Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နစကအဖွဲ့၌ တပ်မတော်အရာရှိကြီးများနှင့် အခြားပုဂ္ဂိုလ်များကို ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သော်လည်း အချို့မှာ ရာထူးနှင့်လုပ်ပိုင်ခွင့်ကိုအသုံးပြုကာ စီးပွားရှာနေ၍ ထိရောက်စွာအရေးယူမည်ဟု အသိပေး

မျိုးကြီး (NSS) - စက်တင်ဘာ ၂၉

နစကအဖွဲ့၌ တပ်မတော်အရာရှိကြီးများနှင့် အခြားပုဂ္ဂိုလ်များကို ယုံကြည်စွာတာဝန်ပေးအပ်ခဲ့သော်လည်း အဖွဲ့ဝင်အချို့မှာ ရာထူးနှင့်လုပ်ပိုင်ခွင့်ကိုအသုံးပြုကာ စီးပွားရှာနေ၍ ထိရောက်စွာအရေးယူမည်ဟု နစကဥက္ကဋ္ဌက ထုတ်ဖော်အသိပေးလိုက်သည်။

နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(စက်တင်ဘာ ၂၈ ရက်)တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌ ရုံး၌ ပြုလုပ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များကို တာဝန်ပေးအပ်ရာတွင် ယခင်က နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့ မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှုနှင့် ဖြတ်သန်းခဲ့မှုများကိုကြည့်ရှုကာ တပ်မတော်ပိုင်းဆိုင်ရာအရာရှိကြီးများ၊ နယ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များကို ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ထိုသို့ ယုံကြည်စွာတာဝန်ပေးအပ်ရာတွင် ရာထူးနှင့်လုပ်ပိုင်ခွင့်ကို အသုံးပြု၍ ကိုယ်ကျိုးစီးပွားပြုလုပ်မှုကြောင့် အဖွဲ့ဝင်အချို့ကို အနားပေးခြင်း၊ ထိရောက်သည့်အရေးယူခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်အသိပေးလိုက်သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီဝင်များအား သက်ဆိုင်ရာဒေသအလိုက် ခွဲဝေကာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အတွက် တာဝန်များပေးအပ်ထားကြောင်း သိရသည်။

“ဒီလိုသွားခြင်းအားဖြင့် တစ်အချက် ကျွန်တော်လည်းဒေသရဲ့အခြေအနေမှန်ကို သိချင်တယ်။ ပြည်သူလူထုရဲ့ သဘောထားအမှန်ကို သိချင်တယ်။ စိတ်နေစိတ်ထားလိုအပ်ချက်ကို သိချင်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လည်း တာဝန်ခွဲ ဝေပေးပြီးတော့မှသွားကြပါလို့ ပြောခဲ့ခြင်းဖြစ်ပါတယ်။ သွားတဲ့အတွက်ကြောင့်လည်း အခြေအနေ ကို အရင်ထက်စာရင် ပိုပြီးတော့သိလာရတာပေါ့” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ဗိုလ်ချုပ်မှူးကြီးသည် နစကအဖွဲ့ဝင်များဖြစ်သည် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့၏ နေရာတွင် ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ဖြင့် အစားထိုးကာ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား နစကဥက္ကဋ္ဌက မူလစစ်ဘက်တာဝန်များကို ပြန်လည် ထမ်းဆောင်စေရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတစ်ဦးဟု လူသိများသော နစကအဖွဲ့ဝင်၊ MIC ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ပြီးခဲ့သောကာလများအတွင်း၌ ခေါ်ယူစစ်ဆေး ခြင်းခံနေရသည်ဟု သတင်းများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ဖူးသည်။

ယင်းကဲ့သို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် ၎င်းတာဝန်ယူခဲ့သော ဥက္ကဋ္ဌတာဝန်များ အပါအဝင် နစကအဖွဲ့ဝင်အဖြစ်မှ အစားထိုးခံခဲ့ရသည်။

အလားတူ ပြီးခဲ့သောရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးခံနေရသည်ဟု သတင်းထွက်ပေါ်ခဲ့ဖူးသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးဦးညွန့်အောင်သည်လည်း အနားပေးခြင်းခံခဲ့ရသည်။

လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဟောင်းဦးလှစိုး၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးနှင့် တိုင်းအတွင်းရေးမှူးဦးစိုးစိုးဇော်တို့အား အဂတိလိုက်စားမှုဖြင့် အရေးယူခဲ့သော ဖြစ်စဉ်ရှိခဲ့ဖူးသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြင်းမူမြို့ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့အား အကြမ်းဖက်အဖွဲ့က Drop ဗုံးများဖြင့် ပစ်ချတိုက်ခိုက်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved