Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံအနေနဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ရန် ပြင်ဆင်ထားသင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်၏ညီမဖြစ်သူ သတိပေး

Pika (NP News) - ဖေဖော်ဝါရီ ၂၁

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက်အရေအတွက်ကို တိုးမြှင့်လာခြင်းကြောင့် အမေရိကန်နိုင်ငံသည် ကိုယ့်ကိုကိုယ်ခုခံကာကွယ်ရန် ပြင်ဆင်ထားသင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ညီမဖြစ်သူ ကင်ယိုဂျုံကပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ဖေဖော်ဝါရီလ(၂ဝ)ရက်၊ နံနက်တွင် ပဲ့ထိန်းဒုံးကျည်များထပ်မံပစ်ခတ်ခဲ့ခြင်းကြောင့် အာရှ-ပစိဖိတ်ဒေသတွင် တင်းမာမှုများမြင့်တက်လာချိန်တွင် ကင်ယိုဂျုံက ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်(၃)စင်းကျော်ကို ဂျပန်နိုင်ငံရေပိုင်နက်ထဲသို့ ပစ်လွှတ်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့များက အတည်ပြုပြောကြားခဲ့သည်။မြောက်ကိုရီးယားသည် Hwasong-15 အမည်ရှိ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ပစ်ခတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ မြောက်ကိုရီးယား၏ပစ်ခတ်မှုများကို လက်တုံ့ပြန်မှုအဖြစ် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် တာဝေးပစ်ဗုံးကြဲလေယာဉ်များ၊ စစ်လေယာဉ်များနှင့်အတူ လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုလုပ်ဆောင်ခဲ့ကြောင်းသိရသည်။

မြောက်ကိုရီယားသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောခြိမ်းခြောက်မှုအားလုံးကို လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ကင်ဂျုံအန်း၏ညီမဖြစ်သူ ကင်ယိုဂျုံက အမေရိကန်နိုင်ငံကို သတိပေးပြောဆိုခဲ့သည်။ ကင်ယိုဂျုံက"ပစိဖိတ်ဒေသကို ကျွန်မတို့ရဲ့ ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုအကြိမ်အရေအတွက်ဟာ အမေရိကန်နိုင်ငံရဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်ပါတယ်။ တင်းမာမှုတွေမြင့်တက်လာစေတဲ့ သူတို့ရဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေကို လက်တုံ့ပြန်မယ့် ကျွန်မတို့ရဲ့ ဆန္ဒကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး"ဟုပြောဆိုခဲ့သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုသည် မအောင်မြင်ကြောင်းပြောဆိုခဲ့သော နျူကလီးယားကျွမ်းကျင်သူများသည် စဉ်းစားဉာဏ်ကင်းမဲ့သောသူများဖြစ်ကြောင်း ၊ ယင်းလက်နက်များသည် အမေရိကန်နိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း ကင်ယိုဂျုံက ပြောဆိုခဲ့သည်။

ကင်ယိုဂျုံက"စဉ်းစားဉာဏ်ကင်းမဲ့ပြီး ကျွမ်းကျင်သူတွေလိုဟန်ဆောင်တဲ့ လူတွေရဲ့ ပြောဆိုချက်တွေက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရင်ဆိုင်နေရတဲ့ အခက်အခဲကိုပြောင်းလဲစေမှာမဟုတ်ပါဘူး။ ကျွန်မတို့မှာ ကျေနပ်စရာကောင်းလောက်တဲ့ နည်းပညာနဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားသလို လက်နက်အင်အားပမာဏကိုတိုးမြှင့်ဖို့ အာရုံစိုက်သွားမှာပါ။ ကျွန်မတို့ရဲ့ နည်းပညာကို သံသယဝင်တာ သို့မဟုတ် စိုးရိမ်ပူပန်နေမယ့်အစား ကိုယ့်ကိုကိုယ်ခုခံကာကွယ်မှုတွေလုပ်ဖို့ သူတို့ရဲ့ ဦးနှောက်ကို အသုံးချတာပိုကောင်းပါတယ်" ဟုပြောဆိုခဲ့သည်။


zawgyi version

အေမရိကန္ႏိုင္ငံအေနနဲ႔ ကိုယ့္ကိုကိုယ္ခုခံကာကြယ္ရန္ ျပင္ဆင္ထားသင့္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္၏ညီမျဖစ္သူ သတိေပး

Pika (NP News) - ေဖေဖာ္ဝါရီ ၂၁

ေျမာက္ကိုရီးယားႏိုင္ငံ၏ န်ဴကလီးယားလက္နက္အေရအတြက္ကို တိုးျမႇင့္လာျခင္းေၾကာင့္ အေမရိကန္ႏိုင္ငံသည္ ကိုယ့္ကိုကိုယ္ခုခံကာကြယ္ရန္ ျပင္ဆင္ထားသင့္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း၏ညီမျဖစ္သူ ကင္ယိုဂ်ဳံကေျပာၾကားခဲ့သည္။

ေျမာက္ကိုရီးယားသည္ ေဖေဖာ္ဝါရီလ(၂ဝ)ရက္၊ နံနက္တြင္ ပဲ့ထိန္းဒုံးက်ည္မ်ားထပ္မံပစ္ခတ္ခဲ့ျခင္းေၾကာင့္ အာရွ-ပစိဖိတ္ေဒသတြင္ တင္းမာမႈမ်ားျမင့္တက္လာခ်ိန္တြင္ ကင္ယိုဂ်ဳံက ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ ေျမာက္ကိုရီးယားသည္ ပဲ့ထိန္းဒုံးက်ည္(၃)စင္းေက်ာ္ကို ဂ်ပန္ႏိုင္ငံေရပိုင္နက္ထဲသို႔ ပစ္လႊတ္ခဲ့ေၾကာင္း ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕မ်ားက အတည္ျပဳေျပာၾကားခဲ့သည္။ေျမာက္ကိုရီးယားသည္ Hwasong-15 အမည္ရွိ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ကို ပစ္ခတ္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ ယခုကဲ့သို႔ ထပ္မံပစ္ခတ္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ေျမာက္ကိုရီးယား၏ပစ္ခတ္မႈမ်ားကို လက္တုံ႔ျပန္မႈအျဖစ္ အေမရိကန္၊ ေတာင္ကိုရီးယားႏွင့္ ဂ်ပန္ႏိုင္ငံတို႔သည္ တာေဝးပစ္ဗုံးႀကဲေလယာဥ္မ်ား၊ စစ္ေလယာဥ္မ်ားႏွင့္အတူ ေလေၾကာင္းပူးတြဲစစ္ေရးေလ့က်င့္မႈမ်ားကိုလုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

ေျမာက္ကိုရီယားသည္ တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိုက္ေသာၿခိမ္းေျခာက္မႈအားလုံးကို လက္တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း ကင္ဂ်ဳံအန္း၏ညီမျဖစ္သူ ကင္ယိုဂ်ဳံက အေမရိကန္ႏိုင္ငံကို သတိေပးေျပာဆိုခဲ့သည္။ ကင္ယိုဂ်ဳံက"ပစိဖိတ္ေဒသကို ကြၽန္မတို႔ရဲ႕ ပဲ့ထိန္းဒုံးက်ည္ပစ္ခတ္မႈအႀကိမ္အေရအတြက္ဟာ အေမရိကန္ႏိုင္ငံရဲ႕ လုပ္ရပ္ေတြအေပၚမွာ မူတည္ပါတယ္။ တင္းမာမႈေတြျမင့္တက္လာေစတဲ့ သူတို႔ရဲ႕ ႐ူးေၾကာင္ေၾကာင္လုပ္ရပ္ေတြကို လက္တုံ႔ျပန္မယ့္ ကြၽန္မတို႔ရဲ႕ ဆႏၵကေတာ့ ေျပာင္းလဲသြားမွာမဟုတ္ပါဘူး"ဟုေျပာဆိုခဲ့သည္။

ေျမာက္ကိုရီးယား၏ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္စမ္းသပ္ပစ္ခတ္မႈသည္ မေအာင္ျမင္ေၾကာင္းေျပာဆိုခဲ့ေသာ န်ဴကလီးယားကြၽမ္းက်င္သူမ်ားသည္ စဥ္းစားဉာဏ္ကင္းမဲ့ေသာသူမ်ားျဖစ္ေၾကာင္း ၊ ယင္းလက္နက္မ်ားသည္ အေမရိကန္ႏိုင္ငံအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေၾကာင္း ကင္ယိုဂ်ဳံက ေျပာဆိုခဲ့သည္။

ကင္ယိုဂ်ဳံက"စဥ္းစားဉာဏ္ကင္းမဲ့ၿပီး ကြၽမ္းက်င္သူေတြလိုဟန္ေဆာင္တဲ့ လူေတြရဲ႕ ေျပာဆိုခ်က္ေတြက အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရင္ဆိုင္ေနရတဲ့ အခက္အခဲကိုေျပာင္းလဲေစမွာမဟုတ္ပါဘူး။ ကြၽန္မတို႔မွာ ေက်နပ္စရာေကာင္းေလာက္တဲ့ နည္းပညာနဲ႔ စြမ္းရည္ေတြ ပိုင္ဆိုင္ထားသလို လက္နက္အင္အားပမာဏကိုတိုးျမႇင့္ဖို႔ အာ႐ုံစိုက္သြားမွာပါ။ ကြၽန္မတို႔ရဲ႕ နည္းပညာကို သံသယဝင္တာ သို႔မဟုတ္ စိုးရိမ္ပူပန္ေနမယ့္အစား ကိုယ့္ကိုကိုယ္ခုခံကာကြယ္မႈေတြလုပ္ဖို႔ သူတို႔ရဲ႕ ဦးေႏွာက္ကို အသုံးခ်တာပိုေကာင္းပါတယ္" ဟုေျပာဆိုခဲ့သည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စာရေးဆရာမင်းသုဝဏ်နှင့် နိုင်ငံတော်ကောင်စီဝင်ဦးလွင်တို့အား ချီးမြှင့်သည့် ဘွဲ့တံဆိပ်ကို သမ္မတဟောင်းဦးထင်ကျော်ထံ လက်ရောက်အပ်နှင်းခဲ့ဟု နစကထုတ်ပြန်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved