို႔ေၾကာင့္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ျဖင့္ ေဆာင္႐ြက္မည္ဆိုပါက ကနဦးတီထြင္တည္ေဆာက္ထုတ္လုပ္သည့္ ကုန္က်စရိတ္သာရွိမည္ျဖစ္ၿပီး ေနာင္ေ႐ြးေကာက္ပြဲမ်ားတြင္လည္း ဆက္လက္အသုံးျပဳႏိုင္မည္ျဖစ္ေၾကာင္း UEC ဘက္က ေျပာသည္။

ေ႐ြးေကာက္ပြဲမ်ား၌ ဆႏၵမဲေပးျခင္းၿပီးဆုံးပါက ဆႏၵမဲရလဒ္ေရတြက္ျခင္းကို မဲ႐ုံမႉးႏွင့္မဲ႐ုံအဖြဲ႕ဝင္မ်ားက အခ်ိန္တစ္ခုယူ၍ ေရတြက္ၾကရၿပီး ၎စက္ျဖင့္ေဆာင္႐ြက္မည္ဆိုပါက ဆႏၵမဲေပးျခင္းၿပီးဆုံးသည္ႏွင့္တစ္ၿပိဳင္နက္ ဆႏၵမဲရလဒ္မ်ားကို ထုတ္ယူရရွိႏိုင္မည္ဟုလည္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ရွင္းလင္းေျပာဆိုထားသည္။

၎စက္အား အသုံးျပဳသည့္ မဲဆႏၵရွင္မ်ားအေနျဖင့္ ခလုပ္တစ္ခုႏွိပ္႐ုံျဖင့္ လြယ္လင့္တကူဆႏၵျပဳႏိုင္မည္ျဖစ္ကာ မိမိေ႐ြးခ်ယ္သည့္အတိုင္း မွန္ကန္မႈရွိ၊ မရွိကိုလည္း စိစစ္ၾကည့္ရႈႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ေကာ္မရွင္မွတီထြင္တည္ေဆာက္ေနသည့္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္သည္ အင္တာနက္ သို႔မဟုတ္ ကြန္ရက္တစ္ခုခုျဖင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ရန္ တည္ေဆာက္ထားျခင္း မဟုတ္သည့္အ တြက္ ကြန္ပ်ဴတာနည္းပညာအသုံးျပဳကာ ျပင္ပမွတိုက္ခိုက္မႈမ်ားျပဳလုပ္ျခင္းျဖင့္ ဆႏၵမဲရလဒ္မ်ားကို မသမာမႈ ျပဳလုပ္ႏိုင္မည္မဟုတ္ေၾကာင္းလည္း ရွင္းလင္းေျပာဆိုထားသည္။

ထို႔ျပင္ ၎စက္သည္ လွ်ပ္စစ္မီးအေပၚ မွီခိုမႈမရွိသည့္အတြက္ ေနရာေဒသမေ႐ြး အသုံးျပဳႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ႏိုင္ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က ထည့္သြင္းအသိေပးထားသည္။

ထို႔ေၾကာင့္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ မဲဆႏၵရွင္မ်ား၏ ဆႏၵမဲမ်ား ေလ့လြင့္မႈမျဖစ္ေရး၊ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား တိက်ျမန္ဆန္ေရး၊ မဲမသမႈမ်ားကို တားဆီးကာကြယ္ေရးအတြက္ ေ႐ြးေကာက္ပြဲမ်ား၌ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ျဖင့္ မဲေပးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္း ထုတ္ေဖာ္အသိေပးထားသည္။

ၿပီးခဲ့ေသာ ရက္ပိုင္းမ်ားအတြင္းကလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ေကာ္မရွင္မွ စမ္းသပ္တည္ ေဆာက္ေနသည့္ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ကို သြားေရာက္ၾကည့္ရႈထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်လုပ်မိုင်းသယ်ဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာရရှိမှု ရေးမြို့တွင်ဖြစ်ပွား

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved